အမျိုးသားညီညွတ်ရေးအစိုးရ၏နိုင်ငံခြားရေးကဏ္ဍနှင့်ပြည်ပဆက်ဆံရေး တိုးတက်မှုအား စီစီပီမှ ထိန်းချုပ်၊ကြိုးဆွဲဖို့ ပြင်ဆင်နေ
ပထမအချက် ။ ။ အမေရိကန်နှင့်ပူးပေါင်းဆောင်ရွက်မှုအကျိုးကို တရုတ်ဝန်ကြီးချုပ်လီ က ပြောဆိုပါတယ်။ဝန်ကြီးချုပ်လီ၏ပြောဆိုချက်ကို ခွဲခြမ်းစိပ်ဖြာကြည့်မယ်ဆိုရင် စီစီပီက ဒီမိုကရက်တွေကို ပူးပေါင်းလုပ်ဆောင်ဖို့ ဆော်သြတာမျိုးပါ။ခွဲခြမ်းစိပ်ဖြာကြည့်ရင် အဲ့သည်လိုပဲ အဓိပ္ပာယ် ထွက်ပါတယ်။သူသုံးထားတဲ့ အမေရိကန်ဆိုတဲ့ဝေါဟာရဟာ " ဒီမိုကရက်တွေ" လို့ အဓိပ္ပာယ်ရမယ်ထင်ပါတယ်။ဘယ်လိုမှ ဟန်မဆောင်နိုင်တော့လို့ စီစီပီဖက်က ထုတ်ပြောလာရတာ ဖြစ်တယ်လို့ မှတ်ချက်ပေးလို့ရပါတယ်။
ဒုတိယအချက် ။ ။ အရှေ့တောင်အာရှများအသင်း ( အာစီယံ )ဟာ နိုင်ငံကြီးများ၏ မည်သည့်အားပြိုင်မှုကိုမဆို ကင်းကင်းရှင်းရှင်းနေထိုင်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်းက သတိပေးတယ်ဆိုပါတယ်။
၎င်း အချက် ( ၂ )ချက်ပေါင်းလိုက်ရင် မြန်မာ့အရေးနဲ့ပက်သက်လို့ ဖြစ်ပေါ်လာနိုင်စရာရှိတာကို ခုလိုတွေးဆလို့ရပါတယ် ...
စီစီပီဟာ ဒီမိုကရက်တွေနဲ့ပေါင်းပြီး အာစီယံအား ဘေးဖယ်နေစေ၍ အမျိုးသားညီညွတ်ရေးအစိုးရ၏နိုင်ငံခြားရေးကဏ္ဍနှင့်ပြည်ပဆက်ဆံရေး တိုးတက်မှုအား ထိန်းချုပ်၊ကြိုးဆွဲလိုကြောင်း ထင်ရှားပါတယ်။ စစ်ကောင်စီအတွက် အချိန်ဆွဲဆန့်ထားဖို့ လုပ်ခဲ့တယ် ၊ လုပ်နေဆဲ ၊ လုပ်လိမ့်မယ် ။ အဲ့သည်လိုလာဖို့ပဲ ရှိပါတယ်။
မြန်မာ့ပြည်တွင်းရေးမှာလည်း စစ်ကောင်စီနှင့်မြောက်ပိုင်းလက်နက်ကိုင် ( ၇ )ဖွဲ့တို့ကြားမှာ တိန့်ရှီကျင်းဟာ လွန်းပျံသံတမန်ရေးနဲ့ ကြိုးပမ်းလုပ်ဆောင်နေတာ တွေ့ရမှာ ဖြစ်ပါတယ်။
ကျန်တဲ့ကမ္ဘာအရေးနဲ့ပက်သက်တဲ့အကြောင်းကလည်း ရှိပါလိမ့်အုံးမယ်။၎င်းအပိုင်းက နောက်မှသက်သက်ထပ်ရေးပါ့မယ်။
စီစီပီ'ဟာ စီစီပီ' ပီသလျက်ရှိတယ်လို့ ဆိုရမည်ထင်ပါတယ်။
myanmar society 🇲🇲