ထိုင်နေအကောင်း ထသွားမှကျိုးမှန်းသိ

တရုတ်သမ္မတရှီကျင့်ပင်ဟာ ၂၀၂၃ ခုနှစ်၊မတ်လ ( ၂၀ ) ရက်၊တနင်္လာနေ့မှာပဲ ရုရှားနိုင်ငံ မော်စကိုမြို့ကိုရောက်ရှိသွားပြီး ရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။(  ၃  )ရက်ကြာမည့် ခရီးစဥ်လို့  သိရပါတယ်။

စီစီပီဟာ  ရုရှား - ယူကရိန်းစစ်ပွဲအား ကြားကနေ ဖြန်ဖြေတာ   ရုရှားအကျိုးအတွက်လား ??

( ပူတင်ဟာ   ရှီကျင်းပင်လိုအာဏာကို  ဆုပ်ကိုင်ထားသူတစ်ယောက်ပဲဟာ  အာဏာဆုပ်ကိုင်ထားသူချင်းအတူတူ  ရုရှားက နိုင်နေတာ ဘာသွားဖြန်ဖြေဖို့လိုမလဲ ၊ ထိုင်ကြည့်နေယုံပဲဟာ ၊  ရုရှား - ယူကရိန်း စစ်ဖြစ်တော့  တရုတ်အမယ်တွေ ပေါ်တင်မဟုတ်တောင်  လက်သိပ်ထိုး ရောင်းအားကောင်းခဲ့တာပဲ )   

ယူကရိန်း၏အကျိုးအား လိုလားလို့လား ??

( စီစီပီဟာ ဘယ်တုန်းကမှ  တခြားနိုင်ငံတစ်ခုရဲ့အကျိုးစီးပွားအား  လိုလားခဲ့တာ မဟုတ်ပါဘူး ၊ သူ့အကျိုးလို၍ ညောင်ရသွန်းတာမျိုးပဲ  လုပ်လေ့ ရှိပါတယ် ၊ ယူကရိန်းပြည်သူတွေ  ဘယ်လောက်သေကြေနေပါစေ  စီစီပီဟာ  အပြုံးပျက်လိမ့်မယ် မဟုတ်ပါဘူး ) 

ရုရှား - ယူကရိန်းစစ်ပွဲကြား  ဘာကြောင့် စီစီပီဟာ ကြားဝင် စေ့စပ်ဖြန်ဖြေရသလဲ ??

( စီစီပီဟာ  ငြိမ်းချမ်းရေး  လိုလားသူလား ၊ ဘယ်တုန်းကမှ  ငြိမ်းချမ်းရေး လိုလားသူ မဟုတ်ခဲ့ပါဘူး ၊ စီးစတစ်ဖက်  ရေမှုတ်တစ်ဖက်ကိုင်ပြီး  အမြဲသွေးထိုး  သွေးခွဲနေလေ့  ရှိခဲ့တာပါ )

ရုရှား - ယူကရိန်းစစ်ပွဲကြားမှာ  အကျိုးမဲ့ဖြန်​ဖြေတာမျိုး လုပ်နေတာလား ?? 

(  အကျိုးမဲ့ ညောင်ရေသွန်းခြင်းမျိုး  ဘယ်တုန်းကမှ  စီစီပီဟာ  မလုပ်ခဲ့ပါဘူး ၊ အကျိုးရှိမည့်  ကိစ္စများသာ ညောင်ရေသွန်းလေ့ ရှိပါတယ် ၊ ရုရှား - ယူကရိန်းစစ်ပွဲ  ရပ်မှ စီစီပီအတွက်  အကျိုး ရှိနိုင်လို့   ခုလို  တကူးတက ဝင်ရောက်ဖြန်ဖြေမှုအား  ပြုရတာ  ဖြစ်ပါတယ် )

ရုရှား - ယူကရိန်းစစ်ပွဲက  စီစီပီရဲ့အကျိုးစီးပွားကို  ထိခိုက်နေ၍လား ၊ ထိခိုက်လာနိုင်စရာ အကြောင်း ရှိလို့လား ?? 

(  ရုရှား - ယူကရိန်းစစ်ပွဲအား  စီစီပီ၏အကျိုးစီးပွားအား  တိုက်ရိုက်မထိခိုက်စေပါဘူး ၊ သို့ပေမဲ့  သွယ်ဝိုက်ထိခိုက်စေပါတယ် )  

စီစီပီ၏အကျိုးစီးပွားအား မည်ကဲ့သို့  သွယ်ဝိုက်ထိခိုက်စေတာကြောင့်လဲ ??

( ရုရှား - ယူကရိန်းစစ်ပွဲကြောင့်  အမေရိကန်ဒီမိုကရက်တွေ အထိနာနေတာကြောင့်  ဖြစ်ပါတယ် ၊ ရုရှား - ယူကရိန်းစစ်ပွဲကြောင့်  ယူကရိန်းနယ်မြေထဲမှာရှိသည့် Deep State၏ အကျိုးစီးပွားများ၊အမေရိကန်ဒီမိုကရက်တွေနှင့်အနောက်ဥရောပနိုင်ငံများမှအပေါင်းအပါများ၏အကျိုးစီးပွားအား လွန်စွာမှ  ထိခိုက်စေခဲ့တာကြောင့်ပါ။အမေရိကန်ဒီမိုကရက်တွေ  အထိနာရတဲ့အကြောင်းရင်း ဇစ်မြစ်ထဲမှာ  အမေရိကန်ပြည်တွင်းရေးသာမက  ရုရှား - ယူကရိန်းစစ်ပွဲဟာလည်း  တစ်ခုအပါအဝင်ဖြစ်ပါတယ်။အကယ်၍ အမေရိကန်ဒီမိုကရက်တွေအထိနာပြီး  ၂၀၂၄ ခုနှစ်သမ္မတရွေးကောက်ပွဲမှ  ဒီမိုကရက်ပါတီဖက်က သမ္မတ မတက်နိုင်ခဲ့ရင်   စီစီပီရဲ့အရှေ့တောင်အာရှများအသင်းအား  ကြိုးကိုင်မှု ၊ အရှေ့အလယ်ပိုင်း ၊  အာဖရိက နှင့်  အနောက်ဥရောပနယ်မြေထိ နယ်ပယ်တိုးချဲ့ရေး  အစီအစဥ်အား ထိခိုက်တာဖြစ်ပါတယ်။ဒါကြောင့်   ရုရှား - ယူကရိန်းစစ်ပွဲကြားမှာ တကူးတကဝင်ရောက်ဖြန်ဖြေရတာ  ဖြစ်ပါတယ် )  

အခြားတဖက်မှာ  အမေရိကန်ဒီမိုကရက်တွေက ရုရှား - ယူကရိန်းစစ်ပွဲ  ဝင်ရောက်ဖြန်ဖြေဖို့  ရှီကျင်းပင်အား တောင်းဆိုခဲ့လေသလားဆိုတာ တော်တော်သံသယ  ရှိပါတယ်။

( ဒီမိုကရက်နိုင်ငံခြားရေးဝန်ကြီးဟာ ရုရှား - ယူကရိန်းစစ်ပွဲအား စေ့စပ်ဖြန်ဖြေဖို့  တရုတ်နှင့်အိန္ဒိယကို  အားကိုးမယ်လို့  အတိအလင်းပြောထားခဲ့တာကြောင့်  ထိုသို့  ကောက်ချက်ချခြင်း ဖြစ်ပါတယ်)


myanmar  society 🇲🇲


မြန်မာပြည်သူပြည်သားများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာ ရှိကြပါစေ ~~

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း