Trump အတွက် အချိန်နီးကပ်လာပြီ
2024 🇺🇸 သမ္မတရွေးကောက်ပွဲမှာ Trump ပြန်လည်အရွေးခံရဖို့များတယ် ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာချိန်မှာ Trump ကို ထောင်ထဲထည့်မယ့် ခြေလှမ်းတစ်ခုကို New York ပြည်နယ် Manhattan မြို့ အစိုးရရှေ့နေရုံးက လှမ်းလိုက်ပါပြီ။ ရှေ့လာမည့် တစ်ပါတ်အတွင်းမှာ Trump ကို စွဲချက်တင်ဖို့ တရားရုံးကိုဆင့်ခေါ်ဖို့ FBI, အပါအဝင် လုံခြုံရေးအေဂျင်စီတွေနဲ့ စည်းဝေးတိုင်ပင်နေတယ်လို့သတင်းထွက်ပေါ်လာပါတယ်။
အမှုစတင်ဖြစ်တာက ၂၀၁၆ ရွေးကောက်ပွဲမတိုင်ခင်မှာ အပြာရုပ်ရှင် မင်းသမီး Porn Star "Stormy Daniels" ဆိုသူက 2006 ခုနှစ်အတွင်းမှာ Trump နဲ့သူ အိပ်ဘူးကြောင်းသတင်းဌာနတစ်ခုကို ပြောကြားရာကနေ စတင်ခြင်းဖြစ်ပါတယ်။ Trump ကဒီသတင်းကို ငြင်းဆန်ခဲ့ပါတယ်။ ထုံးစံအတိုင်း သတင်းဌာနတွေက ဒီသတင်းကို အလုအယက်ဖော်ပြကြပါတယ်။ ဒါကို Trump ရဲ့ရှေ့နေတစ်ဦးဖြစ်တဲ့ Michael Cohen ဆိုသူက အဲဒီ ပွန်းစတားကို $130,000 နှုတ်ပိတ်ခအဖြစ်ပေးပြီး သတင်းဌာနတွေနဲ့ဆက်လက်အင်တာဗျူးတွေမလုပ်ဖို့ သဘောတူညီမှုရယူခဲ့ပါတယ်။ ဒါပေမယ့် Trump သမ္မတဖြစ်ပြီး နောက် ၂ နှစ်အကြာ ၂၀၁၈ မှာ ပွန်းစတားက သူနဲ့သဘောတူခဲ့တဲ့ စါချုပ်မှာ Trump လက်မှတ်မပါတဲ့အတွက် ဒီစာချုပ်ဟာတရားမဝင်ဘူး၊ ပယ်ဖျက်ပေးဖို့ ရှေ့နေငှားပြီး တရာရုံးမှာ အမှုဖွင့်ခဲ့ပါတယ်။ Trump ရဲ့ ရှေ့နေများက ဒီသဘောတူစာချုပ်ဟာ Trump ပါဝင်ပါတ်သက်မှုမရှိဘူး။ ပွန်းစတားကလည်း သူပြောချင်တာတွေကို လွတ်လပ်စွာ လျှောက်ပြောနေတုန်းဖြစ်လို့ စာချုပ်ပါသဘောတူညီမှုကိုချိုးဖောက်တဲ့အတွက် ထိခိုက်မှုနစ်နာကြေးအဖြစ် လျော်ကြေးငွေ $သန်းနှစ်ဆယ် ရလိုကြောင်းပြန်လည်တရားစွဲခဲ့ပါတယ်။ အဲဒီ ၂၀၁၈ နှစ်ကုန်ပိုင်းမှာ Trump ရဲ့ ရှေ့နေ Michael Cohen ဟာ ရွေးကောက်ပွဲ ရံပုံငွေကိုအသုံးပြုပြီး ပွန်းစတားကို နှုတ်ပိတ်ခပေးခဲ့တယ်ဆိုတဲ့ စွဲချက်နဲ့ တရားစွဲခံခဲ့ရပါတယ်။ Trump ကလည်းဒီလိုလုပ်တာ သူမသိကြောင်းငြင်းဆိုခဲ့ပါတယ်။ ဒါကို မကြေနပ်တဲ့ ရှေ့နေ Cohen က Trump ကိုပြန်လည်တိုက်ခိုက်တဲ့အနေနဲ့ သူ့မှာအပြစ်ရှိကြောင်း တရားရုံးမှာ ဝန်ခံလိုက်တဲ့အတွက် အစိုးရသက်သေဖြစ်ခဲ့ပြီး ထောင်ဒဏ် သုံးနှစ်ကျခံခဲ့ရပါတယ်။
ဒီဖြစ်ရပ်တွေအားလုံးကို တွန်းအားပေးသူ၊ အကောင်အထည်ဖော်တဲ့ တရားရုံး စတာတွေဟာ Trump မုန်းတီးရေးသမားတွေဖြစ်တဲ့ ဒီမိုကရက်တွေဆိုတာ ဗေဒင်မေးစရာမလိုပါဘူး။
2019 Trump သမ္မတဖြစ်နေချိန်မှာ New York ဖက်ဒရယ်တရားရုံးကနေ Trump မှာ အပြစ်မရှိကြောင်း စီရင်ချက်ချပြီး တရားစားရိတ်အဖြစ် ပွန်းစတားမှ $300,000 လျော်ကြေးပေးရန် အမိန့်ချခဲ့ကာ အမှုကိုလုံးဝပိတ်သိမ်းလိုက်ပါတယ်။
ဒါပေမယ့် ဇာတ်လမ်းကမရပ်သေးပဲ နှုတ်ပိတ်ခပေးတဲ့ငွေဟာ ရွေးကောက်ပွဲရံပုံငွေထဲဖြစ်တယ် ဆိုတဲ့ အချက်ကို ဒီမိုကရက်ရှေ့နေတွေက ဆက်လက် စုံစမ်းခဲ့ပါတယ်။ ဒီပြစ်မှုကလည်း ပြစ်ဒဏ်ကြီးမားပါတယ်။
ဂလဲ့စားခြေဖို့ အခွင့်အရေးကိုစောင့်နေတဲ့ Trump ရဲ့ရှေ့နေ Michael Cohen ကလည်း ဒီမိုကရက် ဆွဲချ တရားရုံးရှေ့နေ
တွေနဲ့ ပူးပေါင်းလျက်ရှိပါတယ်။
2024 ရွေးကောက်ပွဲမှာ Trump ဝင်မပြိုင်နိုင်ရန်၊ သူ့ကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ထောင်ထဲထည့်ထားဖို့လိုတယ်လို့ သူ့ကိုမလိုလားသူ ဒီမိုကရက် တွေက ဆုံးဖြတ်ထားပြီးသားဖြစ်နေပါပြီ။
နယူးယောက်ပြည်နယ်နဲ့ ဝါရှင်တန် ဒီစီ ဆိုတာ ဒီမိုကရက်ကြီးစိုးတဲ့ ပြည်နယ်တွေဖြစ်တာကြောင့် Trump နဲ့ ကွန်ဆာဗေးတစ်တွေကိုနည်းအမျိုးမျိုးနဲ့ ဒုက္ခပေးနေတဲ့ဒေသတွေဖြစ်ပါတယ်။ အဲဒီအပြာရောင်ပြည်နယ်တွေမှာ ကြီးမားတဲ့ ရာဇဝတ်မှုကျူးလွန်သူတွေကို အပြစ်ဒဏ်လျော့ပေါ့ရေး ဥပဒေအသစ်တွေကို ပြဌာန်းနေပေမယ့် Trump ကိုတော့ ရှာကြံပြီး သေးတဲ့အမှုကိုကြီးမားလာအောင် ၇နှစ်တိုင်တိုင်ကြိုးစားနေမှုဟာ လာမယ့် တစ်ပါတ်အတွင်း အကောင်အထည်စတင်ပေါ်လာပါတော့မှာဖြစ်ပါတယ်။
တရားရုံးကဆင့်ခေါ်ရင် လာရောက်ရင်ဆိုင်မှာဖြစ်တယ်လို့ Trump ရှေ့နေတွေက ပြောကြားလိုက်သော်လည်း၊ ၇ နှစ် ကျော် အပြစ်အမျိုးမျိုးရှာလို့မရတဲ့အပြင် အမေရိကန်ပြည်သူတွေအကြား ပေါ်ပြူလာအဖြစ်ဆုံး သမ္မတဟောင်းတစ်ယောက်ကို ရဲအစောင့်အရှောက်တွေနဲ့လက်ထိပ်ခတ်ပြီး တရားရုံးရှေ့အရောက် ခေါ်ဆောင်လေမလားဆိုတာကို မကြာခင် သိရပါလိမ့်မယ်။
ဒါပေမယ့် တရုတ်ဆီက ဒေါ် လာ သုံးသန်း ရယူထားတဲ့ ဘဏ်စာရင်းမှတ်တမ်းတွေ လူသိရှင်ကြားပေါ်ထွက်လာတဲ့ သမ္မတ Biden အပါအဝင် မိသားစု လေးဦးကတော့ အအိပ် အစားမပျက် ရှိနေလျက်ပါ။
( ဘဏ်စာရင်းသက်သေအား ကောမန့်မှာ ကြည့်ပါ )
Thanks for reading ~~
Thein Lwin