ပြည်သူတွေ နိုင်မည့်ပွဲ
သွေးချင်းညီနောင်တွေကြားမှာ မတွေ့ချင်မမြင်ချင်အနေအထားကနေ - မယုံသင်္ကာအနေအထား၊ မယုံသင်္ကာအနေအထားကနေ - အပြုသဘောဆောင်တဲ့အနေအထား၊အပြုသဘောဆောင်တဲ့အနေအထားကနေ - ချစ်ခင်စည်းလုံးတဲ့အနေအထား၊ချစ်ခင်စည်းလုံးတဲ့အနေအထားကနေ - ပြန်ရလိုမှုမရှိတဲ့ပေးဆပ်စွန့်လွှတ်နိုင်တဲ့အနေအထား... အဲ့သည်လိုအဆင့်ဆင့်တက်လှမ်းလာနိုင်ခဲ့လို့လည်း တော်လှန်ရေးဟာ ခုလိုခရီးပေါက်လာနိုင်တာဖြစ်ပါတယ်။အဓိကကတော့ စည်းလုံးမှုပါပဲ။စည်းလုံးချင်းရဲ့အရသာကို လက်တွေ့ မြည်းစမ်းခွင့်ရတဲ့သဘောမျိုးပါပဲ။ဒီထက်ပိုစည်းလုံးရင် ဒီထက်ပိုအောင်မြင်ဖို့ပဲ ရှိပါတယ်။
လက်ရှိအနေအထားမှာ စစ်ကောင်စီရဲ့အကြမ်းဖက်လုပ်ရပ်တွေကြောင့် MOGE ကလည်း ပိတ်ဆို့ခံရပြန်ပြီဆိုတော့ MEB ပဲ ကျန်တော့တယ်။အရင်ကလည်း ဒီလိုပဲ အထီးကျန်ဖြတ်သန်းခဲ့တာပဲလို့ တော်လှန်ရေးကာလအစတုန်းက သူတို့ မာနထောင်လွှားပြီးပြောခဲ့တာပဲ။အရင်ခေတ်တွေတုန်းကတော့ မြန်မာ့သယံဇာတတူးပြီးတောင့်ခံခဲ့တော့ ရတာပေါ့လေ။
ပြည်တွင်းမှာတော်လှန်ရေးအဖွဲ့တွေရယ်လို့ရှိပေမဲ့ ခုလောက်တော့ အရှိန်အဟုန်မမြင့်ခဲ့ဘူး၊စုစည်းမှုလည်း မရှိခဲ့ပါဘူး။အဲ့သည်ခေတ်က သတင်းကလည်း အမှောင်ကျ၊ဆက်သွယ်ရေးတွေခက်ခဲခဲ့ကြလို့ အရေးအခင်းတွေနှင့်အတူ ပေါ်ပေါက်ခဲ့သည့်ဗမာတော်လှန်ရေးအင်အားစုတွေကို ကြီးထွားမလာအောင် သတ်မှတ်ကာလတွင်း ခြေမှုန်းနိုင်ခဲ့ကြလို့ စစ်အာဏာရှင်တွေ ရှေ့ဆက်နိုင်ခဲ့ကြတယ်။
လက်ရှိအနေအထားမှာ မူဆယ်ကုန်သွယ်ရေးလမ်းကြောင်းကလည်း ပိတ်မိနေပြီ၊မြဝတီကုန်သွယ်ရေးလမ်းကြောင်းကလည်း ပိတ်မိနေပြီ၊စစ်ကိုင်းဖက်ကုန်သွယ်ရေးလမ်းကြောင်းကလည်း ပိတ်မိနေပြီ။ကျောက်တူးမယ်၊သစ်ခုတ်မယ်၊ငွေကြေးခဝါချမယ်ဆိုတော့လည်း နယ်စပ်မှာနယ်မြေတွေ မထိန်းချုပ်နိုင်တော့ဘူး။ပင်လယ်ထွက်ပေါက်က ကုန်စည်ရောင်းမယ်ဆိုပြန်တော့လည်း မြန်မာ့ထုတ်ကုန်ရယ်လို့ မယ်မယ်ရရရှိတာမဟုတ်ဘူးရယ် ။ပြည်တွင်းမှာ အထွေထွေကြပ်တည်းမှုတွေနဲ့ စားဖို့တောင်အနိုင်နိုင်ဖြစ်နေလို့ ထုတ်လုပ်မှုစွမ်းအားက အဝီစိကို ထိုးကျနေပြီ။တပ်ဖွဲ့စည်းပုံကြည့်ပြန်တော့လည်း တိုက်ရဲခိုက်ရဲရှိသူတွေလည်း ကုန်သလောက်ဖြစ်နေပြီ။ " တဖြုံဖြုံကေး ၊ တတုံတုံကိ "
ရူးခါပြီး ဆင်းဖို့ပဲ ကျန်တော့တယ်။သကြားမင်း ဆင်းကယ်ရင်တောင် ရမယ်မမြင်မိဘူး။
myanmar society 🇲🇲
အောင်မြင်စွာပန်းဝင်နိုင်ဖို့ဆိုရာမှာ တော်လှန်ရေးအဖွဲ့တွေဖက်ကလည်း မြင်းကောင်းခွာလိပ်မဖြစ်ဖို့တော့ လိုတာပေါ့လေ။