ရုရှား-ယူကရိန်း စစ်ပွဲအခြေအနေ
ရုရှား - ယူကရိန်းစစ်ပွဲလို့ပြောရင် ခရိုင်းမီးယားကျွန်းဆွယ်ကို သိမ်းတာက ပထမပိုင်းဖြစ်ပြီး ယူကရိန်းကို ကျူးကျော်တာက ဒုတိယပိုင်းလို့ ပြောမှ ပိုတိကျမယ် ထင်ပါတယ်။ ခရိုင်းမီးယားကျွန်းဆွယ်သိမ်းတာက အိုဘာမားလက်ထက်မှာ ဖြစ်ခဲ့ပြီး ယူကရိန်းကို ကျူးကျော်တာကတော့ ဂျိုးဘိုက်ဒန်လက်ထက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။
ရုရှားဟာ ယူကရိန်းကို ကျူးကျော်တော့မှာဆိုပြီး လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့မှ ရတဲ့သတင်းက MSM ပေါ်ရောက်လာပြီး မကျူးကျော်သင့်ဘူး၊မဖြစ်သင့်ဘူး၊အသေးစားကျူးကျော်တာကို လက်ခံပေးလို့ရတယ်၊အသေးစားကျူးကျော်တယ်ဆိုတာ မရှိဘူး၊အဲ့စကားရှုံ့ချတယ်၊ဥရောပသမဂ္ဂအဖွဲ့ဝင်မယ်၊ပြန်ချမယ် ဘာညာတွေ တစ်လလောက် ဟိုဖက်သည်ဖက် အချင်းများပြီး သကာလ .....
၂၀၂၂ ခုနှစ် ဖော်ဖော်ဝါရီ ( ၂၄ ) ရက်နေ့မှာ ရုရှားဟာ ယူကရိန်းကို စစ်စပြီး ထိုးခဲ့ပါတယ်။ MSM တွေကတော့ ဒါဟာ ကျူးကျော်မှုလို့ သတင်းရေးကြပါတယ်။ ရုရှားတွေဖက်ကတော့ အဲ့ဒါဟာ စစ်ဆင်ရေးလို့ သူတို့ကိုယ်သူတို့ သမုတ်ပါတယ်။
ကျူးကျော်မခံရခင်က ယူကရိန်းဟာလည်း ကုလသမဂ္ဂက တားဆီနေသည့်တိုင် မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချခဲ့တဲ့နိုင်ငံဖြစ်သလို ၊ ရုရှားဟာလည်း စစ်ကောင်စီကို ယနေ့ချိန်ထိ လက်နက်ချောင်းချနေဆဲနိုင်ငံဖြစ်ပါတယ် ။
ရုရှားဟာ သူ့လုပ်ရပ်သူ စစ်ဆင်ရေးလို့ ကင်ပွန်းတပ်ထားခဲ့တယ်။ ဆိုတော့ ...
ရုရှား ဘာတွေ စစ်ဆင်ရေးလုပ်နေသလဲ ??
ရုရှားဖက်က ထုတ်ပြန်ချက်တွေမှာ နာဇီဂျူးတွေ ဘာညာနဲ့ ပြောတဲ့လေသံတွေကြားခဲ့ရတယ်။ ဂျူးတွေကို စော်ကားတာမျိုးလက်မခံဘူးလို့ အစ္စရေးဝန်ကြီးချုပ်က တုန့်ပြန်ပြီးနောက် အစ္စရေးနဲ့မကျေမလည်ဖြစ်လို့ ရုရှားသမ္မတပူတင်ကိုယ်တိုင် ပြန်လည်တောင်းပန် ခဲ့ရတာပါ။နာဇီဂျူးတွေကို ယူကရိန်းနယ်မြေကနေ ပြေးသွားစေချင်တဲ့ စစ်ဆင်ရေးလားလို့ ယူဆစရာပါ။
(Q အကြောင်း ရေးသူတွေရဲ့ရေးသားချက်တွေထဲက တစ်ခုကတော့ ဒီနေရာမှာ လာကိုက်ညီနေတာ တွေ့ရပါတယ်။ )
လောလောဆယ် ရုရှားဖက်ကပြောတဲ့စစ်ဆင်ရေးဆိုရာမှာ တွေ့ရတာ နာဇီဂျူးတွေ ပြေးအောင်လုပ်တာပဲ တွေ့ရပါသေးတယ်။ နောက်များမှာတော့ တခြားသော ကိစ္စရပ် သက်သေသက်ကာယ ထူးထူးဆန်းဆန်းတွေပဲ ချပြလေမလား မပြောတတ်ပါဘူး။
အဲ့သည်လို နိုင်ငံတစ်ခုအပေါ် စစ်ဆင်ရေးမျိုးကို အမေရိကန်လည်း လုပ်ခဲ့ဖူးတယ်။ အကြောင်းအရာချင်းတော့ကွဲပြားပါတယ် ။ ဆီးရီယား ၊ အီရတ် ၊ ဗီယက်နမ်လိုနေရာတွေမှာ အမေရိကန်ဟာလည်း နိုင်ငံနဲ့ချီတဲ့ စစ်ဆင်ရေးမျိုး လုပ်ခဲ့ဖူးတာ တွေ့ရတယ်။
( ခုနောက်ပိုင်းတော့ ၎င်းနည်းဟာ ပြစ်တင်ဝေဖန်သံများလာလို့ ၎င်းနည်းကို မသုံးတော့ဘဲ ခေါင်းဆောင်ကိုပဲ ဦးတည်လုပ်ကြံတဲ့ စစ်ဆင်ရေးမျိုး အမေရိကန်က ပိုသုံးလာတာတွေ့ရတယ် ၊ နေ့နာရီ စက္ကန့်မလွဲ ချိန်သားကိုက် လုပ်ကြံသတ်ဖြတ်တဲ့ စစ်ဆင်ရေးမျိုးတွေပါ )
ရုရှားရဲ့ ယူကရိန်းအပေါ် ကျူးကျော်မှုကြောင့် ယူကရိန်းပြည်သူတွေ သန်းနဲ့ချီပြီး စစ်ဘေးဒုက္ခသည်တွေ ဖြစ်ကုန်ကြရတာကတော့ ငြင်းလို့မရတဲ့ အမှန်တရားပါ ။
ရုရှားလော်ဘီတွေ ပြောတဲ့ ဇီဝဓာတ်ခွဲခန်းဆိုတာကတော့ ယနေ့အချိန်ထိ မီဒီယာမှာ သက်သေထင်ရှား တက်မလာသေးပါဘူး ၊ ရုရှားမီဒီယာတွေက ချပြတယ်ဆိုတဲ့အသံလည်း မကြားရသေးပါဘူး။ ယူကရိန်းမှာ လူကုန်ကူးတာ ၊ ငွေကြေးခဝါချတာ ၊ မူးယစ်အရောင်းအဝယ် ၊ လက်နက်မှောင်ခို ဒါတွေကတော့ နဂိုကတည်းက ယူကရိန်းမှာ ရှိပြီးသားလို့ ရေးသားကြပါတယ်။ ၎င်းအပိုင်းကတော့ ဖြစ်နိုင်ခြေလည်း ရှိပါတယ်။ ယူကရိန်းတင်မက တခြားသောနိုင်ငံတွေမှာလည်း ရှိကြပါတယ်။ ပမာဏ အနည်းများပဲ ကွာပါတယ်။
ရုရှား - ယူကရိန်း စစ်ပွဲမှာ အမေရိကန်နှင့်ဥရောပဟာ အပျော့ဆွဲလိုင်းကို သွားတာတွေ့ရတယ်။ ထောက်ပံ့တာတောင် ရုရှားအကြီးအကျယ်အထိနာသွားမဲ့လက်နက်ပစ္စည်းမျိုး ထောက်ပံ့တာ မတွေ့ရသေးပါဘူး။ နောက်တစ်ခုက ထောက်ပံ့တဲ့ ပမာဏဟာလည်း အကန့်အသက်နဲ့သာ ဖြစ်ပါတယ် ။ ရုရှားကို အမျက်ဒေါသထွက်စေမဲ့ထောက်ပံ့မှုမျိုး မလုပ်ကြသေးပါဘူး။ ထိုသူတို့ရဲ့အကြောင်းပြချက်က နျူးကလီယားစစ်ပွဲ မဖြစ်စေလိုတာကြောင့်လို့ အကြောင်းပြချက်ပေးပါတယ်။
ယူကရိန်းရော၊ရုရှားရောက လူမျိုးတူတွေ ဖြစ်ပါတယ် ။ လူမျိုးတူချင်ကို ရန်ပေးဖြစ်ခိုင်းပြီး ယာလည်းညက် ၊ ကြက်လည်းပန်း ပုံစံမျိုး အမေရိကန်နှင့်ဥရောပတို့က သဘောထားထားပုံရပါတယ် ။ နောက်များမှာ အမေရိကန်နှင့်ဥရောပနိုင်ငံများရဲ့ ဗျူဟာ ပြောင်းလဲလာနိုင်မလားတော့ မပြောတတ်ဘူး။
ရုရှားဟာ သူပြောတဲ့စစ်ဆင်ရေးကို ဘယ်လို၊ဘယ်အချိန် အဆုံးသတ်မယ်ဆိုတာတော့ ခုချိန်ထိ ပြောတာမျိုး မတွေ့ရသေးပါဘူး။
ယူကရိန်းကို တခြားနိုင်ငံတွေကနေ လက်နက်ထောက်ပံ့နေတဲ့ကိစ္စအား ရပ်ဆိုင်းပေးဖို့ရာအတွက် ကုလသမဂ္ဂအစည်းအဝေးခေါ်ပေးဖို့ ပြင်သစ်ဥက္ကဌဆီ ရုရှားက တောင်းဆိုထားတယ်လို့လည်း ဆိုပါတယ်။ ထိုကဲ့သို့ထောက်ပံ့နေခြင်းဟာ နိုင်ငံတကာရဲ့လုံခြုံရေး၊ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုကို ပျက်ပြားစေသည်ဟု အကြောင်းပြချက်ပေးပါတယ်😁 ။
လောလောဆယ် ရုရှားသမ္မတပူတင်ကိုယ်တိုင်ပြောထားတာကတော့ ယူကရိန်းကျူးကျော်စစ်မှာ ရုရှားအတွက် ဆုံးရှုံးတာ ဘာမှမရှိဘူးလို့ ပြောဆိုထားတာပါ။
ရုရှားဟာ ဆန်ရှင်အချခံထားရတာအပြင် စစ်ကလည်း ဖြစ်နေရသေးတဲ့အနေအထားဟာ ကြာလာတာနဲ့အမျှ နိုင်ငံရဲ့စီးပွားရေး ထိခိုက်လာမှာကတော့ မလွဲဧကန် ဖြစ်ပါတယ်။
myanmar society 🇲🇲