ဆင်ဆာများ၏လက်သည်

အမေရိကန်အစိုးရဟာ  ၂၀၂၀ ခုနှစ်ကတည်းကစတင်ပြီး "သတင်းမှား" (သို့မဟုတ်) "မဟုတ်မမှန်သောသတင်းများ" ( သို့မဟုတ် ) "မဟုတ်မမှန်သောရေးသားချက်များ" ဟုခေါ်သောအကြောင်းပြချက်ဖြင့်ဆင်ဆာဖြတ်တောက်ခြင်းပြုလုပ်ရန်  ဆင်ဆာဖြတ်ခြင်းဆိုင်ရာ စာချုပ်များ (သို့မဟုတ်) ထောက်ပံ့ကြေးပေါင်း ( ၅၀၀ ) ကျော် ပြုလုပ်ခဲ့ခြင်းအား ဖော်ထုတ်တွေ့ရှိရတယ်လို့ အလွတ်တန်းသတင်းထောက် မိုက်ကယ်ရှလန်းဘာဂါမှ ရေးသားပါတယ်။ မိုက်ကယ်ရှလန်းဘာဂါဆိုတာ  အီလွန်မက်၏ခွင့်ပြုချက်ဖြင့် တွစ်တာလျှို့ဝှက်ဖိုင်တွေကို  ကြည့်ရှု့ခွင့်ရသော third  party ထဲက တစ်ယောက် ဖြစ်ပါတယ်။ 
[ အမေရိကန်အစိုးရဆိုရာဝယ် .. ဒီနေရာမှာ ဒီမိုကရက်တွေနှင့်အပေါင်းအပါများအား ဆိုလိုတယ် ]

စာဖတ်သူအနေနဲ့  တရုတ်ပြည်နဲ့ပက်သက်တဲ့အကြောင်းအရာ မန့်လို့/ရေးလို့/ဝေဖန်လို့ ၊ ဒီမိုကရက်နဲ့ပက်သက်တဲ့အကြောင်းအရာ မန့်လို့ /ရေးလို့/ဝေဖန်လို့ စသည်ဖြင့် ... စာဖတ်သူ၏အင်တာနက်အသုံးပြုခြင်းပေါ်မှာ  တခြားသောအထွေထွေဖိနှိပ်ခံနေရတာရဲ့ အဓိက လက်သည်ကြီးဟာ  ဘယ်သူလည်းဆိုတာ  ခုလောက်ဆို  သိရောပေါ့။

ဒါနဲ့စကားစပ်မိလို့  ပြောရအုံးမယ်....
တလောက လူမှုကွန်ယက်မှာပြန့်နေတဲ့  ဒေါ်နယ်ထရန့်ကို ရဲတွေဝိုင်းဖမ်းတဲ့ပုံတွေနှင့်တခြားသောဆက်စပ်ပုံတွေဟာ  AI  ကို အသုံးပြုပြီး  ထုတ်ထားတာဖြစ်တယ်လို့  သိရပါတယ်။

porn star ကိစ္စနဲ့ ပက်သက်ပြီး  ဒေါ်နယ်ထရန့်  အဖမ်းခံရပါတော့မယ်ဆိုပြီးသတင်းထွက်ချိန်မှာ အဲ့သည် deep fake ပုံတွေကို  စတင်ဖြန့်ချိတဲ့သူတွေဟာ  လူမှုကွန်ယက်မှာ   "သတင်းမှား" ၊ "မဟုတ်မမှန်ရေးသားချက်" စသည်ကိုတို့ကို ဆန့်ကျင်ပြီး censorship လုပ်နေတဲ့  လူတွေထဲက တချို့ဖြစ်တဲ့  Eliot Higgins' Belling Cat နှင့် Mad Mike Official စသောအကောင့်တွေကနေ  စတင်ပြန့်နှံ့လာတာဖြစ်တယ်လို့  အလွတ်တန်းသတင်းထောက်တွေက ထောက်ပြပြောဆိုခဲ့ပါတယ်။

Eliot Higgins' Bellingcat အား  C.I.A  မှ ကျယ်ကျယ်ပြန့်ပြန့်အသိအမှတ်ပြုထားသော အမေရိကန်အစိုးရ၏ National Endowment for Democracy မှ ရန်ပုံငွေ ပံ့ပိုးထားခဲ့တာဖြစ်ပါတယ်။

အဲ့သည်လို  တပါးသူအပေါ်   censorship လုပ်နေတဲ့သူတွေကိုယ်တိုင်က  deep fake photo တွေ ပြုလုပ်နေကြတယ်ဆိုတာမျိုးက လုံးဝမဖြစ်သင့်ဘူးလို့  ပြောဆိုထောက်ပြကြပါတယ်။ 

myanmar   society 🇲🇲

မြန်မာပြည်သူပြည်သားများ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၊ချမ်းသာ ရှိကြပါစေ ~~

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ