ပါလေရာငါးပိချက် Ted Lieu
Matt Taibbi နှင့် Ted Lieu တို့ အခြေအတင်စကားများ ကြတယ်။ထုံးစံအတိုင်း Ted Lieu ဖက်က Matt Taibbi ကို ခြေခြေမြစ်မြစ်မရှိ တိုက်ခိုက်နေတော့ သူ့ကို မဲပေးခဲ့တဲ့သူကတောင် Ted Lieu ကို မင်းပြန်တောင်းပန်သင့်တယ်လို့ ရေးထားတာတွေ့တယ် ။ အတော်များများကလည်း ရှက်သင့်တယ်လို့ ရေးထားကြတာတော့ တွေ့မိတာပဲ။
Matt Taibbi ဆိုတာ FBI က တွစ်တာနဲ့ပေါင်းပြီး အမေရိကန်ပြည်သူတွေအပေါ်မှာ ဆင်ဆာဖြတ်တောက်တာ ၊ ကိုဗစ်အကြောင်းအရာတွေကို ဖြုတ်ချတာတွေ ဘယ်လိုရှိခဲ့တယ်ဆိုတာ ဖော်ချတဲ့အကောင့်ဖြစ်ပါတယ်။ အဲ့သည်လို အရင်လူတွေက တွစ်တာကို ဘယ်လိုလုပ်ခဲ့တယ်ဆိုတဲ့ history ပြန်လိုက်တာကို third party က လုပ်တာဖြစ်ပါတယ် ။ တွေ့ရှိချက်ကိုမှ အချက်အလက်အဖြစ် သက်သေနဲ့တကွပြန်တင်တဲ့သဘောမျိုးပါ။ အီလွန်မက်စ်မတိုင်ခင်က တွစ်တာမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို အီလွန်မက်စ်က တွစ်တာဝယ်ယူပြီးနောက် သူ့လက်ထက်မှာ ပြန်ဖော်ချတာမျိုးဖြစ်ပါတယ်။
Ted Lieu ဆိုတာကတော့ NUG စဖွဲ့ခါစတုန်းက NUCC ၊ NUG မှာ ရိုဟင်ဂျာမပါရင် NUG ကို အစိုးရအဖြစ် အသိအမှတ်မပြုနိုင်ပါဘူး ပြောခဲ့တဲ့တရုတ်လူမျိုးအမေရိကန်ဒီမိုကရက်လွှတ်တော်အမတ်ဖြစ်ပါတယ်။
ပုံမှန်အားဖြင့်တော့ ကိုယ့်အတိုင်ပင်ခံကောင်စီ ၊ ကိုယ့်အစိုးရအဖွဲ့မှာ ဟိုလူမျိုးစုထည့်မယ်/ဒီလူမျိုးစု ထည့်မယ်ဆိုတဲ့ကိစ္စဟာ မြန်မာလူထုသဘောကိုယ့်ဆန္ဒအရသာ ဖြစ်သင့်တာမျိုးပါ။ ထည့်ချင်ထည့်မယ် ၊ မထည့်ချင် မထည့်ဘူးပေါ့လေ။
ဘာကြောင့် မြန်မာပြည်သူကတင်မြှောက်တဲ့အစိုးရဖွဲ့စည်းရေးမှာ သူက ချယ်လှယ်ချုပ်ကိုင်ချင်ခဲ့ရသလဲ ??
ဘာကြောင့် ရိုဟင်ဂျာလူမျိုး NUCC ၊ NUG မှာ ပါစေချင်ခဲ့ရသလဲ ??
အဲ့သည်လို ရိုဟင်ဂျာလူမျိုးပါဝင်စေခြင်းက တဆင့် NUG ရဲ့ ဆောင်ရွက်ချက်တွေကို ခြေရာကောက်ချင်ခဲ့တာလား?? သတင်းနှိုက်ချင်ခဲ့တာလား ??
NUG ကို အစိုးရတစ်ရပ်အဖြစ် အသိမှတ်ပြုတယ်/မပြုဘူး သူက ဆုံးဖြတ်ချင်နေခဲ့တာလား ??
ဘယ်လိုရည်ရွယ်ချက်နဲ့ သူက အဲ့ဒီစကား ပြောခဲ့ရသလဲ ??
သူကပြောချင်ခဲ့တာ မဟုတ်ခဲ့ဘူးဆိုရင် ဘယ်အဖွဲ့အစည်း ၊ ဘယ်သူက သူ့အား အဲ့သည်လိုပြောဖို့ စေ့ဆော်ခဲ့တာလဲ ??
ရိုဟင်ဂျာ နှင့် Ted Lieu ကြား ပက်သက်မှုက ဘာလဲ ??
စသည့်မေးခွန်းထုတ်စရာ ၊ စဥ်းစားစရာ အများကြီး ရှိပါတယ်။
NUG ကို အစိုးရတစ်ရပ် ဖြစ်မလာစေချင်တဲ့စကားဟာ ပေါ့ပေါ့တန်တန်စကားတစ်ရပ်မဟုတ်ဘူးဆိုတာ မြန်မာပြည်သူတွေအနေနဲ့ ခံစားသိရှိနိုင်ပါတယ်။
myanmar society 🇲🇲
Matt Taibbi နှင့် Ted Lieu အပြန်အလှန်ပြောတဲ့ကိစ္စတွေက မြန်မာပြည်နဲ့ပက်သက်တဲ့ကိစ္စလည်း မဟုတ်လို့ မြန်မာလိုဘာသာမပြန်တော့ပါဘူးနော်။အမေရိကန်ပြည်တွင်းရေးကိစ္စသက်သက်မျိုးပါ ။ သူတို့နှစ်ယောက် ပြောထားတာကို ဗဟုသုတအနေနဲ့ ဝင်ရောက်ဖက်ရှု့ချင်ရင်ဖြင့် ...
လင့်ခ် 👇