ခေတ်စားနေသောကမ္ဘာ့နိုင်ငံရေးစီးကြောင်း

မျက်မှောက်ခေတ် ကမ္ဘာနဲ့အဝှမ်းဖြစ်ပျက်နေတဲ့နိုင်ငံရေးစီးကြောင်းမှာ လွှတ်တော်စီးနင်းခံရမှုကို   "ပြိုင်ဘက်ရဲ့စေ့ဆော်မှုကြောင့် ဖြစ်တာပါဆိုပြီး" သတင်းခေါင်းစဥ်တပ်ကာ နိုင်ငံရေးလက်နက်အဖြစ်အသုံးချလာကြတာတွေ့ရတယ်။အဲ့ဒါကို  Main Stream Media တွေက ဖော်ပြကြတယ်။ တဆင့်ခံမီဒီယာတွေက  ကူးယူပြီး သံယောင်လိုက်ကြတယ်။ အဲ့သည်လိုဖော်ပြခံလိုက်ရတော့  ပြည်သူတွေဟာ သူတို့အစိုးရအပေါ်မှာ  "ဘာတွေကိုမကျေနပ်လို့ လွှတ်တော်ထိတောင် ဝင်ရောက်စီးနင်းရတာမျိုးဖြစ်ရသလဲ" ဆိုတဲ့ပြည်သူလူထုရဲ့ဆန္ဒအမှန်အကြောင်းတရားက  ပျောက်ကွယ်သွားရတယ်။

ဒီကြားထဲမှာ  တန်ပြန်အဖျက်အမှောက်လိုမျိုး  သပ်ပင်းတွေဝင်ပြီး   ဆန္ဒပြလူထုရဲ့လမ်းကြောင်းအား မှားယွင်းစွာ ဦးတည်စေခဲ့မိပြီဆိုရင်  ဆန္ဒပြလူထုကသာ နစ်နာစရာ ဖြစ်သွားခဲ့ရတာမျိုးပါပဲ။အဲ့ဒါမျိုးကို  အရေးအခင်းကို ပုံဖျက်ခံရတယ်လို့ ခေါ်မယ်ထင်ပါတယ်။

ပြိုင်ဖက်နိုင်ငံရေးအစုအဖွဲ့က လှုံ့ဆော်မှုကြောင့် စီးနင်းခံရခြင်းဖြစ်ရပါတယ်လို့ ယိုးစွပ်ခြင်းက  လူထုရဲ့ဆန္ဒကို ချေဖျက်သလိုဖြစ်သွားတယ်။သွေးထိုးလှုံ့ဆော်ပါတယ်လို့ စွပ်စွဲခံလိုက်ရသည့်တဖက်နိုင်ငံရေးပြိုင်ဘက်ကလည်း ကူလီကူမာကောင်ဖြစ်သွားတယ် ။ ပြည်သူစီးနင်းတာခံရပေမဲ့လည်း အာဏာပိုင်တို့၏အပုတ်အပွတွေက ပေါ်မလာတော့ဘဲ  "ထိုသူတို့သာလျှင်မှန်တယ်"ဆိုတဲ့ အကျိုးအမြတ်ကို ရရှိသွားစေတယ်။

၎င်းဖြစ်ရပ်မျိုး  ကမ္ဘာနဲ့အဝှမ်းမှာ ဖြစ်နေတယ်ဆိုမှတော့  နောက်ကွယ်က ကြိုးကိုင်ကစားသူတွေ ၊ ချိတ်တွေကတော့  ရှိနေမှာ အသေအချာပါ။

နိုင်ငံရေးဟာ အင်မတန်မှ ကြောက်စရာကောင်းပါတယ်။တော်ယုံ  Brain နဲ့တော့ မရဘူး။ B ပုနေတဲ့သူမျိုးဆိုရင်  ရူးခါသွားလောက်တယ်။

myanmar  society 🇲🇲

ဆန္ဒပြလူထုကို  ရာဇဝတ်ကောင်တွေလို  မြင်လာအောင်  MSM တွေကနေ တဖက်လှည့်နဲ့ ဂျင်းထည့်နေကြတာပါ။ Deep State က မလိုလားတဲ့ပြိုင်ဖက်ပါတီ/နိုင်ငံရေးအဖွဲ့ကို  ဗီလိမ်သဖွယ်ဖြစ်လာအောင်  MSM တွေက  အတင်းဖိရေးကြတော့တာပါပဲ။ MSM ကချပေးလိုက်တဲ့  "ဆန္ဒပြလူထုဟာ ရာဇဝတ်ကောင်များသဏ္ဍာန် ဖော်ကျူးထားတဲ့ မှိုင်းများ" ကြား မျောပါနေတဲ့ကမ္ဘာပြည်သူတွေက များပါတယ်။ 

သာမန်ကျောမွဲပြည်သူတစ်ယောက်ဟာ  
မိမိတို့နဲ့ဘဝတူဖြစ်တဲ့ ဖိနှိပ်ခံကျောမွဲပြည်သူတွေဖက်က ရပ်တည်ပေးဖို့ကိုတောင် မေ့လျော့နေရလောက်အောင်ဖြစ်နေပြီဆိုရင်  MSM ကထည့်လိုက်တဲ့  ဂျင်းအတုံးလိုက်ကြီး  ခေါင်းထဲရောက်သွား၍ဟုပဲ  ယူဆရမှာပါ။

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ