• နွေဦးတော်လှန်ရေးထဲက မဖွယ်မရာ Third Party စီးကြောင်း •


NUG ဟာ လေးတယ်၊ တုံးတယ် ၊ အားမရဘူး ပြောနေကြတာတွေ  လက်ခံပေးလို့ရပါတယ်။ကိုယ်ရွေးချယ်ထားခဲ့တဲ့အစိုးရကို  ဝေဖန်တာပဲ  ဝေဖန်ပိုင်ခွင့်ရှိရမှာပေါ့ ၊ ဝေဖန်ပိုင်ခွင့်လည်း ရှိတယ်၊တောင်းဆို ပိုင်ခွင့်လည်း ရှိပါတယ်။

ဒါပေမဲ့ NUG ကို အကန်လုပ်ပြီး  စင်ပြိုင်ပုံစံမျိုး   Third Party  အင်အားစုလုပ်ချင်တဲ့သူတွေရော ၊ လုပ်ဖို့တိုက်တွန်းတဲ့အုပ်စုရော/ဘယ်သူကိုမှ မထောက်ခံသလို ယုံလည်းမယုံကြည်ပါဘူး။

မြို့ပေါ်က  UG  တွေက လွဲရင်  NUG ရဲ့  MOD/ COC အောက်မှာ မရှိတဲ့  ဘယ်တော်လှန်ရေးအဖွဲ့မဆို မိမိတို့ကတော့  အရင်ကလည်း မထောက်ခံသလို  ခုလည်း မထောက်ခံပါဘူး ၊ ယုံလည်း မကြည်ပါဘူး။
အလုပ်ဖြစ်ရေးအတွက် NUG ဖက်က ချိတ်ဆက်ဆောင်ရွက်တာမျိုးကို  တပိုင်းသက်သက်ထားပြီးပဲ 
စဥ်းစားဖြစ်ပါတယ်။

နွေဦးတော်လှန်ရေးမှာ EAOs တွေက တပိုင်း/တဏ္ဍ သက်သက်ပါ ။ မတူတာကို သွားပြီးနှိုင်းယှဥ် တန်းညှိလို့  မရပါဘူး။

ဘာကြောင့်မထောက်ခံ အားမပေးရသလဲလို့  မေးချင်သူများ ရှိကောင်းရှိနိုင်ပါတယ်။

ဘာကြောင့်လဲဆိုတော့...  
နွေဦးတော်လှန်ရေးမှာ ချခင်းထားတဲ့ပြည်သူ့မဟာဗျူဟာနဲ့ မကိုက်ညီလို့ ၊ လားရာဆန့်ကျင်နေတာဖြစ်လို့ကို မထောက်ခံတာပါ။

အဲ့ဒီ  Third Party  အလွမ်းသင့်သူတွေဟာ ချိတ်ဆက်မှုရှိပါတယ်၊ သူတို့ချင်း  "ဘုတ်ကျီးမြှောက်  ကျီးဘုတ်မြှောက်" သူတို့ပြောတတ်တာကို  သတိထားကြည့်ရင်  တွေ့နိုင်ပါတယ်။ 

Third  Party လို့  အော်ခဲ့သူတွေကို တို့ပြည်သူတွေ သတိထားမိလောက်မှာပါ🙂 

myanmar  society 🇲🇲

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း