ဘပု၏ ဖမ်းကွက်၊ချုပ်ကွက်များ
File အဟောင်းတွေ ပြန်လှန်ရင် နာမည်၊ရက်စွဲအတိကျ ရှိပေမဲ့ ပြန်ရှာဖို့ နည်းနည်းလေးပင်နေလို့ မှတ်မိသလောက် ချရေးလိုက်ပါတယ်။
မှတ်မိသလောက်ပြန်ပြောရရင် ......
သမ္မတဦးဝင်းမြင့်၊ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အမတ်တွေ ၊ ဝန်ကြီးတွေဖမ်းပြီး အာဏာသိမ်းခြင်း လုပ်ဆောင်ခဲ့ပါတယ်။ သိပ်မကြာသေးခင်ကပဲ .. ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်နှင့်တခြားနှစ်ယောက်ကို ကြိုးပေးခဲ့ပါတယ်။ နိုင်ငံတကာမှ ဝိုင်းဝန်းတားနေသည့်ကြားက ကြိုးပေးသတ်ခဲ့တဲ့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေတောင် ပြူးတူးပြဲတဲဖြစ်သွားခဲ့ရတယ်။၎င်းနဲ့ပက်သက်လို့ နောက်ထပ်အကွက်တွေ ထွက်လာနိုင်စရာ ရှိနေမှာပါ ။
Frontier Myanmar သတင်းအယ်ဒီတာကို ဖမ်းပြီး ထောင် ( ၁၁ ) နှစ်ချပစ်ခဲ့တာ ။ မကြာဘူး ၊ ဒီမိုကရက်အသိုင်းအဝိုင်းမှာ ဝင်ဆန့်တဲ့ ၊ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ပလဲပနံ့သင့်ခဲ့တဲ့သူလာပြီး ညှိနှိုင်းခေါ်ထုတ်သွားခဲ့တာပါပဲ။ လေယာဥ်ကွင်းထိတောင် လိုက်ပို့ခဲ့တာ ။ Frontier Myanmar သတင်းအယ်ဒီတာဟာ ဒီမိုကရက်တွေကြီးစိုးတဲ့နယ်မြေကလို့ ပြောသံကြားပါတယ်။ ၎င်းစေ့စပ်ညှိနှိုင်းမှုမှာ အပေးအယူမရှိဘူးလို့ပြောတာပါပဲ ၊ သိပ်တော့ မယုံချင်ဘူးရယ် ။
ဂျပန်သတင်းထောက်ကို ဖမ်းတယ်၊ ထောင်ထဲထည့်တယ် ၊ ဂျပန်အစိုးရကို လာညှိခိုင်းတယ်။ ဘယ်သို့ ဘယ်ပုံညှိလိုက်တယ် မသိဘူး။ ဂျပန်သတင်းထောက်လည်း လွတ်သွားခဲ့တာပဲ။ဘယ်လိုတွေ ညှိခဲ့ကြတယ်ဆိုတာ မသိရပေမဲ့ ဆာဆာကာဝါ' တစ်ယောက်ဟာဖြင့် စစ်ကောင်စီနဲ့ ခြေချင်းတွေလိမ်နေခဲ့တာတော့ အထင်သားပါပဲ။
ထိုင်းဒါရိုက်တာတစ်ယောက်ကို ဝ'လက်နက်ကိုင်ကဖမ်းတယ် ၊ ဝ' က ထိုင်းဒါရိုက်တာကို စစ်ကောင်စီလက်ထဲအပ်တယ်။စစ်ကောင်စီကတဆင့် ထိုင်းအရာရှိတွေ ပြန်အပ်ခဲ့တယ်။ ဝ' ဟာ သူ့နယ်က ဖမ်းမိတဲ့ မူးယစ်ဆေးဝါးတွေ စစ်ကောင်စီကို အပ်ခဲ့တာလည်း ရှိပါတယ်။ ဝ' နှင့် စစ်ကောင်စီရဲ့ပက်သက်မှုဟာ အများထင်ကြသလို ကွဲပြားတာမျိုးမဟုတ်ဘဲ ထူးခြားနေပါတယ်။
ရှောင်တာနဲလ်ကို ဖမ်းတာ သြစတေးလျက လာမညှိလိုတဲ့ အဘ' အီးတင်းနေပုံရတယ်။ လာညှိရင် လွှတ်ပေးမဲ့လေသံတောင် ပေးနေတဲ့သတင်းတွေလည်း ကြားရတယ်။
တလောက ဂျပန်မှတ်တမ်းတင်ရိုက်သူသတင်းသမားကို ထပ်ဖမ်းတယ်။ ဂျပန်လွှတ်တော်ကိုယ်စားလှယ် လာဆွေးနွေးသွားခဲ့တယ် ။ အခြေအနေကောင်းပုံရပါတယ် ။ လွတ်သွားပြီလားတောင် မသိဘူး။
ခုလည်း ဗြိတိန်သံအမတ်ဟောင်းကို ဖမ်းဆီးထိန်းသိမ်းပြန်ဆိုပဲ ။ ဗြိတိန်ကို လာညှိစေချင်တဲ့သဘောထင်ပါရဲ့ .....
လူဖမ်းပြီး အကြပ်ကိုင်တယ်ပဲပြောပြော ၊ ပြန်ပေးဆွဲပြီး နိုင်ငံတကာကို စျေးညှိတယ်ပဲဆိုဆို ခုချိန်ထိတော့ ၎င်းနည်းက အလုပ်ဖြစ်နေပုံပဲ ။
နိုင်ငံခြားသားတွေ ပြန်ပေးဆွဲပြီး သက်ဆိုင်ရာနိုင်ငံကို လာညှိခိုင်းတာဟာ ကမ္ဘာမှာ ဘပု'တစ်ယောက်ပဲ ရှိမယ်ထင်တယ် ။
အဲ့ဒီအကြံကို ဘယ်သူက ပေးတာလဲ ??
စဉ်းစားစရာပဲ 🤔
myanmar society 🇲🇲