ရှင်သန်ထမြောက်ခြင်း [ Great Awakening ]


လက်ရှိကမ္ဘာ့နိုင်ငံရေးအကြပ်အတည်းက ဘာလဲ ??

လက်ရှိကမ္ဘာ့နိုင်ငံရေးအကြပ်အတည်းအား အနှစ်သာရအားဖြင့် နှလုံးသားနဲ့ကျယ်ကျယ်ပြန့်ပြန့်ခံစားကြည့်မယ်ဆိုခဲ့ရင်  ကမ္ဘာသူကမ္ဘာသားများ၏နိုးထရှင်သန်လာမှုကြောင့်ဖြစ်ပေါ်လာရသော အကြပ်အတည်းဟု အဓိပ္ပာယ်ဖွင့်ဆို၍ ရမည်ဖြစ်သည်။ထိုကဲ့သို့သော နိုးထရှင်သန်ခြင်းသက်၏သက်ရောက်မှုသည်  ကမ္ဘာ့နိုင်ငံတစ်ခုချင်းစီပေါ်   အနည်းနှင့်အများ သက်ရောက်မှု ကိုယ်စီ  ရှိနေတာလည်း  ဖြစ်ပါတယ်။

ရှင်သန်နိုးထခြင်းဆိုတာ  ဘာလဲ ??

ရှင်သန်နိုးထခြင်းဆိုသည်မှာကား   အသိမှား၊အတွေးအခေါ်မှား၊ဖန်တစ်ရာတေနေသောခေါက်ရိုးကျိုးရှင်သန်ခြင်းနှင့်အချုပ်အနှောင်များအား  ချိုးဖျက်၍  လွတ်မြောက်မှုအမှန်တရားအား ရှာဖွေခြင်းဖြစ်သည်။

မည်သည့်အရာတွေ ရှင်သန်နိုးထလာတာလဲ  ??

နိုင်ငံရေးအသိရှင်သန်နိုးထခြင်း ဖြစ်ပါတယ်။ နိုင်ငံရေးဟာ  တခြားသော အချုပ်အခြာအာဏာစိုးမိုးရေး ၊ ပညာရေး ၊  ကျန်းမာရေး ၊ ဘဏ္ဍာရေး ၊ ဥပဒေစိုးမိုးရေး ၊  လုံခြုံရေး  စသည့်ကဏ္ဍများစွာ၏ ခေါင်ချုပ်ဖြစ်သည့်အားလျော်စွာ နိုင်ငံရေးအသိရှင်သန်နိုးထခြင်းဟာ ကဏ္ဍများစွာအား ရှင်သန်နိုးထခြင်းလည်း  မြည်သည်။

နိုင်ငံရေးအသိရှင်သန်နိုးထခြင်းကြောင့်  မည့်သည့်အရာများအား  ဖြစ်ပေါ်စေသနည်း ??

နိုင်ငံရေးအသိရှင်သန်နိုးထခြင်းကြောင့်  ကမ္ဘာ့အုပ်ချုပ်ရေးယန္တရားစနစ်များကြား ၊ အုပ်ချုပ်သူလူတန်းစားများနှင့်ပြည်သူများကြား ၊ ကမ္ဘာ့သူဌေးကြီးများနှင့်ကျောမွဲအခြေခံလူတန်းစားများကြား ၊ မီဒီယာများနှင့်ဖတ်ရှု့သူပရိတ်သတ်များကြား ၊ ဆိုရှယ်ပလက်ဖောင်းများနှင့်သုံးစွဲသူများကြား၊ နိုင်ငံရေးပါတီများနှင့် ပါတီဝင်များကြား ၊ နည်းပညာကုမ္ပဏီများနှင့်သုံးစွဲသူများကြား ၊ အဓမ္မဝါဒီများနှင့်ဓမ္မဝါဒီများကြား  ပွတ်တိုက်မှု ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာရှင်သန်နိုးထခြင်းလုပ်ငန်းဆောင်တာအား   မည်သည့်အချိန်က  စတင်မိတ်ဆက်ပေးခဲ့တာလဲ ??

၂၀၁၆  ခုနှစ်  ဟေလာရီကလင်တန်နှင့် ဒေါ်နယ်ထရန့်တို့၏  အပြိုင်မဲဆွယ်ပွဲမှ  စတင်မိတ်ဆက်လာခြင်းဖြစ်သည်။ပရောဂျတ်စတင်တာကတော့  ဂျွန်အက်ဖ်ကနေဒီလုပ်ကြံခံရပြီးချိန်ကတည်းက  စတင်ခဲ့ကြသည်ဟုလည်း  တစွန်းတစ ရှာဖွေတွေ့ရှိရသည်။ ၂၀၁၉  ခုနှစ်  အစောပိုင်းကာလများတွင်     ကမ္ဘာလုံးဆိုင်ရာနိုးထမှုလုပ်ငန်းဆောင်တာ   ဆောင်ရွက်လှုံ့ဆော်မှုသည်  အမြင့်ဆုံးအနေအထားသို့   ရောက်ရှိခဲ့သည်ကို  တွေ့ခဲ့ရသည်။

ကမ္ဘာလုံးဆိုင်ရာရှင်သန်နိုးထမှုလုပ်ငန်းဆောင်တာအား  မည်သူတွေက  လုပ်ခဲ့တာလဲ ??

ကမ္ဘာလုံးဆိုင်ရာရှင်သန်နိုးထမှုလုပ်ငန်းဆောင်တာအား  ကျယ်ကျယ်ပြန်ပြန့်လုပ်ခဲ့ကြတာကတော့ Q. ( သို့မဟုတ် ) QAnon ဟုအမည်နာမ ခံယူထားသည့်သူများမှ  လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။၎င်း Q. အသင်းအဖွဲ့ခွဲပေါင်းများစွာ ကဏ္ဍအသီးသီး၌ ရှိ၍   ၎င်း၏ကွန်ယက်မည်၍မည်မျှ  ကြီးမားသည်ကိုမူ  ခန့်မှန်းရန်  ခက်ခဲပေသည်။၎င်းအသင်းအဖွဲ့များ၏နောက်ကွယ်တွင် မည်သူတွေရှိသည် ဆိုသည်လည်း  သိရန်မလွယ်ကူပေ။၎င်းနောက်ကွယ်၌ ဟိုအဖွဲ့ရှိသည် ၊ ဒီအဖွဲ့ရှိသည်ဟု   ထင်ကြေးပေးလို့  ရကောင်းရနိုင်ပေမဲ့  လက်ထောက်ချရလောက်အောင်  ခိုင်မာသော သဲလွန်စ မယ်မယ်ရရ မတွေ့ရပေ။ ၎င်းတို့၏ တိုက်ဖျက်ရာလမ်းကြောင်းဦးတည်ချက်သည်ကား  Deep  State ဟူသတတ်။

Deep State ဆိုတာ ဘာလဲ ??

Deep  State ဆိုတာကို အကျဉ်းချုံးပြီး အဓိပ္ပာယ်ဖွင့်ဆိုရရင်   ရွေးကောက်ခံမဟုတ်ဘဲ  ရွေးကောက်ခံအမတ်မင်းများနှင့်အစိုးရမင်းများအား စေစားနေသူများ (သို့မဟုတ်) ကမ္ဘာ့နိုင်ငံရေးအား သူတို့အလိုရှိရာသို့  သွတ်သွင်းစေခိုင်းနိုင်သူများဟု  ဆိုလိုပါတယ်။ရွေးကောက်ခံအမတ်မင်းများနှင့်အစိုးရမင်းများကို စေစားလို့ရနိုင်လောက်သည့်  အားနည်းချက်တွေကို သူတို့က ဆုပ်ကိုင်ထားကြတာဖြစ်ပါတယ်။အဓိကအားဖြင့်ကတော့  လောဘ၊ဒေါသ၊မောဟကို အခြေခံပြီး ဆုပ်ကိုင်ကြတာ ဖြစ်ပါတယ်။လူအတော်များများ ခေါ်ဝေါ်အသုံးပြုကြသည့်  Globalists ဆိုသူများပင်  Deep  State ရဲ့ကွန်ယက်အောက်မှာပဲ  ရှိပါတယ်။

၎င်း Deep  State ၏နောက်ကွယ်တွင်  မည်သူတွေ ရှိသလဲ ??

၎င်း Deep State ၏ နောက်ကွယ်တွင်  Saturn/Satan စသော  မိစ္ဆာအယူဝါဒရှိသည့်အဖွဲ့အစည်းတွေ  ရှိပါတယ်။ Deep  State အဖွဲ့ဝင်တွေဟာ ၎င်းစေတန်အဖွဲ့ဝင်တွေ ဖြစ်နေတတ်ကြတာ များပါတယ်။မြင့်မြတ်သောပညာရှိပုဂ္ဂိုလ်များနှင့်ဘုရားဟော ကောင်းမွန်မြင့်မြတ်တဲ့အကြောင်းအရာများကို  သူတို့က  ပြောင်းပြန်လှန်ပြီး  တွေးလေ့၊လုပ်လေ့ ရှိကြတယ်။

အချုပ်ဆိုရသော် စေတန်အဖွဲ့အစည်းတွေဟာ ဘာသာရေးအသင်းအဖွဲ့တွေနဲ့ ဆက်စပ်တယ်လို့  ပြောလို့ရပါတယ်။တိတိကျကျဆိုရသော်   နဂိုရှိရင်းစွဲ ကောင်းမွန်တဲ့ဘာသာရေးအယူဝါဒတွေကနေ   သွေဖယ်လာသည့်အစွန်းရောက်မိစ္ဆာအယူဝါဒတွေနဲ့  ဆက်စပ်ပါတယ်။အရပ်စကားနဲ့  ပိုရှင်းအောင်  ​ပြောရရင်  ဘာသာရေးအယူဝါဒများ၏သာဿနာဖျက်တွေနဲ့  ဆက်စပ်တယ်။

လူသားစင်စစ်ဘုရား  ဧကန်ဖြစ်တာမျိုးတောင်ရှိသေးတာပဲ ၊ လူသားစင်စစ်  နတ်ဆိုး/မာရ်နတ် ဧကန်ဖြစ်တာတွေလည်း  ရှိနိုင်တာပေါ့ ။

၎င်းကမ္ဘာလုံးဆိုင်ရာ အကြပ်အတည်းအခက်အခဲ  မည်သည့်အချိန်တွင်  ယုတ်လျော့သွားနိုင်ခြေ  ရှိမလဲ ??

ရှင်သန်နိုးထခြင်းသည်  ဉာဏ်အလင်းထွန်းညှိခြင်းဖြစ်၍   နာမ်ပိုင်းဆိုင်ရာ ၊ ခံယူချက်ပိုင်းဆိုင်ရာ ၊ အတွေးအခေါ်ပိုင်းဆိုင်ရာတို့အား  အခြေခံ၍ဖြစ်ပေါ်လာသော ရုပ်ပိုင်းဆိုင်များကြားက ပွတ်တိုက်မှုမျိုးဖြစ်သောကြောင့် လူများအားသေစေခြင်းဖြင့်ခြိမ်းခြောက်၍ဖြစ်စေ ၊  ဗုံးကျဲ၍  ဖြစ်စေ ၊  နျူးကလီးယားလက်နက်သုံး၍ဖြစ်စေ ၊ အစွမ်းပကားကြီးသည့်မည်သည့်လက်နက်ကို  အသုံးပြုကာဖြေရှင်း၍ဖြစ်စေ  အရာထင်လိမ့်မည်   မဟုတ်ပေ။

နာမ်ပိုင်းဆိုင်ရာတိုးတက်ပြောင်းလဲမှုအား  ၎င်းပြောင်းလဲတိုးတက်လာသောနာမ်ပိုင်းဆိုင်ရာနှင့်လျော်ညီသော  အခြေအနေ ဖန်တီးပေးနိုင်မှသာ  ငြိမ်းချမ်းမှုတစ်ခုအား ရနိုင်လိမ့်မည်လည်း  ဖြစ်သည်။

Revolution တစ်ခုမှာ အခြေခံအားဖြင့် __ 
(  ၁ )ဖြိုဖျက်ခြင်း နှင့်
( ၂ ) တည်ဆောက်ခြင်းဆိုပြီး နှစ်ပိုင်း ရှိပါတယ်။လုပ်ဆောင်ရမည့်အခန်းကဏ္ဍတွေများစွာပင် ရှိလင့်ကစား  ၎င်းခေါင်းစဉ်နှစ်ခုအောက်တွင် အကြုံးဝင်သည်ချည်းပင်။

လူအတော်များများနဲ့  ရင်းနှီးပြီးသား စကားလုံးဖြစ်တဲ့ Deep  State နှင့်၎င်း၏ယန္တရားဟုပဲ ဆိုကြပါစို့
ဟုတ်ပြီ ..!!  
၎င်း၏ချုပ်ကိုင်မှုကို  မလိုလားဘူး ၊ ဖြိုချမယ်ဆိုခဲ့ရင်  ၎င်းအား ကြိုးကိုင်သူတွေနှင့်လည်ပတ်ပုံယန္တရား စနစ်ကို  အရင်လေ့လာဖို့လိုပါတယ်။ ၎င်းအား နားလည်ပြီဆိုမှ  မည်သို့မည်ပုံ တန်ပြန်မည်ဆိုသည့်မြေပုံကြမ်း ရေးဆွဲရပါတယ်။တဖက်မှာ  အစားထိုးမည့်စနစ်ဟာလည်း  ပြီးပြည့်စုံအောင်  ရေးဆွဲထားဖို့လည်း လိုပါတယ်။ကဏ္ဍအသီးသီးအား အစားထိုးဝင်ရောက်မှာဖြစ်တဲ့အတွက်  ကဏ္ဍတစ်ခုချင်းစီအား ဖြိုချမည့်လူသူအင်အား/လက်နက်/ဖြိုကျမည့်အစီအမံအပြင်  ၎င်းကဏ္ဍတစ်ခုချင်းစီးအား အစားထိုးမည့်အစီအမံတွေပါ တပါတည်း ထည့်သွင်းရေးဆွဲရတာမျိုး ဖြစ်ပါတယ်။အုတ်အော်သောင်းနင်း  ပဋိပက္ခဆန်ဆန်ပြောင်းတာမျိုး မဟုတ်ဘဲ  ညင်သာသိမ်မွေ့စွာ  ​ပြောင်းယူမယ်ဆိုရင်  ပညာခန်းက  ပို၍တောင်လိုပါသေးတယ်။

ငါတို့တော့  ဒီစနစ်ကြီး/ဒီယန္တရားကြီးကို မလိုချင်ဘူးကွာ ၊ မလိုချင်လို့  ဖြိုချနေယုံနဲ့မပြီးပါဘူး။ စနစ်ဟောင်းနေရာမှာ  အစားထိုးမည့်ပြီးပြည့်စုံပြီး  ခိုင်မာတဲ့စနစ်သစ်က   အသင့်ဖြစ်နေဖို့ လိုအပ်ပါတယ်။ ဖြိုချပြီးမှ  ဟိုဟာကောင်းနိုးနိုး ၊ ဒီဟာကောင်းနိုးနိုး  မြေစမ်းခရမ်းပျိုးနေလို့လည်း  မရပါဘူး။ 

အဲ့သည်လိုမျိုး  အဆင့်ဆင့် အသင့်စီမံမထားနိုင်ခဲ့ရင် ဘေးထွက်ဆိုးကျိုးတွေ  ဝင်ရောက်နှောက်တာခံရမယ် ၊ နဂိုမူလဦးတည်ချက်လားရာကနေ  ချော်ထွက်ပြီး ပျက်သုဉ်းခြင်းကို  ဦးတည်စေမှာ  ဖြစ်ပါတယ်။

မြန်မာ့ဖက်ဒရယ်ဒီမိုကကရေစီစနစ်ကရော မည်၍မည်မျှ အားကောင်းမောင်းသန် ဖြစ်အောင် ပြင်ဆင်ထားပြီးပြီလဲ ??

မည်၍မည်မျှသော  အဖွဲ့အစည်းနှင့်လူထုအရေအတွက်က   ပါဝင်ဆောင်ရွက်နေပြီလဲ ??
စသည်ဖြင့်  မေးစရာ  ရှိတယ်ပေါ့။မေးခွန်းထုတ်စရာတွေက အများကြီးပါပဲ ၊ သက်ဆိုင်သူများအနေနဲ့  ကိုယ့်ဖာသာကိုယ် မေးခွန်းထုတ်ပြီး ကိုယ်ဖာသာကိုယ်  ပြန်သုံးသပ်စေချင်တဲ့ရည်ရွယ်ချက်မျိုးပါ ။

myanmar society 

ဖော်ပြပါပုံကတော Deep State အားတန်ပြန်သည့်မြေပုံအကြမ်း​ ဖြစ်ပါတယ်။သူတို့ကတော့   ၎င်းအား ရှင်သန်ထမြောက်ခြင်းဆိုပြီး  အမည်ပေးထားတာ တွေ့ရပါတယ်။

ပုံကြမ်းတောင် ထွက်လာပြီဆိုမှတော့လည်း  under  control situation  ရောက်သွားခဲ့၍လား ??
 ___  🤔 စဉ်းစားကြည့်တာပါ  ]

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း