ဒီမိုကရေစီရဲ့ အန္တရာယ် "Drop Box"
🇺🇸 U.S.A. 2020 ရွေးကောက်ပွဲဟာ မှန်ကန်မှုမရှိဘူးဆိုတာ ကျယ်ကျယ်ပြန့်ပြန့်လေ့လာမယ်ဆိုရင် ထင်ရှားပါတယ်။ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာလည်း ပြဿနာတွေရှိဦးမှာပါပဲ။
Biden အစိုးရ လုပ်နေပုံကိုကြည့်လေ။
မဲပေးရာမှာ လိုအပ်ချက်တစ်ခုဖြစ်တဲ့ "proof of Citizenship" နိုင်ငံသားဖြစ်ကြောင်း အထောက်အထားအဖြစ် ID ပြနိုင်ရမယ်ဆိုတဲ့ ဥပဒေကို အတည်ပြုလိုက်တဲ့ အာရီဇိုးနား ပြည်နယ်ကို သမ္မတ Biden အစိုးရက တရားစွဲတယ်တဲ့။ တခြားပြည်နယ်တွေကိုလဲ လုပ်မှာပဲ။ ဘာကြောင့် တရားလိုက်စွဲနေရတာလဲ ?
ရှင်းပါတယ်။ illegal immigrants ခေါ်တဲ့ နယ်စပ်ခိုးဝင်တွေရဲ့ တရားမဝင် မဲပြားတွေဟာ ဒီမိုကရက်အတွက် အနိုင်ရစေမယ့် အင်အားအကောင်းဆုံးဖြစ်နေလို့ပါပဲ။ အဲဒီလို တရားမဝင် မဲပေးသူတွေမရှိရင် ဒီမိုကရက်တွေအတွက် ဘယ်ရွေးကောက်ပွဲမှနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်လည်း open border စံနစ်ကို Biden ကကျင့်သုံးနေတာဖြစ်ပါတယ်။ ဝင်လာသမျှ လူတွေကို အဖမ်းအဆီးပြ၊ ပြီးတော့ တခြားပြည်နယ်တွေကို Bus ကားကြီးတွေနဲ့ လိုက်ဖြန့်ပေး။ ပြန်လည်စုံစမ်းစစ်ဆေးခြင်းမရှိ။
နောက်ထပ် ခိုးဝင်တွေကိုဖိတ်ခေါ်တဲ့အနေနဲ့ နယ်စပ် လူဝင်မှု ဥပဒေတွေကို လျှော့ပေါ့ပေး။ ဒီမိုကရက်ကြီးစိုးတဲ့ ကာလီဖိုးနီးယားပြည်နယ်မှာဆိုရင် ခိုးဝင်လာသူတွေကို (health insursnce) ကျန်းမာရေးအာမခံ ဖရီးပေးမယ်လို့ကြေညာထားတယ်။ အဲဒီအတွက်ကုန်ကျငွေက ဒီမိုကရက်ပါတီကငွေမဟုတ်။ အဲဒီပြည်နယ်မှာ နေထိုင်တဲ့ tax payer တွေရဲ့ငွေဖြစ်တယ်။
CBP (US Custom and Border Protection) အေဂျင်စီရဲ့ ထုတ်ပြန်ချက်အရ 2022 အတွင်းမှာ April လအထိ ခိုးဝင်သူ 1,478,977 (တစ်သန်းငါးသိန်းနီးပါး) ရှိတယ်လို့သိရပါတယ်။
Biden အစိုးရရဲ့ အကြောင်းပြချက်ကတော့ ထုံးစံအတိုင်း လူကြားကောင်းပြီး နေရာတကာ အသုံးပြုနေတဲ့ "လူ့အခွင့်အရေး"ဆိုတာပါပဲ။ မဲပေးချင်တဲ့သူတွေ အခက်အခဲ အတားအဆီးမရှိအောင် လုပ်ပေးရမယ်။ ID မပြနိုင်ခြင်းအတွက် မဲပေးဖို့ အတားအဆီး အခက်အခဲမဖြစ်သင့်ဘူး ဆိုတဲ့ အကြောင်းပြချက်ပါပဲ။
ဒါကြောင့် အနာဂါတ် 🇺🇸 US ရွေးကောက်ပွဲတွေဟာလည်း ပူညံ ဆူညံနဲ့ ပွက်လောရိုက်နေဦးမှာပါပဲ။
🇺🇸 USA 2020 ရွေးကောက်ပွဲတုန်းက Covid 19 ကိုအကြောင်းပြုပြီး မဲထည့်ရန် register လုပ်ထားသူများထံသို့ မဲလက်မှတ်များကို အိမ်အရောက်စာတိုက်ကနေ ပို့ပေးပါတယ်။ မဲရုံသွားစရာမလိုပဲ အဆင်ပြေစွာ မဲထည့်နိုင်ဖို့ Drop Box ဆိုတဲ့ စာတိုက်ပုံးကဲ့သိုသော မဲပုံးတွေကို ပထမဆုံးအနေနဲ့ နိုင်ငံအနှံ့ အသုံးပြုခွင့်ပေးခဲ့ပါတယ်။ ရွေးကောက်ပွဲနေ့တွင် မဲရုံမှာ သွားရောက်မဲပေးနိုင်ခွင့်ရှိသလို စာတိုက်မှတဆင့် သို့မဟုတ် မိမိအဆင်ပြေနီးစပ်ရာ Drop Box တွေထဲကိုလည်း ထည့်နိုင်ပါတယ်။
Drop Box တွေရဲ့ပြဿနာက စောင့်ကြည့်သူမရှိ၊ ရွေးကောက်ပွဲစာရေးတွေမရှိ၊ မှတ်ပုံတင်၊ ထိုးမြဲလက်မှတ် စသဖြင့် မည်သည့်စစ်ဆေးမှုမှမရှိခြင်းဖြစ်ပါတယ်။ လူတစ်ဦးက မဲလက်မှတ် အစောင်ပေါင်းများစွာကို အကြိမ်ပေါင်းများစွာလာရောက်ထည့်နိုင်ပါတယ်။ ထိုမဲလက်မှတ်များကို ရွေးကောက်ပွဲနေ့ သတ်မှတ်အချိန် (တချို့မြို့နယ်များတွင် ၃-၄ ရက်အထိ) ကျော်လွန်သော်လည်း တရားဝင်မဲအဖြစ် ထည့်သွင်းရေတွက်ကြပါတယ်။
များသောအားဖြင့် ဒီမိုကရက်အားပေးသူ လူမည်းအများစုဟာ မဲထည့်ရမှာ စိတ်မဝင်စားကြပါဘူး။ အထူးသဖြင့် လူဖြူအချင်းချင် ပြိုင်တဲ့ရွေးကောက်ပွဲဆိုရင် ဘယ်ဖက်ကိုမှ မဲမပေးချင်ကြပါဘူး။ အိုဘားမား ဝင်ပြိုင်တဲ့နှစ်မှာသာ လူမည်းတွေ စံချိန်တင် ထွက်မဲပေးကြလို့ အိုဘားမား မဲအပြတ်အသတ်နဲ့ အနိုင်ရသွားခဲ့ခြင်းဖြစ်ပါတယ်။
2020 မှာ Trump နဲ့ Biden လူဖြူအချင်းချင်းပြိုင်ပွဲဖြစ်လေတော့ လူမည်းတွေ အများစုက ထွက်မဲမပေးမှာကိုသိတဲ့ ဒီမိုကရက်တွေဟာ စာတိုက်မဲတွေနဲ့ Drop Box မဲပေးစံနစ်ကို အခွင့်အရေးတစ်ရပ်အဖြစ်အသုံးချခဲ့ကြပါတယ်။ ဒီမိုကရက်မဲဆန္ဒရှင်တွေအများစုရှိရာ လူမည်းရပ်ကွက်တွေမှာ မဲပေးသူများလာစေလိုတဲ့ ရည်ရွယ်ချက်နဲ့ Drop Box တွေ အများအပြားကို နေရာအနှံ့ ချထားပေးခြင်းဖြစ်ပါတယ်။
ဥပမာပြောပြမယ်။
2020 မှာ ကျနော်ဟာ Trump ရော Biden ရောကို မဲမပေးချင်ဘူးဆိုပါတော့။ ရွေးကောက်ပွဲနေ့မှာ အိမ်မှာပဲအိပ်နေမယ်လို့စိတ် ကူးထားတယ်။ မဲလက်မှတ်ကတော့ စာတိုက်ကပို့ပေးလို့ အိမ်မှာရောက်နေပီ။ စိတ်မဝင်စားပါဘူး။ တစ်ရက်မှာ တစ်စုံတစ်ယောက် သို့မဟုတ် အဖွဲ့တစ်ခုက (ဒီမိုကရက်ဖက်ကလူတွေ) ကျနော့အိမ်ကိုရောက်လာတယ်။
"ကိုသိန်းလွင် မဲထည့်ချင်ရင် ခင်ဗျားလမ်းထိပ် က Drop Box မှာထည့်လို့ရတယ်နော်။ မဲလက်မှတ် မဖြည့်ရသေးဘူးလား။ ပေး ပေး။ ကျနော်ဖြည့်ပေးမယ်။ ခင်ဗျားမအားရင် ကျနော် သွားထည့်ပေးမယ်လေ။ ခင်ဗျားမဲလက်မှတ်သာ ကျနော်တို့ကိုပေးလိုက်" .....လို့ လာပြောတာနဲ့ အလုပ်ရှုပ်ခံပြီး အမှိုက်ပုံးထဲပစ်ရမယ့်ကျနော့် မဲဟာ Biden အတွက်ဖြစ်သွားတော့တာပေါ့။ တကယ်လည်း ဒီဖြစ်ရပ်တွေ နေရာများစွာမှာဖြစ်ပျက်ခဲ့တယ်ဆိုတာ ဗီဒီယိုသက်သေအထောက်အထားတွေရှိခဲ့ပါတယ်။ ဒီလိုလုပ်ရပ်မျိုးကို Ballot Harvesting လို့ခေါ်ပါတယ်။ တချို့ပြည်နယ်တွေမှာ "fraud" မရိုးမသား ပြုလုပ်မှုအဖြစ် ဥပဒေအရငြိစွန်းမှုရှိပါတယ်။
(Wisconsin)ဝစ်(စ)ကွန်ဆင်ပြည်နယ်ဆိုတာ ရွေးကောက်ပွဲကိုအဆုံးအဖြတ်ပေးမယ့် အကြိတ်အနယ်ပြိုင်ရတဲ့ ပြည်နယ် ငါးခုထဲက တစ်ခုဖြစ်ပါတယ်။ Battle ground State လို့ခေါ်ပါတယ်။
Wisconsin ပြည်နယ်မှာ 2016 တုန်းက စုစုပေါင်းမဲအရေအတွက် 2.8 သန်းမှာ Trump က မဲ 25,000 အသာနဲ့ ဟီလရီကလင်တန်ကိုအနိုင်ရခဲ့တယ်။ 2020 မှာ စုစုပေါင်း မဲပေးသူ 3.2 သန်းအနက် Biden က မဲ 21,000 နဲ့ Trump ကိုနိုင်ခဲ့တယ်။ Drop Box တွေကြောင့် မဲပေးသူဟာ 2020 မှာများလာတာကိုတွေ့နိုင်ပါတယ်။
2020 မှာ Wisconsin ရီပတ်ဘလီကန်တွေဟာ မရှုံးသင့်ပဲရှုံးခဲ့ရတာကြောင့် လာမယ့်ရွေးကောက်ပွဲတွေမှာ Drop Box တွေကိုအသုံးမပြုဖို့ တရားရုံးကိုတင်ခဲ့ပါတယ်။ July 8 ရက်နေ့က ပြည်နယ် တရားရုံးကြီးက၊ 4 - 3 ဆုံးဖြတ်ချက်နဲ့ Drop Box တွေကို အကန့်အသတ်နဲ့သာ သုံးခွင့်ရှိရမယ် လို့ အမိန့်ချလိုက်ပါတယ်။ Drop Box ကို မဲရုံအတွင်းမှာပဲ ထားခွင့်ပြုမယ်။ မဲပေးမယ့်သူကိုယ်တိုင် လာထည့်ရမယ် စသဖြင့် ကန့်သတ်ချက်အမိန့်ဟာ ဒီမိုကရက်တွေကို ထိရောက်တဲ့ ထိုးနှက်မှုလို့ ပြောလို့ရပါတယ်။
တကယ်တော့ Drop Box တွေကို Covid-19 ကြောင့် 2020 မှာ ပထမဆုံးအကြိမ်အဖြစ် အသုံးပြုခွင့် ပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် အရသာသိသွားတဲ့ ဒီမိုကရက်တွေကတော့ ဆက်သုံးဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။
နောက်ထပ် ဒီမိုကရက်တွေအသုံးပြုတဲ့ တရားမဝင် မဲ ရနည်းတွေ ရှိနေပါသေးတယ်။ တဖြည်းဖြည်းချင်း တိုက်ဖျက်သွားနိုင်မယ်လို့ ယူဆပါတယ်။ အဖက်ဖက်က မှန်မှန်ကန်ကန်လုပ်ရင်တော့ နောက်ရွေးကောက်ပွဲတွေမှာ ဒီမိုကရက်တွေ နိုင်စရာအကြောင်းမရှိတော့ပါဘူး။
2020 မှာ Biden အနိုင်ရခဲ့ခြင်းသည် Covid-19 ကြောင့်လား၊ drop box တွေကြောင့်လား၊ တခြားအကြောင်းတွေကြောင့်လား။ ခင်ဗျားတို့အမြဲပြောနေကျစကား "နိုင်ငံရေးမှာ တိုက်ဆိုင်မှုဆိုတာမရှိဘူး" လေ။
Thanks for reading ~~
Thein Lwin
2022 July 22