US ထောက်ပံ့ငွေနဲ့ ဖန်တီးထားတဲ့ယူကရိန်းက ဇီဝသုတေသန ဓါတ်ခွဲခန်းများအကြောင်း



US ထောက်ပံ့ငွေနဲ့ ဖန်တီးထားတဲ့ယူကရိန်းက ဇီဝသုတေသန ဓါတ်ခွဲခန်းများအကြောင်းကို ရေးသားသူ Clandestine ကို Elon Musk မတိုင်ခင် twitter က (ဖေဖော်ဝါရီ ၂၅, ၂၀၂၂) ဘန်းခဲ့ပါတယ်။  ယခု Elon က ပြန်လည် ဖွင့်ပေးလိုက်လို့ ဖတ်ခွင့်ရခြင်းဖြစ်ပါတယ်။လက်ရှိအချိန်မှာ ၎င်း post အား ဖတ်ရှု့သူ ( ၁၁ )သန်းကျော်ရှိနေပြီ ဖြစ်ပါတယ်။
**************************

(  ၁  ) ယခု ကျွန်ုပ်တွင် လူတိုင်း၏ အာရုံစိုက်မှုကို ရရှိထားပြီး၊ ဩဇာတိက္ကမရှိသော အမေရိကန် နိုင်ငံရေးသမားများသည် တင့်ကားများ၊ ဂျက်လေယာဉ်များ၊ လက်နက်များ၊ စက်ပစ္စည်းများနှင့် ဒေါ်လာ 100+ ဘီလီယံကို ယူကရိန်းကို ဘာကြောင့် ပေးပို့ရတယ်ဆိုတာကို ဖော်ပြခွင့်ပြုစေချင်ပါတယ်။
ယူကရိန်းနိုင်ငံသားများနှင့် ဘာမှမဆိုင်ပါ၊ ယူကရိန်းရှိ Deep State ပိုင်ဆိုင်မှု/လျှို့ဝှက်ချက်များနှင့်သာ သက်ဆိုင်ပါတယ်။


(   ၂  )ဘယ်အချိန်၊ ဘယ်နေရာမှာ အရာအားလုံးစတင်ခဲ့တာလဲ ဆိုတာကိုနောက်ကြောင်းပြန်သွားကြည့်ရအောင်ပါ။
 ၂၀၀၅ ခုနှစ်ကို ပြန်ကြည့်ပါ။ ထို့နောက် အထက်လွှတ်တော်အမတ် အိုဘားမားနှင့် လူဂါတို့သည် ယူကရိန်းရှိ ယခင်ဆိုဗီယက် ဇီဝဗေဒနှင့် ဓာတုဗေဒဆိုင်ရာ စက်ရုံများသို့ သွားရောက်ကာ ယူကရိန်းတွင် US Deep State အရင်းအမြစ်ကို စတင်ထူထောင်ခဲ့ပါတယ်။
သူတို့ ယူကရိန်းကိုသွားရတဲ့အကြောင်းရင်းကတော့  “ဇီဝလက်နက်များကို တုန့်ပြန်ရေး” အတွက်ဖြစ်ပါတယ်။

( ၃ ) 2005 ခုနှစ်တွင် (ယူကရိန်းရှိ) ဓာတ်ခွဲခန်းများအကြောင်းကို  Washington Post သတင်းစာကြီးရဲ့ ဖော်ပြပုံမှာ- 

 "ယူကရိန်းရှိ ဓာတ်ခွဲခန်းများဆိုသည်မှာ စစ်အေးတိုက်ပွဲကာလ ကွန်ရက်များထဲကတစ်ခုဖြစ်သော 'ပလိပ်ရောဂါတိုက်ဖျက်ရေး'  လုပ်ငန်းများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပါသည်။  ထိုဓါတ်ခွဲခန်းများမှ၊ ဆိုဗီယက်  ဇီဝလက်နက်စက်ရုံများသို့ သေစေလောက်သော ရောဂါပိုးများကို ပို့ဆောင်ပေးရသည်" လို့ Washington Post က ဖော်ပြပါတယ်။

 ထို့ကြောင့် ရုရှားဟာ  “ပလိပ်ရောဂါ တိုက်ဖျက်ရေး” သုတေသန ပြုလုပ်တယ်နေတယ်လို့ဆိုခြင်းဟာ  ၎င်း၏ “ဇီဝလက်နက်များ” ကို သုတေသနပြုလုပ်နေခြင်းဖြစ်တယ်လို့ဆိုနိုင်ပါတယ်။

(  ၄ ) သို့သော် US အနေနဲ့  "defensive gain of function / directed evolution"  ( ခုခံကာကွယ်မှုရရှိခြင်း / ဆင့်ကဲဖြစ်စဉ်ကိုညွှန်ကြားခြင်း)  ဆိုတဲ့ သုတေသနကို  ပြုလုပ်ခြင်းသည်  ဇီဝလက်နက် နဲ့ပါတ်သက်ပြီးသုတေသန ပြုလုပ်ခြင်းမဟုတ်ပါ။ ဇီဝလက်နက်ကို တုန့်ပြန်နိုင်ရေးအတွက်သာဖြစ်ပါတယ်။

"ပလိပ်ရောဂါတိုက်ဖျက်ရေး" သုတေသပြုလုပ်ခြင်းဆိုသည်မှာ  "အလွန်သေစေနိုင်သောရောဂါပိုးများ" သို့မဟုတ် "ဇီဝလက်နက်များ" (bioweapons)  ထုတ်လုပ်ခြင်းဖြစ်ကြောင်းကို 2005 ခုနှစ်တွင် @washingtonpost မှ ဝန်ခံရေးသားခဲ့ခြင်းဖြစ်ပါတယ်

(  ၅  )အထက်လွှတ်တော်အမတ် Obama ဦးဆောင်ပြီး US ကွန်ဂရက်မှာ  "2005 ခုနှစ် Nunn-Lugar Cooperative Threat Reduction Act " ဆိုတဲ့  ဥပဒေ ကို အတည်ပြုပြဌာန်းနိုင်ခဲ့ပါတယ်။
အဲဒီဥပဒေအရ 🇺🇦 ယူကရိန်းရှိ နျူကလီးယား၊ ဓာတုနှင့် ဇီဝလက်နက်များ သိုလှောင်ထားရှိမှုအားလုံးကို  ဖျက်ဆီးရန် ယခင်ဆိုဗီယက်ဓာတ်ခွဲခန်းများနှင့် အဆောက်အအုံများကို သိမ်းပိုက်ခဲ့ပါတယ်။

(  ၆ ) အိုဘားမားက Deep State အတွက် တံခါးများကို ဖွင့်ပေးခဲ့ပါတယ်။  ယူကရိန်းအစိုးရနှင့် ဇီဝလက်နက် ပရိုဂရမ်များကို ဖန်တီးခဲ့ပါတယ်။  ယူကရိန်းနိုင်ငံ၏ ဥပဒေမဲ့နယ်မြေတွင် biolab ကုမ္ပဏီများကို တည်ဆောက်ရန်အတွက် နိုင်ငံရေးအာဏာကိုချုပ်ကိုင်ထားနိုင်သော အမေရိကန်များအတွက် အဆက်အသွယ် ချိတ်ဆက်မှုများကိုပြုလုပ်ပေးခဲ့ပါတယ်။ (ဥပမာ HunterBiden နဲ့ ပါတ်သက်ခဲ့သော Metabiota ကဲ့သို့သောကုမ္ပဏီများ)


( ၇  ) Metabiota ကုမ္ပဏီဆိုတာ - "လျှို့ဝှက်" ဓာတ်ခွဲခန်းများတွင် သံတမန်ရေးရာ အကာအကွယ်ယူ၍ ဇီဝအေးဂျင့်များကို ထုတ်လုပ်ပေးကာ ကပ်ရောဂါဆိုင်ရာ အာမခံနှင့် ခြေရာခံကိရိယာများကို နိုင်ငံများအား ၎င်းတို့ ပေးဆောင်နေသည့်အရာများထက် ကျော်လွန်နိုင်ရန် ကူညီဆောင်ရွက်ပေးတဲ့ ကုမ္ပဏီဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန ပင်တဂွန်၏ DRTA အစီအစဉ်မှာ  Metabiota ကုမ္ပဏီကို  ချိတ်ဆက်ပေးလိုက်တဲ့အတွက် အဲဒီအချိန်က ဒုသမ္မတ Joe Biden ရဲ့သာ Hunter Biden ဟာ ဒေါ်လာ သန်းပေါင်းများစွာရသွားခဲ့ပါတယ်။

အမေရိကန်၏ ကြီးကြပ်ကွပ်ကဲမှုအောက်  သမ္မတ အိုဘားမားလက်ထက်  တွင် ယူကရိန်း နိုင်ငံမှာ ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ၌ ပြည်တွင်းစစ် စတင်ခဲ့ပါတော့တယ်။ (ပူတင် က ခရိုင်းမီးယားကို  သိမ်းပိုက်နိုင်ခဲ့ပါတယ်)
စစ်ပွဲဝရုန်းသုန်းကားဖြစ်နေချိန်တွင် ထိုအချိန်က နိုင်ငံခြားရေးဝန်ကြီး  (Hillary Clinton) နှင့် CIA တို့က ယူကရိန်းအစိုးရကို အပြည့်အဝ ထိန်းချုပ်ခဲ့ပါတယ်။  Hillary ရဲ့ လက်ထောက်ဖြစ်တဲ့ Victoria Nuland ဟာ အစိုးရအပြောင်းအလဲကို အဓိက ပံ့ပိုးပေးသူဖြစ်ခဲ့တယ်။

(  ၈ ) ယူကရိန်းမှာ ဇီဝဗေဒဆိုင်ရာ သုတေသနကို ရုရှားတပ်ဖွဲ့တွေ လက်ထဲရောက်မှာကို ကြောက်တဲ့အတွက်  Nuland က ယူကရိန်းမှာ ဗျူရိုက်တော်လှန်ရေး ဆိုတာကို ဖန်တီးခဲ့တယ်။  သူတို့ ပြည်တွင်းစစ်ကို စတင်ပြီးနောက် ယူကရိန်းကို အုပ်ချုပ်ရန် ၎င်းတို့၏ ရုပ်သေးအစိုးရကို ရွေးချယ်ကာ Deep State ရဲ့ကိုယ်စားလှယ်အဖြစ်ဖန်တီးပေးခဲ့တယ်။

( ၉ )အဲဒီနောက်ပိုင်းမှာတော့ 🇺🇦 ယူကရိန်းအစိုးရကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့ပြီး  ဒုသမ္မတ Joe Biden နဲ့ မိသားစုဟာ ၎င်းတို့၏ ညစ်ပတ်သော အလုပ်များကို စတင်လုပ်ဆောင်ခဲ့ပါတယ်။

Biden သည် ယူကရိန်း  (oligarchs)  အာဏာရှိအဖွဲ့အစည်းများအတွက် US မှ ထောက်ပံ့သော  ရန်ပုံငွေများကို ရယူကာ ယူကရိန်းသို့ 13+ ကြိမ်သွားရောက်ခဲ့ပါတယ်။  အဲဒီအချိန်မှာ  Biden ၏ ကန်ထုတ်ခြင်း/ငွေကြေး ခဝါချမှုအစီအစဥ်တွေကို ရှာဖွေတွေ့ရှိ ဖော်ထုတ်နေတဲ့  ယူကရိန်းနိုင်ငံတော် အစိုးရရှေ့နေတစ်ဦးအား  ထုတ်ပစ်ရန် Biden ဟာ ၎င်း၏အာဏာကို အသုံးပြုခဲ့ပါတယ်။

( ၁၀ )အမေရိကန်ပြည်သူများ၏  အခွန်ဒေါ်လာများ  ယူကရိန်းတွင်ရောက်ရှိနေရသည့် အကြောင်းရင်းမှာ၊ 🇺🇦 ယူကရိန်းသည် US Democratic National Committee နှင့် ဘီလျံနာ Soros (DNC/Soros) တို့ရဲ့ အာဏာရမိသားစုများမှ ထိန်းချုပ်ထားသည့် Deep State proxy တစ်ခုဖြစ်သောကြောင့်ဖြစ်တယ်ဆိုတာ တွေ့ရပါတယ်။
သူတိုဟာ ယူကရိန်းတွင် ၎င်းတို့၏ ပိုင်ဆိုင်မှုများနှင့် လျှို့ဝှက်ချက်များကို ကာကွယ်ရန် ကြိုးစားနေပါတယ်။

( ၁၁ )US နဲ့ အဓိက မီဒီယာကြီးများဟာ ယူကရိန်းလိုလားသူတွေအဖြစ် ယူကရိန်းဖက်က အပြင်းအထန်ရပ်တည်ပေးနေကြတဲ့အကြောင်းရင်းကတော့  မီဒီယာတွေကို ဆေးဝါးထုတ်လုပ်ဖြန့်ချိနေတဲ့  Pharma ကုမ္ပဏီများမှ ပိုင်ဆိုင်သောကြောင့်ဖြစ်ပါတယ်။ တနည်းအားဖြင့်  Pharma ကုမ္ပဏီတွေရဲ့ ကြော်ငြာအားတွေကြောင့် မီဒီယာတွေရပ်တည်နေနိုင်တာဖြစ်တယ်လို့ဆိုနိုင်တယ်။

ရောဂါဖြစ်ပေါ်စေနိုင်သော ပိုးများကို ထုတ်လုပ်ပေးနေသည့် (သုတေသန ဟုဆိုနိုင်သော) ယူကရိန်းရှိ biolabs ဇီဝဓါတ်ခွဲခန်းများကို အမှီပြုပြီး ကာကွယ်ဆေးထုတ်လုပ်ခြင်းဟာ Pharma ကုမ္ပဏီ ကြီးများအတွက် ကြီးမားသော အမြတ်အစွန်းများစွာရရှိနိုင်တဲ့ စီမံကိန်းဆိုတာ သိမြင်နိုင်ပါတယ်။ (ရောဂါပိုးအသစ်တွေ့ရင် ထိုပိုးကိုနှိမ်နင်းနိုင်မယ့်ဆေးကို Pharma ကုမ္ပဏီကြီးတွေ အပြိုင်အဆိုင်ထုတ်လုပ်ကြပြီး အမြတ်အစွန်းကြီးမားစွာရယူနိုင်ပါတယ်)
ဒါလောက်ဆို စာဖတ်သူတွေ အာရုံတွေ စတင်ရပြီလို့ထင်ပါတယ်။

( ၁၂  )FBI အပါအဝင် ထောက်လှမ်းရေးအသိုင်းအဝိုင်း (Intel community) အားလုံးဟာ  ယူကရိန်းရှိ Biolabs တွေအကြောင်း သတင်းရေးသားမှုအားလုံးကို ဆင်ဆာဖြတ်ရန် Big Tech (ဆိုရှယ်မီဒီယာအားလုံး) ကိုလက်နက်သဖွယ်အသုံးပြုနေရခြင်းအကြောင်းရင်းမှာ Intel အသိုင်းအဝိုင်းသည် Deep State ရဲ့အပေးအယူလုပ်ခြင်း၊ ညှိနှိုင်းထားခြင်းကြောင့်ဖြစ်ပါတယ်။

 Deep State ဟာ  သူတို့ရဲ့ ရောဂါပိုး ထုတ်လုပ်မှု အစီအစဉ်ကို လူတွေရှာဖွေ သိရှိခွင့် မပြုနိုင်တဲ့ သဘောဖြစ်ပါတယ်။

( ၁၃ )Trump ဟာ ယူကရိန်း သမ္မတ Zelensky နဲ့ တစ်ကြိမ်တည်း ဖုန်းခေါ်ဆိုခြင်းအတွက် လွှတ်တော်ထဲက  ဒီမိုကရက် ပါတီဝင် အမတ်တွေ ရူးသွပ်သွားခဲ့ပြီး Trump ကို (impeach) ဖြုတ်ချဖီု့  စွပ်စွဲပြစ်တင်ခဲ့ကြတယ်။ ဘာကြောင့်လဲ?.... Trump ကို သူတို့ရဲ့  Deep State proxy အကြောင်း စုံစမ်းခွင့်မပြုနိုင်ခြင်းကြောင့်ဖြစ်ပါတယ်။

(Trump ဟာ သူတို့ ဖုံးကွယ်ထားတာတွေကို တနည်းအားဖြင့် ဇီဝလက်နက်အကြောင်းကို  ဖော်ထုတ်နိုင်ရေးအတွက် ရှာဖွေစုံစမ်းနေတာဖြစ်တယ်)

( ၁၄ )ပူတင်ရဲ့ ဒုံးကျည်များ ယူကရိန်းကို စတင်တိုက်ခိုက်တဲ့နေ့ (2/24/22) မှာပဲ ယူကရိန်းသမ္မတ Zelensky မှ သူ့ ကာကွယ်ရေး ဝန်ကြီးဌာနအား US biolab ကုမ္ပဏီများ ဖြစ်တဲ့ “Metabiota and Battelle” နှင့် ဆက်စပ်နေသော နိုင်ငံပိုင် စာရွက်စာတမ်းများအားလုံးကို ဖျက်စီးရန် အမိန့်ပေးခဲ့တာ ဘာကြောင့်လဲ? 
ပူတင်ဟာ  ဇီဝလက်နက်များကို ရှာဖွေနေကြောင်း  Zelensky သိသောကြောင့်ဖြစ်ပါတယ်။

( ၁၅ )Big Pharma၊ MSM၊ Big Tech၊ Intelligence Community၊ Zelensky၊ WHO/NIH နှင့် Deep State နိုင်ငံရေးသမားများ၊  Covid 19 မှ အကျိုးအမြတ်ရခဲ့သော အဖွဲ့အစည်းအားလုံး တို့ဟာ  တူညီတဲ့ ပန်းတိုင်ကို အရောက်လှမ်းနိုင်ဖို့ အားလုံး အတူတူ လက်တွဲ လုပ်ဆောင် နေကြပါတယ်... အဲဒါကတော့ ယူကရိန်းမှာ ရာဇ၀တ် မှုမြောက်တဲ့  ဇီဝလက်နက်တွေ ထုတ်လုပ်မှုတွေကို ဖုံးဖိဖို့ဖြစ်ပါတယ်။

( ၁၆ )ဒါကြောင့် Covid 19၊ ဇီဝဗေဒဆိုင်ရာ သုတေသနနှင့် ယူကရိန်းတို့နှင့် သက်ဆိုင်သည့်အရာအားလုံးအတွက် အပြင်းအထန် ခုခံကာကွယ်နေကြရခြင်းဖြစ်တယ်။ လူသားအားလုံးအကျိုးအတွက်  ပရဟိတလုပ်နေလို့ မဟုတ်ပါဘူး။  သူတို့ရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုကြီး  ပေါ်ထွက်လာဖို့ နီးစပ်လာနေတာကြောင့်ဖြစ်တယ်။ အဲ့ဒီ အပြစ်ဒဏ်ကလည်း ပြင်းထန်တယ်လေ။
(ဒါကြောင့် ဆိုရှယ်မီဒီယာတွေနဲ့ သတင်းမီဒီယာကြီးတွေက  ကိုဗစ်အကြောင်း၊ Biden laptop အကြောင်းတွေကို ပေးမတင်ပဲ ဆင်ဆာဖြတ်တာ ဘန်းတာတွေကိုလုပ်ခဲ့ကြတာဖြစ်တယ်)

World Healh Organization (WHO) ဟာ  ယူကရိန်းရှိ ဓါတ်ခွဲခန်းများမှ  ၎င်းတို့၏ ရောဂါပိုးများအားလုံးကို ဖျက်ဆီးရန် အကြံပေးခဲ့ပါတယ်။ (Main Stream Media တွေကတော့ မရှိဘူးလို့ဆိုတယ်)  ဘာကြောင့်လဲဆိုတော့ ပူတင်ဟာ  ဇီဝလက်နက်များကို ရှာဖွေနေကြောင်း WHO မှ သိသောကြောင့်ဖြစ်ပါတယ်။

Covid 19 ကိုအကြောင်း ပြပြီး လူသားအားလုံးရဲ့ လွတ်လပ်မှုကို ထိန်းချုပ်ဖို့အတွက် ကမ္ဘာလုံးဆိုင်ရာ ဆေးဘက်ဆိုင်ရာ ပုလိပ် ဌာန (Policd State)  ကို ဖန်တီးခဲ့တာလည်း WHO ပါပဲ။ 

( ၁၇) တင့်ကားများ၊ ဂျက်လေယာဉ်များ၊ လက်နက်များ၊ ပစ္စည်းကိရိယာများ၊ အမေရိကန်ပြည်သူတွေရဲ့အခွန်ထမ်းရန်ပုံငွေ ဒေါ်လာ ၁၀၀+ ဘီလီယံ၊ ယူကရိန်းပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ အားလုံးဟာ  ထိုက်တန်သော စွန့်လွှတ်အနစ်နာခံမှုများဖြစ်တယ်လို့  Deep State ကတော့  ရှုမြင်ပါတယ်။  သူတို့ရဲ့ ဇီဝလက်နက် ထုတ်လုပ်မှုကို ဖုံးဖိဖို့ ဘယ်အရာမဆို အသုံးချမှာဖြစ်ပါတယ်။
 တတိယ ကမ္ဘစစ်ကြီး WW3 က စတင်နေပါပြီ။  Covid 19 ဟာ ပထမဆုံး ပစ်ခတ်သည့် လက်နက်ဖြစ်ပါတယ်။

အထက်ပါအချက်အလက်များဟာ စာရေးသူ @WarClandestine ရဲ့ အာဘော်ရေးသားချက်များကို ဆီလျော်အောင် ဘာသာပြန် တင်ပြခြင်းသာဖြစ်ပါတယ်။  

သူ့ရဲ့ twitter အကောင့်မှာလည်း ဝင်ရောက်ဖတ်ရှု့နိုင်ပါတယ် 👇

Trump ကတော့  ၂၀၂၄ မှာ ပြန်လည်အရွေးခံရရင် deep state ကို ဖြိုချပစ်မယ်လို့ ဆိုပါတယ်။  

Thanks for reading ~~

Thein Lwin
Jan 30, 2023

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း