major cyber attack က ဖြစ်လာမှာလား၊ဖြစ်ပြီးခဲ့ပြီလား ??
World Economic Fund တည်ထောင်သူ Klaus Schwab က major cyber attack ဖြစ်လာမယ်ဆိုပြီး ပြောခဲ့တာရှိပါတယ်။အဲ့သည်ပေါ်မှာ ကျနော်တို့ သုံးသပ်မှုတစ်ခု လုပ်ကြည့်ကြပါစို့ .....
တကယ်ကတော့ သူပြောတဲ့ major cyber attack က ဖြစ်ပြီးသွားခဲ့ပါပြီ။
ဘာကြောင့်လဲ ??
ငါလည်း မသိလိုက်ပါ့လားဆိုခဲ့ရင် ဆက်ဖတ်ကြည့်စေချင်တယ်။
ကိုဗစ်ဖြစ်တော့ လူတွေကြားမှာ Social distancing တွေ လုပ်ခဲ့ကြတယ် ။တစ်မြို့ကနေ တစ်မြို့ ...နိုင်ငံတစ်ခုကနေ နိုင်ငံတစ်ခုအတွက် ခရီးသွားလာမှုတွေ ၊ သယ်ယူပို့ဆောင်ရေးတွေ၊ကုန်စည်စီးဆင်းမှုတွေ၊ အစိုးရတွေကြား ကူးလူးဆက်ဆံမှုတွေ ပြတ်တောက်ခဲ့ကြရတယ်။
ခင်မင်ရင်းနှီးသူတွေကြားမှာ ၊ တစ်ဦးချင်းစီကြားမှာ ၊ လူမှုအဖွဲ့အစည်းတွေကြားမှာ ၊ ကွန်မြူနတီချင်းကြားမှာ ကူးလူးဆက်သွယ်တာ ရပ်သွားခဲ့ကြတယ်။
စီးပွားရေးတွေ ၊ စျေးကွက်စီးပွားရေးတွေ၊ ဖွံ့ဖြိုးတိုးတက်မှုအလားအကောင်းတွေ အကုန်ထိုးကျကုန်ခဲ့ကြရတယ်။အလုပ်လက်မဲ့တွေ ဖြစ်သွားခဲ့ကြရတယ်။ အဲ့သည်လို ကုန်စည်စီးဆင်းတာ ရပ်တန့်သွားခဲ့တဲ့အတွက် ကုန်စျေးနှုန်းတွေ အဆမတန်တက်လာခဲ့ရတယ် ။ လူတွေဟာ အရင်ထက် ( ၂ ) ဆပိုပြီး အလုပ်လုပ်လာရတယ် ။ အလုပ်တစ်ခုပဲ လုပ်ယုံနဲ့ ရပ်တည်ရှင်သန်နိုင်ခဲ့သူဟာ သူရဲ့ရပ်တည်ရှင်သန်ရေးအတွက် အခြားအလုပ်တစ် ပိုလုပ်လာခဲ့ကြရတယ်။
၂၀၂၁ ခုနှစ်အပိုင်းအခြားကာလအတွင်း ကမ္ဘာ့နိုင်ငံတွေမှာ အာဏာသိမ်းတာတွေ အများကြီး ဖြစ်လာခဲ့ကြတယ်။ ပြည်သူတွေဆူပူအုံကြွလာခဲ့တယ် ။ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံအတော်များများမှာ ဆူပူအုံကြွမှုတွေ ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။ ၂၀၂၁ ခုနှစ် - ၂၀၂၂ ခုနှစ်ကာလအတွင်း အာဏာသိမ်းခံခဲ့ရတဲ့နိုင်ငံ( ၅ ) နိုင်ငံထက်မနည်း ရှိခဲ့ပါတယ်။
ဖုန်းလိုင်းတွေ ပျက်ကုန်ခဲ့ရတယ်၊အင်တာနက်တွေ vpn ခံမသုံးရင် မရတော့ဘူး ၊ မီးလိုင်းတွေ မလာတော့ဘူး ၊ရေလိုင်းတွေ မလာတော့ဘူး ၊ သတင်းတွေ အမှောင်ချခံခဲ့ကြရတယ်။
ရုရှား - ယူကရိန်းလို နိုင်ငံကျူးကျော်စစ်တွေ ဖြစ်လာခဲ့တယ်၊ ယူကရိန်းမှာ အင်တာနက်ပျက်တောက်သွားခဲ့လို့ အီလွန်မက်စ်ရဲ့ Star link က အရှုံးခံချိတ်ဆက်ပေးခဲ့ရတယ် ၊ လူမှုပလက်ဖောင်းနှင့်အဓိကသတင်းမီဒီယာတွေဟာ သူတို့ခင်းချင်တဲ့လမ်းကြောင်းကို ပုံသွင်းခဲ့ကြတယ်၊သူတို့ကို ဖော်ကောင်လုပ်ရင် ban တယ် ၊ လူမှုပလက်ဖောင်းတွေမှာ သူတို့အရှုပ်ထုပ်တွေ ပြောလာရင် ဆင်ဆာဖြတ်တောက်ခဲ့ကြတယ်။အဲ့သည်လို နည်းနာတွေ ဘယ်ကလာလည်းဆိုတော့ သူတို့ဆီက လာခဲ့တာ။
ကပ်ရောဂါကြီးလည်းပြီးရော အာဏာသိမ်းနိုင်ငံတွေက အာဏာသိမ်းမှုလည်းပြီး ၊ သူတို့လိုချင်တဲ့အစိုးရခေါင်းဆောင် အပြောင်းအလဲတွေကလည်း နေရာယူအပြီး၊ ပြည်ပကျူးစစ်တွေလည်းပြီး ၊ ကိုဗစ်ကြောင့် ကမ္ဘာ့နိုင်ငံနှင့်ပြည်သူတွေလည်း ချွတ်ခြုံကျပြီး မွဲ ၊ မှောင်ခိုလမ်းကြောင်းနှင့်ကာကွယ်ဆေးကရလာတဲ့ပိုက်ဆံတွေ သူတို့အိတ်ထဲဝင် ၊ အဲ့သည်လို သူတို့က တွက်ချက်ထားခဲ့ဟန် ရှိပါတယ်။အကွက်ချစီမံထားခဲ့တဲ့ ဖက်ပေါင်းစုံတိုက်ခိုက်မှုမျိုးပါ။
ဤသည်ပင် major cyber attack မဟုတ်လို့ ဘာလဲ ??
လူတွေတွေးထင်တာက cyber ဆိုတာ အင်တာနက်လောက် ပြေးမြင်နေကြလို့ပါ 🙂
အဲ့သည်လို သူတို့ပြင်ဆင်ထားတဲ့အခင်းအကျင်းထဲကနေ ထိုးဖောက်ထွက်လာခဲ့တဲ့အရာတွေထဲမှာ မြန်မာ့နွေဦးတော်လှန်ရေးဟာ တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အဲ့သည်လို ထိုးဖောက်ထွက်လာနိုင်တာကိုလည်း သူတို့က အမြင်သိပ်ကြည်လှတယ် မဟုတ်ပါဘူး။ ဒါကြောင့်အမြဲသတိထားဖို့ လိုပါတယ်။
လူလုပ်ကပ်ဘေးအစီအမံကြားထဲကနေ ထိုးဖောက်ရုန်းကန်ထွက်လာခဲ့တဲ့မြန်မာ့နွေဦးတော်လှန်ရေးဟာ မုန်တိုင်းလွန်ကာလတွေကို စတင်ရောက်လာခဲ့ပြီမို့ ယုံကြည်ချက်အပြည့်အဝထားပြီး ရဲရဲသာရှေ့ဆက်လှမ်းပါ .... အောင်မြင်မှာပါ ။
myanmar society 🇲🇲
မြန်မာပြည်သူပြည်သားများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာ ရှိကြပါစေ ~~