အဖေနှင့်သားများဇာတ်ထုပ်လော ??


ဆွတ်ဇာလန်နိုင်ငံ ၊ ဒီဗိုစ်မြို့မှာ  ကမ္ဘာ့စီးပွားရေးဖိုရမ်ဆွေးနွေးပွဲကို   ၂၀၂၄ ခုနှစ်  ဇန်နဝါရီလထဲမှာ ကျင်းပခဲ့ကြပါတယ်။ ဘယ်သူကမှရွေးကောက်တင်မြှောက်ထားခြင်းမရှိသောကမ္ဘာ့စီးပွားရေးကြိုးကိုင်သူဌေးကြီးများနှင့်တချို့သောရွေးကောက်ခံအစိုးရမင်းများ သွားရောက်တွေ့ဆုံဆွေးနွေးကြတဲ့ ကမ္ဘာ့အစိုးရအဖွဲ့အစည်းအသွင်သဏ္ဍာန်ယူထားတဲ့  ကမ္ဘာ့စီးပွားရေးဖိုရမ်ဆိုတာ  ဥရောပနှင့်အမေရိကန်ပြည်သူများရဲ့ဆဲဆိုခံအဖွဲ့အစည်းကြီးလို  ဖြစ်နေခဲ့တာပါ။ ကမ္ဘာ့ချဉ်ဖတ်ဖိုရမ် ...

၎င်း ဒီဗိုစ် { Davos } မှာကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ  မြန်မာ့အရေးသီးခြားဆွေးနွေးဆိုပဲ။ထိိုင်းအရာရှိများက  စစ်ကောင်စီကိုယ်စား ကိုယ်စားလှယ်လုပ်ပေးတာတဲ့။မြန်မာ့အရေးကို  Deep State ကို  တင်ပြရတဲ့အဆင့်ထိတောင် ရောက်လာပြီပေါ့ 😅😅  
အမလေးဟဲ့ ... 
Deep State လက်ကိုင်ဒုတ်များရဲ့ ...

တလောက  ဧရာဝတီသတင်းဌာနက  ဘာသာပြန်ရေးတဲ့နိုင်ငံမဲ့"မဏ္ဍလ"အုပ်ချုပ်ရေးကပဲကောင်းသလိုလိုအထာမျိုးနဲ့   Deep State အာဘော်ကို  လမ်းကြောင်းတဲ့အရေးအသားကို  ဘာသာပြန်ဖော်ပြပေးတာ  ရိုးသားရဲ့လားဆိုတာလည်း  မေးရမလိုပါပဲ။ ရှိသေးတယ်  Deep  State အာဘော်ကို  မြန်မာပြည်သူတွေကြား သွတ်သွင်းမှိုင်းတိုက်နေတဲ့ ဆရာကြီးလိုလို  ဘာလိုလို သတ္တဝါတွေ။တို့တိုင်းပြည်မှာ  အံ့ချီး ..အံ့ဖွယ်  Deep  State လက်ကိုင်ဒုတ်တွေက အများသားလား ..

တရုတ်ဗဟိုအစိုးရကိုလည်း  ကြိုပြောထားမယ်နော်.. 
အကြီးစားစစ်အုပ်ချုပ်ရေး  ပြိုပျက်မှုကို  ကာဖို့    အသေးစားစစ်အုပ်ချုပ်ရေးလေးတွေနဲ့ အစားထိုးပြီး  မြန်မာ့နိုင်ငံရေးကို  အကန်ကစားတာမျိုး  မလုပ်ဖို့လည်း   သတိပေးပါရစေ 😅

ပြည်သူတွေလိုချင်တဲ့ဖက်ဒရယ်ပြည်ထောင်စုက အဲ့သည်ပုံစံမဟုတ်ဘူး 🤷‍♂️

နိုင်ငံရေးမှာ  တိုက်ဆိုင်တယ်ဆိုတာ မရှိဘူးလေ .. 
သည်ယုန်မြင်လို့  သည်ခြုံထွင်နေကြသလိုပဲ..သူတို့ရဲ့အဖြစ်သနစ်က။

တော်လှန်ရေးအဖွဲ့တွေဖက်ကလည်း  စိုးမိုးမှုရရှိထားသည့်နယ်မြေတွေမှာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုသွားမည့် ရည်ရွယ်ချက် ၊ လမ်းစဉ် ၊ မူဝါဒ ၊ ဥပဒေ ၊ လုပ်ကိုင်ဆောင်ရွက်နေမှုများပေါ်  ရှင်းရှင်းလင်းလင်း ပြတ်ပြတ်သားသား  ရှိကြစေလိုပါတယ် 🤔

ပြည်သူတွေလိုချင်တာ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု   ဖြစ်ပါတယ် ~ ❤️❤️

myanmar society 🇲🇲

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ