အလားအလာကောင်းများဖြင့် နွေဦးတော်လှန်ရေး
ကမ္ဘာ့အရေး ၊ မြန်မာ့အရေး အလားအလာကောင်းတွေ ဖြစ်ထွန်းဆဲပါ ...
တချို့တချို့တွေ ပြောနေကြသလို မျှော်လင့်ချက် မရှိတော့တာမျိုး မဟုတ်ပါဘူး။ကမ္ဘာ့နိုင်ငံရေးကလည်း မြန်မာအတွက် တစ်ချက်လောက်သော အရွေ့လေး လိုနေယုံပါ ။ Poker မှာဆို ၁၂ ချပ် ပြည့်နေပြီ ဒေါင်းဖဲ မတက်နိုင်လို့ စောင့်နေရတဲ့သဘောမျိုးပေါ့ ။ အပေါ်အိမ်ကလည်း တုတ်ထိန်း ၊ အောက်အိမ်ကလည်း သ_တ်နေတော့ ဒေါင်းဖို့အရေး ဘေးကြပ်နံကြပ်ဖြစ်နေရတဲ့သဘောမျိုးပါ ။
AA ရဲ့အိမ်မက် ရက္ခတလမ်းစဥ်တွေဘာတွေ ပြောနေ၊ဝေဖန်နေကြတာပါပဲ ။ ဝ' ဒေသကို အားကျတယ် ၊ အဲ့လိုဖြစ်ဖို့ ရည်ရွယ်တယ် ..ဘာတွေညာတွေပေါ့ ။ ဝ' ဒေသဆိုတာကိုက မအလ' စစ်ကောင်စီ လက်အောက်မှာပဲ ရှိပါတယ်။တက်လာခဲ့တဲ့အစိုးရတိုင်းကို ဝ 'ဒေသဟာ ပုန်ကန်နေခဲ့တာတော့ မဟုတ်ပါဘူး ။ ဝ ' ဒေသဟာ ပြည်မကို ခြိမ်းခြောက်နေတယ်ဆိုတဲ့ ပြယုဒ်ကဏ္ဍနေရာကနေ သရုပ်ဆောင်နေရတဲ့ အဆင့်ပဲ ရှိပါတယ်။ ရှမ်းပြည်ကို ထိန်းဖို့ ဝ' ဒေသနဲ့ ကလန်လုပ်ထားတာမျိုးလောက်ပါ။အဲ့သည်လောက် နားလည်ရင်ကို အနှစ်သာရကို ရနေပြီပဲ ပြောတော့ ...
အထူးသဖြင့် မြန်မာ့နိုင်ငံရေး ၊ ဗမာ့လူမျိုးစုနိုင်ငံရေး ၊တိုင်းရင်းသားလူမျိုးစုများအရေး ၊ တိုင်းရင်းသားလက်နက်ကိုင်များအရေး ဝေဖန်ရင် ဖန်တစ်ရာ အက်ကြောင်းထပ်နေတဲ့ အဲ့သည်ရှု့ထောင့်ကြီးကနေပဲ ဖက်နှစ်ဖက်စလုံးက သုံးသပ်ဝေဖန် ၊ စဥ်းစားနေကြတာများပါတယ်။ အဲ့သည် stories တွေ အတော်များများကလည်း စစ်ကောင်စီက နှပ်ကြောင်းပေးထားတဲ့ stories တွေ များပါတယ်။
သူတို့နှပ်ကြောင်းပေးထားတဲ့ အဲ့ဒီ stories တွေထဲကို ကိုယ်တိုင်က ဝင်ပြီး ဝေဖန်သုံးသပ်နေကြတော့ ချီးခြောက်ရေနူး ၊ ချီးနယ် ၊ ချီပွက်ပြီး နံဟောင်နေယုံက လွဲပြီး ဘာမှဖြစ်မလာနိုင်ပါဘူး ။ ဗမာလူမျိုးကြီးဝါဒဆိုပြီး ဖင်ကုန်းအော်နေလည်း အော်နေသူများသာ လျှာထွက်သေသွားမယ် ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။ အမုန်းပွားတာမျိုးကလွဲပြီး ဘာမှဖြစ်လာဖို့ မမြင်မိဘူး။
အာဃာတ ၊ အမုန်း ၊ အညိုး ၊ ဒေါသ ၊ နာကြည်းမှု ၊ ခွင့်မလွှတ်နိုင်မှု ၊ လိမ်လည်ကောက်ကျစ် ၊ ဖျံကျ ၊ ကြားနေ ၊ ခွထိုင်ပြီး တိုင်းပြည်အသစ်ကြီးကို ဆောက်ဖို့ ကြိုးစားနေကြတယ်ဆိုရင်ဖြင့် အချိန်ကုန်သွားတာပဲ အဖတ်တင်မှာပါပဲ။
၂ ဖက်အကျိုးရှိမည့်အသစ်လိုချင်ကြတာမို့လား ??
၎င်း storiesတွေ ထဲကနေ ထွက်ပြီး ရှု့ထောင်သစ်ကနေ ပစ္စုန်ပ္ပန်တည့်တည့် ရှု့ပြီး စဥ်းစားကြစေချင်တယ် ။
myanmar society 🇲🇲
မြန်မာပြည်သူပြည်သားများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာ ရှိကြပါစေ ~~