ပြည်သူနှင့်ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များကြား စာချုပ်ထားရှိနိုင်ရေး


လွန်ခဲ့တဲ့ရက်အနည်းငယ်အတွင်းမှာ တိုင်းဒေသကြီးကြားကာလဖွဲ့သည်းပုံဥပဒေရေးဆွဲရေးနဲ့ပက်သက်လို့  ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်များနှင့်အရပ်ဘက်အဖွဲ့အစည်း၊ဖိုရမ်တွေကြားမှာ  တင်းမာမှုတစ်ချို့ ရှိခဲ့တယ်လို့  ကြားသိရပါတယ်။

၎င်းကိစ္စနဲ့စပ်လျင်းပြီး ပြောရရင်  စစ်ကောင်စီကို  ဆန္ဒပြတဲ့အဖွဲ့က  ဆန္ဒပြဖို့ပဲ  လုပ်သင့်လှပါတယ်၊ထောက်ပို့အဖွဲ့က  အကောင်းဆုံးထောက်ပို့နိုင်ဖို့ပဲ  လုပ်သင့်လှပါတယ်။လက်နက်ကိုင်တော်လှန်ရေးလုပ်နေတဲ့အဖွဲ့တွေကလည်း   လက်နက်ကိုင်ပြီး စစ်ကောင်စီကို တွန်းလှန်နိုင်ဖို့ပဲ  လုပ်သင့်လှပါတယ်။ထိုထိုသောအဖွဲ့တွေကို  ဖွဲ့စည်းပုံဥပဒေသစ်တစ်ရပ်ရေးဆွဲဖို့  ပြည်သူတွေက  အာဏာအပ်နှင်းထားခြင်း မရှိပါဘူး။ ဥပဒေရေးဆွဲဖို့အာဏာကို  ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ်တွေကိုသာ အာဏာအပ်နှင်းထားတာ ဖြစ်ပါတယ်။ဒါကြောင့် ဥပဒေရေးဆွဲဖို့တာဝန်ပေးခြင်းခံထားရတဲ့ရွေးကောက်ခံအမတ်တွေက  ဥပဒေသစ်တစ်ရပ်ရေးဆွဲတာ သဘာဝကျတယ်။

အဖွဲ့အစည်းတစ်ခုကနေ  အခြားအဖွဲ့စည်းတစ်ခုအား ဝေဖန်တာ၊အကြံပြုတာမျိုးတွေက  ရှိတတ်ပါတယ်။ ဝေဖန်အကြံပြုတဲ့ဘောင်အား ကျော်လွန်ပြီး  ဝင်ရောက်စွက်ဖက်တာ ၊ ဝင်ရောက်ခြယ်လှယ်တာမျိုးကတော့  မဖြစ်သင့်တဲ့အတိုင်းအတာလို့  ဆိုနိုင်ပါတယ်။

ရွေးကောက်ခံကိုယ်စားလှယ်တစ်ယောက်တလေတောင်မပါဘဲ (သို့မဟုတ်) ရွေးကောက်ခံကိုယ်စားလှယ်တစ်ယောက်တလေနဲ့မှ  တိုင်ပင်မှုအလျင်းမရှိဘဲ  ဥပဒေသစ်တစ်ရပ်အား ရေးဆွဲပြဌာန်းပြီး  ပြည်သူအလိုကျ  ရေးဆွဲထားပါတယ်လို့   ပြောလာရင်  ကျနော်တို့ပြည်သူက  အဲ့သည်ဥပဒေကို  ဘယ်လိုစိတ်နဲ့လက်ခံပေးရမှာလဲ ??  
အဘယ်သို့သောရှု့ထောင့်ကနေ  အဲ့သည်အသစ်ရေးဆွဲထားတဲ့ဥပဒေက  ဘောင်ဝင်ပါတယ်လို့   ဖြေရှင်းချက်ပေးကြမှာလဲ??

ကျနော်တို့ပြည်သူတွေရဲ့ခံစားချက်ကိုလည်း  နည်းနည်းတော့  နားလည်ပေးစေချင်ပါတယ်။

ရွေးကောက်ခံပြည်သူ့ကိုယ်စားလှယ်တစ်ယောက်ရဖို့  ပြည်သူတစ်ယောက်ချင်းစီတိုင်းက သိန်းချီတဲ့မဲပေးထားခဲ့ရတာမျိုးပါ။ရွေးကောက်ခံကိုယ်စားလှယ်ဟာ ညံ့နေခဲ့ရင်တောင်  စံသတ်မှတ်ချက်တစ်ခုပြည့်မှ  ရွေးကောက်ခံကိုယ်စားလှယ်  ဖြစ်ပါတယ်။

အခြားတစ်ဖက်မှာ ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေနဲ့ပက်သက်လို့  ဝေဖန်ရလျှင် ပြည်သူတွေအတွက်  လိုအပ်ချက်ရှိနေရဲ့သားနဲ့  ဥပဒေသစ်ရေးဆွဲအတည်ပြုမပေးနိုင်ခဲ့ရင်လည်း  တခြားအဖွဲ့အစည်းတွေကို သူတို့နဲ့ဘာမှမဆိုင်လို့  ဘာမှပြောစရာမရှိပေမဲ့  သက်ဆိုင်ရာရွေးကောက်ခံကိုယ်စားလှယ်အဖွဲ့တွေကိုတော့  တာဝန်လစ်ဟင်းမှု၊တာဝန်ပျက်ကွက်မှုနဲ့  ဆဲသင့်ဆဲရမယ်၊စုံခုံဖွဲ့ပြီး စစ်သင့်က စစ်ရမယ်၊တာဝန်ယူတာဝန်ခံခိုင်းရမှာဖြစ်သလို၊အပြစ်ပေးသင့်က ပေးရမှာ  ဖြစ်ပါတယ်။

[ ပြည်သူနှင့်ပြည်သူ့ကိုယ်စားလှယ်လွှတ်တော်အမတ်တွေကြားမှာလည်း  ပြည်သူကိုပေးထားသည့်အခြေခံကတိကဝတ်စည်းမျဉ်း  ဖောက်ဖျက်ရင်  ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အမတ်တွေအား  အရေးယူနိုင်ဖို့   အခြေခံကတိကဝတ်စည်းမျဉ်း  စာချုပ်တောင်ချုပ်ဆိုထားသင့်တယ်၊ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များအားလုံး  လိုက်နာရမည့်  အခြေခံကတိကဝတ်စည်းမျဉ်းများအား ရေးဆွဲပြဌာန်းပြီး  ပြည်သူနှင့်ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ်တွေကြားမှာ စာချုပ် ချုပ်ဆိုနိုင်ဖို့ လုပ်ရမယ်၊ အခုမလုပ်နိုင်သေးရင် နောင်လာမည့်အနာဂတ်နိုင်ငံတော်ကြီးမှာ  အကောင်အထည်ဖော်ဖို့  သင့်တယ်၊ဥပဒေပြုရွေးကောက်ခံကိုယ်စားလှယ်အမတ်တွေကို  ပြည်သူ့အာဏာအောက်မှာ အစဉ်သဖြင့် ထိန်းသိမ်းထားနိုင်ဖို့ဟာ သည်တနည်းပဲ ရှိလို့ပါပဲ ]
 
တကယ်တော့လည်း  အဲ့သည်ကြားကာလ ဖွဲ့စည်းပုံဆိုတာကလည်း တော်လှန်ရေးကာလမှာ အလုပ်ဖြစ်ယုံသက်သက်သဘောမျိုးပါပဲ။ဘာအရေးမှလည်း  မကြီးပါဘူး။တော်လှန်ရေးအလွန်ကာလမှာ အဲ့သည်ကြားကာလ ဥပဒေကို ပြည်သူတွေမကြိုက်ခဲ့ရင် ဖျက်သိမ်းပြီး အသစ်ပြန်ရေးလို့ရပါတယ်။ဒါကြောင့် အဲ့ဒါနဲ့ပက်သက်ပြီး စိုးရိမ်နေကြတဲ့အချို့သောပြည်သူတွေကိုလည်း  မစိုးရိမ်ကြဖို့   တိုက်တွန်းလိုက်ပါတယ်။

myanmar society 🇲🇲

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ