မြွေပူရာ ကင်းမှောက်


မြန်မာ့အရေးကလည်း  မြွေပူရာ  ကင်းမှောက်ပါပဲ

ARNA ပြောတဲ့ "မြန်မာမှ အခြားလူမျိုးစုများနည်းတူ  တန်းတူညီရေး နှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ရရေး" ဆိုတာကြီးကို ခွဲခြမ်းစိပ်ဖြာရရင်ဖြင့် ... သူတို့  ဒဲ့မပြောပေးမဲ့လည်း  နားလည်ပါတယ် 

မြန်မာ့တရားဝင်တိုင်းရင်းသားလူမျိုးစုဖြစ်ရေး.... 
မျိုးနွယ်စုကိုယ်စားပြု လွှတ်တော်အမတ်များ ပေါ်ထွက်လာရေး....
နယ်မြေ ရရှိရေး....
ပြည်နယ်အဆင့်တက်လှမ်းနိုင်ရေး.... 
နိုင်ငံထူထောင်ရေး....
ဒီဇာတ်ထုပ်ပဲ  လာမည့်သဘောပါပဲ....

( တလောကတောင်  အဲ့ဖက်ရပ်ကွက်က မြန်မာဆီက နယ်မြေတောင်းပီး ဘင်္ဂလားဒက်ရှ်နဲ့ သွားပေါင်းမို့ဆိုလား ပြောနေကြတာပါပဲ 😁 )

step by step သွားကြပါ .. ညီကိုတို့ 
အဲ့လောက် မလောကြပါနဲ့ ...
ကိုယ့်လောဘကို  ထုတ်ပြသလို  ဖြစ်နေတယ်

ဒေါ်အောင်ဆန်းစုကြည်အစိုးရကို  ဆက်ခံတဲ့အစိုးရဖြစ်လို့ ရိုအရေး" ခင်ဗျားတို့မှာ တာဝန်ရှိတယ်၊"အတိုင်ပင်ခံအဖွဲ့ထဲမှာ ရိုဟင်ဂျာမပါရင်  NUG ကိုအသိအမှတ်မပြုနိုင်ဘူး"ဆိုပြီး ခြိမ်းခြောက်လိုက်တာ NUG တအားကြောက်သွားပုံ ရပါတယ် ။

NUG ကတော့ ရိုအရေး တက်ကြွလှုပ်ရှားသူတွေနှင့်ရိုဟင်ဂျာအရေးအကြံပေးတွေရဲ့စကား နားထောင်ပြီး  ICC ရဲ့ဆုံးဖြတ်ချက်အတိုင်း ခံယူပါမယ်တွေ ၊ ဘာတွေနဲ့ ရိုဘာညာ အသိအမှတ်ပြုတယ်ဆိုတော့ရော  မူစလင်ဘရားဟု တိုင်းပြည်တွေက  NUG ကို  ဆေးဖော်ကြောဖက်လုပ်ကြလို့လား ၊  ချူးငွေတစ်ပြားထောက်ပံ့လို့လား ၊ ဘယ်မှာလာ အသိအမှတ်ပြုလို့လဲ ??

ဘယ်သူနဲ့ သွားဆက်ဆံကြလဲ  သိတယ်မို့လား??  
စစ်ကောင်စီနဲ့ဆက်ဆံကြတာနော်... 😅

၁၉၈၂ ဥပဒေ ပြင်ပေးတွေ ၊ ၁၉၉၃ ဥပဒေ ပြင်ပေးတွေ  ရှောက်တောင်းဆို ...
NUG ကလည်း ပြင်ပေးမယ်တွေလုပ် ...

ရှိပြီးသား တရားဝင်ပြဌာန်းထားတဲ့တိုင်းရင်းသားမျိုးနွယ်စုတွေကြားမှာတောင် ရင်ကြားမစေ့နိုင် ၊ ဖင်ကြားမစေ့နိုင်ဖြစ်နေရတဲ့ကြားထဲ ... ကိုယ်အစိုးရဖြစ်မှ  သေချာစီစစ်ပြီးလုပ်လည်း နောက်မကျတဲ့အရေးကို  စောင်းပေးနေကြတယ် ....

ဒီမိုကရေစီသဘောအရ  လုပ်ရပါတယ်ဆိုရင်လည်း  လိုအပ်သလောက်ပဲ လုပ်ကြပါ ၊ ပဓာနကျတဲ့လက်ရှိပြည်တွင်းက အကြပ်အတည်းကိုပဲ ပြေလည်အောင် အရင်ဖြေရှင်းဖို့  လိုအပ်နေတာပါ ...

အဓိက နှင့် သာမည ခွဲသိဖို့  လိုပါတယ် ။

ယောက်ကျားမိန်းမအခွင့်အရေးတောင် တန်းတူမရနိုင်တဲ့မူစလင်ဘရားဟု တိုင်းပြည်တွေဆီက  လူ့အခွင့်အရေးအကြောင်းနည်းနည်း ပြောလိုက်ရင်  အဆက်အဆံလုပ်လာကြလိမ့်မယ်၊ကူကြလိမ့်လို့  ယူဆတဲ့နိုင်ငံရေးယူဆချက်ကြီးကိုက  မှားနေတာပါ။

တို့တွေ ... စည်းလုံးကြပါစို့ဆိုတာနဲ့ ...
ကျုပ်ကို ဟိုဟာပေး
ကျုပ်ကို ဒီဟာပေး 
ဟိုကတိတော့ ပေး
ဒီကတိတော့ ပေး
အဲ့ဒါမှ ပူးပေါင်းနိုင်မယ်လို့  တို့ပြည်တွင်းနိုင်ငံရေးက  အဲ့သည်လို စလာတာ ..😁

နို့သက်ခံစို့ချင်တဲ့ပြည်တွင်းနိုင်ငံရေးကနေ  ခေါင်းဆောင်ကောင်းတွေ  ထွက်လာဖို့ဆိုတာဟာ ဖြစ်တောင့်ဖြစ်ခဲ အနေအထားပါပဲ ။

ထွက်လာတဲ့ခေါင်းဆောင်ကြတော့လည်း ထိုသူအပေါ်မှာ ကိုးကွယ်မှုဆန်လို့ဆိုပြီး အပုတ်က ချကြသေးတယ် ၊ ကိုးကွယ်မှုဆန်တာလည်း အပြစ်မပြောနဲ့လေ ... ရွှေထက်ရှားတာကိုးဗျ ။

myanmar  society 🇲🇲

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း