တို့အားလုံးရဲ့တာဝန် ...

အစ္စရေးနိုင်ငံရေးမှာ  နေတန်ရာဟု' ပြန်လာတာဟာလည်း  ကမ္ဘာ့နိုင်ငံရေးပြောင်းလဲဖို့အတွက်  အချက်တစ်ချက်အဖြစ် ထည့်သွင်းတွက်ချက်ရမှာ ဖြစ်ပါတယ်။

နောက်တစ်ခုက  အမေရိကန်ရွေးကောက်ပွဲကိုလည်း  နည်းနည်းလောက် အာရုံစိုက်ဖို့လိုမယ်  ထင်ပါတယ်။ အခြေအနေဘယ်လိုရှိလဲ  စောင့်ကြည့်ရပါမယ်။

မအလရဲ့လက်နက်အဝယ်တော် ထွန်းမင်းလတ် ထိုင်းမှာ အဖမ်းခံရပြီး  သူ့ရဲ့ပိုင်ဆိုင်မှု  ၁.၅ ဘီလီယံဝန်းကျင်   သိမ်းယူထားတယ်လို့  ထိုင်းသတင်းတွေက  ဖော်ပြတယ်။ထိုင်းကတော့  ကော်တာပဲ ။ ဒီလိုဖမ်းပြီး  အရေးယူရတာမျိုးဟာ  နောက်ကွယ်မှာ  ဖိအားတွေတော့  ရှိနိုင်ပါတယ်။

ဒါနဲ့  ဦးကျော်မိုးထွန်း လုပ်ကြံခံရတဲ့အမှုကလည်း ရှေ့မဆက်တော့သလိုပဲ... 

( ထိုင်းနိုင်ငံမှာ ဒေါ်လာအတုထုတ်စက် {အမှန်က အစစ်ထုတ်စက်} ထိုင်းမှာမိတဲ့အကြောင်းအရာ  နောက်ဆက်တွဲ  သတင်းဆက်မလာတော့ဘူး။CIA  ဒါရိုက်တာဆိုတာလား ထိုင်းလာပြီး  သတင်းအစအန  ပျောက်သွားတာပါပဲ။အဲ့သည်လို ထူးဆန်းတဲ့အကြောင်းအရာတွေ ရှိဖူးတယ်ဆိုတာ ​ပြန်ပြန်ပြောပြယုံပါ။ 

မြန်မာပြည်သူအများစုဟာ Hot  News ၊ Hot  issues တွေထဲမှာ မျောနေကြတာများတယ်။မြန်မာပြည်သူတွေတင်လားဆိုတော့ မဟုတ်ပါဘူး...ကမ္ဘာ့ပြည်သူတွေလည်း ထိုနည်းလည်းကောင်းပါပဲ ၊ Hot  News ..Hot  issues  တွေကို  Big Tech တွေနှင့်Main Stream Media တွေက ချပေးလိုက်...စားသုံးလိုက်ကြ ၊ တစ်ခုကုန်သွားရင်  နောက်တစ်ခုချပေးလိုက်နဲ့...တကယ့်လိုရင်းဇစ်မြစ်တွေနဲ့ ဝေးဝေးသွားကြရတယ် )

FATF က  မြန်မာကို  black list သွင်းပြီးမှာ  Russia  Finicial Watchdog ကလည်း FATF နည်းအတိုင်း   မြန်မာကို  blacklist  ထည့်မယ်လို့  အသံကြားရတယ်။

လက်ရှိအခြေအနေကို  မအလများရဲ့ခေါင်းဆောင်ကတော့  တုန်လှုပ်နေပုံပါပဲ။အထုပ်ပိုက်ပီး  ထိုင်စောင့်နေရသလိုမျိုး  အဖြစ်ခံလို့ မဖြစ်ဘူးတဲ့ ... 

ဘာထုပ်လည်းဆိုတော့  " ခိုးထုပ် " 😁

မအလများရဲ့အကြမ်းဖက်တပ်ကို  ပြည်သူလူထုတစ်ရပ်လုံးက လက်မခံနိုင်တာ ၊  စေ့စပ်လို့မရနိုင်တာကတော့ အသေချာပါပဲတဲ့ ...သို့ပေမဲ့ NUG ဖက်ကလည်း  အနာဂတ်နိုင်ငံတော်ကြီးကို  ဘယ်လိုငြိမ်းငြိမ်းချမ်းချမ်း  ထိန်းသိမ်းနိုင်မလဲဆိုတာ  ကမ္ဘာ့နိုင်ငံတွေ သိလာအောင်  ပေါက်ပေါက်မြောက်မြောက်  ချပြနိုင်ဖို့လည်း လိုတယ်လို့  စကော့မာစီရယ်က  ပြောပါတယ်။ ပြောချင်တဲ့သဘောက တိုင်းရင်းသားပြည်နယ်တွေနဲ့ တစ်စုတစည်းတည်း ရှိကြောင်း .. ညီညွတ်ကြောင်း ၊ ငြိမ်းချမ်းစွာဖြင့်ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်အား တည်ဆောက်မဲ့အကြောင်း   ကမ္ဘာသိအောင် ပြသနိုင်ဖို့လိုတယ်လို့  ဆိုလိုချင်ဟန် ရှိပါတယ်။

👉သဘောကတော့..အားလုံးမှာတာဝန်ရှိတယ်👈
__________________

နောက်ထပ်ပြောစရာရှိတာက ....

တော်လှန်ရေးဖက်တော်သားတွေဖက်က စိတ်တော့ ရှိကြတယ် ၊ မဝင့်မရဲလည်း ဖြစ်နေကြတယ် ၊ တချို့တွေဟာ ယုံကြည်ချက်နည်းနေသေးတယ်  ဆိုရမယ်ထင်ပါတယ် ၊  ဘယ်လိုအကောင်အထည်ဖော်ရမယ်ဆိုတာ မမြင်နိုင်ကြတာ ၊ မလုပ်တတ်ကြတာလို့ ယူဆမိ  တယ် ။ 

ဥပမာ တစ်ခုပြောရရင်  -  တော်လှန်ရေးဖက်တော်သားတွေ  ဖက်ဒရယ်ဒီမိုကရေစီ ၊ ဖက်ဒရယ်အာမီဆိုပြီး  ပဋိညာဉ်ရေးဆွဲလိုက်ကြတယ် ၊ ကွန့်ကွက်သူမရှိ   အတည်ပြုလိုက်ကြတယ် ၊  မပြည့်စုံဘူး လိုနေသေးတယ်  ဘာညာ ​အဲ့လောက်ကလွဲရင်  အတည်ပြုထားတဲ့  ပဋိညာဉ်ကို ဘယ်သူမှ  မငြင်းဘူးနော် ၊ ဟုတ်ပြီ .. အဲ့နောက်မှာ ဘာဆက်လုပ်ရမယ်မှန်းမသိ  နဝေတိန်တောင်  သူတို့ ဖြစ်နေတာကို  တွေ့ရတယ်။၎င်းဟာ  နွေဦးတော်လှန်ရေးရဲ့အစိပ်အပိုင်းတစ်ခုမျှသာ ဖြစ်ပါတယ်။အဲ့သည်လိုမျိုး အလားတူကိစ္စတွေ အများကြီး ရှိပါတယ်။ 

ကိစ္စတိုင်းကို  NUG အပေါ်  ပုံချနေလို့တော့မရဘူးပေါ့။တချို့အကြောင်းအရာတွေက EAOs တွေ အပါအဝင်  တဖွဲ့ချင်းစီရဲ့အရည်အသွေး ၊ ပေါင်းစပ်နိုင်စွမ်းတွေလည်း  ထည့်တွေးဖို့  လိုပါသေးတယ်။မျိုးနွယ်စုခေါင်းဆောင်တွေ ၊ မျိုးနွယ်စုလက်နက်ကိုင် အသီးသီးမှာလည်း တာဝန်ရှိပါတယ်။အားလုံးကိုယ်စီမှာ တာဝန်အပြည့်ရှိပါတယ်။ 

တော်လှန်ရေးအစပြုတဲ့ရက်ကနေပြီး  ဒီနေ့အထိ  အပြန်ပြန်အလှန်လှန် ဆင်ချင်သုံးသပ်မှု  လိုနေတယ် ၊ နွေဦးတော်လှန်ရေးပေါ်လာရတဲ့  မဟာဗျူဟာရဲ့ရည်ရွယ်ချက် ...အဲ့ဒါကိုတွေးဖို့လိုပါတယ် .. နွေဦးတော်လှန်ရေးဆိုတဲ့ခေါ်ဝေါ်သုံးစွဲမှုဟာ  အရပ်သားပြည်သူတွေဆီကနေ  ဘုမသိဘမသိ  ပေါ်ထွက်လာတဲ့ အာလုပ်စကားမဟုတ်ပါဘူး။ Think Tank တွေကနေ  propagana လုပ်ပေးလိုက်တဲ့ စကားရပ်  ဖြစ်ပါတယ်။

လွှတ်တော်ဖွဲ့တယ် .. အစိုးရဖွဲ့တယ်  ... ၎င်းနောက်မှ ပြည်နယ်တွေဖက်က  ဖက်ဒရယ်ဒီမိုကရေစီ ကတိတောင်းဆိုပြီးနောက်  နွေဦးတော်လှန်ရေးမှာ ပူးပေါင်းလာတာတွေ  စသည်ဖြင့်ပေါ့ .. ပြန်လှန်ဆင်ချင်သုံးသပ်ဖို့လိုပါတယ် ...  အဲ့ဒါမှ  ဘာဆက်လုပ်ရမယ်... နွေဦးတော်လှန်ရေးကို နိဂုံး ဘယ်ပုံဘယ်နည်းချုပ်ရမယ်... အားနည်းချက်တွေ ဘယ်လိုပြင်ရမယ်ဆိုတာ   သိလာကြလိမ့်မယ်လို့  မိမိယူဆမိပါတယ် ။

myanmar society 🇲🇲

မြန်မာပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ ချမ်းသာ ရှိကြပါစေ ~~

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း