ဗိုက်အငှားနဲ့ ဓားထိုးခံခိုင်းနေခြင်းလော
အမေရိကန် ပင်မမီဒီယာတွေ(MSM )ထဲက တစ်ခုဖြစ်တဲ့ MSNBCကတော့ မြန်မာ့နွေဦးတော်လှန်ရေးကို US capitol , Jan 6 ကိစ္စထဲ ဆွဲထည့်ပြီး ထပ်တူမျှတဲ့ပုံစံမျိုးဖော်ပြနေတယ် ။ ဒေါ်ဇင်မာအောင်'တင်ထားသော လင့်ခ်အားကြည့်ရန် 👇
ဒေါ်ကြီးကို တရားစွဲဖို့ မဖြစ်နိုင်တော့လို့ Jan 6 ကော်မတီကတင်တဲ့အမှုတောင် တရားဝင်ဖျက်သိမ်းလိုက်ရပြီ ဖြစ်ပါတယ်။ အဲ့လိုအခြေအနေမျိုးမှာ MSNBC က ဘာကိစ္စ မြန်မာ့နွေဦးတော်လှန်ရေးနှင့် Jan 6 ကိစ္စကို ထပ်တူမျှဖို့ ကြိုးစားနေရသလဲဆိုတာ စဥ်းစားစရာ ဖြစ်နေတယ်။
Jan 6 ကိစ္စက ဘိုင်ကြီးအစိုးရကို မလိုလားတဲ့ သူ့အမေရိကန်ပြည်သူတွေက သူ့ကိုဆန္ဒပြခဲ့ကြရာက စ'ပါတယ်၊အဲ့ဒါကို အာဏာပိုင်တွေဖက်က လက်ခံဖြေရှင်း မပေးလို့ သူ့ပြည်သူတွေက Capitol ကို ဝင်စီးတဲ့ကိစ္စပါ ။ တနည်းပြောရရင် အစိုးရနဲ့ ပြည်သူကြား ဖြစ်တဲ့ပြဿနာမျိုးပါ။ အဲ့ဒါကို Capitol ဝင်ရောက်စီးနင်းမှုဟာ ဒေါ်ကြီးက ခေါင်းဆောင်ပါတယ်ဆိုပြီး Jan 6 ကော်မတီဖွဲ့ပြီး ဒေါ်ကြီးကို တရားစွဲနိုင်ဖို့ လုပ်တာ ဖြစ်ပါတယ်။ တနည်းပြောရရင် ရီပက်ဗလစ်ကန်တွေကို ဒီမိုကရက်တွေက ထိုးနှက်တိုက်ခိုက်ခြင်းမျိုးပါ ။
( ဘိုင်ကြီး အစိုးမရဖြစ်ခင်က သူ့ကိုသဘောမကျတဲ့ အမေရိကန်ပြည်သူတွေက သူ့ကိုဆန္ဒပြတဲ့ဓာတ်ပုံများကို ကောမန့်တွင် ရှု့ပါ )
မြန်မာ့နွေဦးတော်လှန်ရေးဖြစ်လာရတဲ့အကြောင်းဟာ စစ်အာဏာရှင်က ရွေးကောက်ပွဲအနိုင်ရ အာဏာရအစိုးရကို ဖြုတ်ချအာဏာသိမ်းလိုက်လို့ ဖြစ်လာရတဲ့ကိစ္စပါ။ဖြစ်ပွားခဲ့ရတဲ့ အကြောင်းအရင်းနောက်ခံချင်း မတူညီပါဘူး ။
မဲမသမာလို့ အာဏာသိမ်းတယ်ဆိုတဲ့စစ်ကောင်စီရဲ့အကြောင်းပြချက်ဟာ မဲမသမာလို့ Capitol ကို ဝင်စီးတယ်ဆိုတဲ့အချက်နဲ့သွားချိတ်ထားတာကို ကြည့်ရင် မြန်မာ့အာဏာသိမ်းရဲ့ဇာတ်ညွှန်းဒါရိုက်တာဟာ Capitol ဝင်စီးခံရခြင်းနဲ့ တဖေအေတည်းထွက်တွေလို့တောင် တင့်စားပြောလို့ရပါတယ်။
မတူညီတဲ့အကြောင်းအရင်း ( ၂ )ရပ်ကို ထပ်တူမျှအောင် အတင်းဆွဲစေ့နေတဲ့ MSM ရဲ့ ခြေလှမ်းဟာ မရိုးသားဘူးလို့ ခံစားမိတယ်။
MSM တွေဟာ NUG ကို ပဲကြီးလှော်ကြားဆား ညှပ်ခိုင်းနေတယ်လို့ ထင်ပါတယ်။ အရေးမပါတာတွေ ။ ဗိုက်အငှားနဲ့ ဓားထိုးခံခိုင်းနေတာမျိုးပါ။ အမေရိကန်ပြည်တွင်းရေးမှာ ဒီမိုကရက်တွေ အသာရရေးအတွက် နွေဦးတော်လှန်ရေးကို နင်းတက်ဖို့ ကြံနေတာ။
NUG အစိုးရအနေနဲ့ ပါးပါးနပ်နပ်ဖြေဖို့လိုမယ် ထင်ပါတယ် ၊ သူတို့ကိစ္စကြား ကိုယ်က ကြားညှပ်တာမျိုး အဖြစ်မခံစေချင်ဘူး။ Jan 6 ကိစ္စဟာ MSM က ဖော်ပြတာထက် ပိုမိုရှုပ်ထွေးနက်ရှိုင်းတဲ့ကိစ္စ ဖြစ်ပါတယ်။ ( Capitol ထဲကို ဆန္ဒပြသူတွေ ဝင်ရောက်နိုင်ဖို့ အထဲကအစောင့်ရဲတွေက တံခါးဖွင့်ပေးခဲ့တဲ့ သက်သေ ဗီဒီယိုဖိုင်တွေ မိမိတို့ဆီမှာတောင် ရှိပါတယ် ၊ ထပ်ကြိမ်မဖော်ပြတာက ဖဘရဲ့ ကွန်မြူနတီစတန်းဒက်ကို ကြောက်နေရလို့ပါ )
ယခုဆိုရင် အောက်လွှတ်တော်( House ) မှာ ရီပက်ဗလစ်ကန်တွေက အသာစီးရသွားတဲ့အနေအထားမှာ ပါးပါးနပ်နပ်ဖြေဖို့ ပိုလိုမယ် ထင်ပါတယ်။
myanmar society 🇲🇲
မြန်မာပြည်သူပြည်သားများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာ ရှိကြပါစေ ~~