ကမ္ဘာလုံးဆိုင်ရာအစီအစဉ်များ
ကမ္ဘာတဝှမ်းမှာရှိသည့်လူသားများအား အကွက်ချစီမံထားသည့်အတိုင်းရွေ့လျားမျောပါစေတာမျိုးကို ကမ္ဘာ့လုံးဆိုင်ရာအစီအစဉ် [ Global Agenda ] လို့ ခေါ်ပါတယ်။
နိုင်ငံရေး ၊ စီးပွားရေး ၊ လူမှုရေးစသည့် ကဏ္ဍအသီးသီးမှာ ကမ္ဘာလုံးဆိုင်ရာအစီအစဉ်တွေနဲ့ အစီအမံချပြီး သွားနေကြတာပါ။
စီးပွားရေး လောကမှာ မြင်သာတာကို ပြောရရင် Smart Phone ထုတ်လုပ်ရေးလုပ်ငန်းကြီးတွေဟာ ကမ္ဘာအနှံ့အပြားက ပြက္ခဒိန်လုပ်ငန်း ၊ ဓာတ်ပုံရိုက်/ဖလင်ကူးဆေးလုပ်ငန်း ၊ ပုံနှိပ်စက်လုပ်ငန်း ၊ သတင်းစာနှင့်ဂျာနယ်လုပ်ငန်း၊ စာကြည့်တိုက်လုပ်ငန်း ၊ စာပေဖြန့်ချိရေးလုပ်ငန်း၊ ရုပ်ရှင်နှင့်ဗီဒီယိုထုတ်လုပ်ရေးလုပ်ငန်း ၊ ဆက်သွယ်ရေးကြေးနန်းနှင့်စာတိုက်လုပ်ငန်း၊နာရီထုတ်လုပ်ရေးလုပ်ငန်း၊လက်နှိပ်ဓာတ်မီးထုတ်လုပ်ရေးလုပ်ငန်း၊ဂဏာန်းတွက်စက်ထုတ်လုပ်ရေးလုပ်ငန်း၊တေးသံသွင်းဖြန့်ချိရေးလုပ်ငန်း စသည့် လုပ်ငန်းစုလေးတွေကို ချေမှုန်းပြီး အကျိုးအမြတ်ကို သိမ်းယူလိုက်တဲ့သဘောမျိုးပါ ။
နိုင်ငံရေးလောကမှာ မြင်သာတာ ပြောရရင်
ကိုဘစ်တဲ့ဟေ့ ...
နှာခေါင်းစီးတွေ စွပ်ကြ ၊
ကာကွယ်ဆေးတွေ ထိုးကြ ၊
ပိတ်ပင်ကျ ၊
စည်းခြားပြီးနေထိုင်ကြ ...
ယူကရိန်းဟေ့ ... အားပေးကြ
အစ္စရေးဟေ့ ... အားပေးလိုက်ကြနဲ့
ယခုလည်း .. Climate Change : Global Agenda 2030 သွားဖို့ တာစူနေကြလေရဲ့ ....
အဲ့သည်တော့ 9/11 ၊ ဥရောပစစ်ပွဲတွေ ၊ အာရပ်စစ်ပွဲတွေ ၊ အာရှစစ်ပွဲတွေ ၊ ပထမကမ္ဘာစစ် ၊ ဒုတိယကမ္ဘာစစ်တွေအပြင် ရှေးခေတ်အင်ပါယာတွေ ပြိုကျခဲ့တာကအစ ကမ္ဘာလုံးဆိုင်ရာအစီအစဉ်ဖြစ်ခဲ့သလားဆိုတာလည်း တွေးဖို့၊စမ်းစစ်ဖို့ လိုမှာပေါ့။
ရှေ့ဆက်မည့်အနာဂတ်မှာရော ကမ္ဘာ့လုံးဆိုင်ရာအစီအစဉ် ဘယ်လောက်များများလုပ်ဖို့ စီမံထားကြသလဲဆိုတာလည်း အမြဲသတိချပ်ဖို့ လိုမှာပါ။
ကမ္ဘာလုံးဆိုင်ရာအစီအစဉ်ဖြစ်တာကြောင့် အရင်းအနှီးကလည်း ကြီးသလို အကျိုးအမြတ်ကလည်း ကြီးမားပါတယ်။အခြားတဖက်မှာ ဆုံးရှုံးမှုကလည်း အင်မတန်ကြီးမားလှပါတယ်။
ကမ္ဘာလုံးဆိုင်ရာအစီအစဉ်ရဲ့နောက်ကွယ်က ဉာဏ်ကြီးရှင်တွေရဲ့အတွေးအခေါ်နှင့်အကြံအစည်ပေါ်မှာ စိတ်ဝင်စားဖိို့ ၊ လေ့လာစမ်းစစ်ဖို့ လိုပါတယ်။
ဗလ ငါးတန် ယှဉ်နိုင်မှလည်းပဲ နိုင်ငံက တိုးတက်မှာ။ မဟုတ်ရင်တော့လည်း .. မလွယ်ဘူးပေါ့
[ ဗလ ငါးတန် - ကာယဗလ ၊ ဉာဏဗလ ၊ မိတ္တဗလ ၊ စာရိတ္တဗလ ၊ ဘောဂဗလ ]
ကာယဗလဆိုလို့ Gym သွားဆော့ခိုင်းတယ် အထင်ရောက်သူတွေ ရှိနေမလား။ ယနေ့ခတ်မှာ သာမန်ကြွက်သားပြည့်ဖြိုးတာလောက်က ခွန်အားမဟုတ်တော့ပါဘူး၊ ငါ့နျူးကလီးယား ရှိတယ် ၊ ငါ့မှာ ဘာလက်နက် ရှိတယ် ၊ ဘယ်လောက်အစွမ်းထက်တယ်ဆိုတာမျိုးပါ ။
ဉာဏဗလဆိုရင် အရင်ခတ်ကဆိုရင် လူသားတွေရဲ့ဉာဏ်ရည်ပေါ်မှာ အမှီပြုခဲ့ကြရတယ်။ ယနေ့ခေတ်မှာ ဉာဏ်ရည်အထောက်အကူပြုပစ္စည်းတွေ တည်ထွင်လာကြတယ်။ လူပေါင်း သန်းထောင်ချီတဲ့အတွေးအခေါ်များအား စုစည်းနိုင်တဲ့ ဉာဏ်ရည်တု AI လိုဟာမျိုး ပေါ်လာနေပြီ ၊ ဉာဏ်ရည်တု AI ကို မွေးမြူပြီး စစ်တိုက်ခိုင်းလို့ရနေပါပြီ ။
မိတ္တဗလဆိုရင် ငါတို့ရဲ့တပ်ပေါင်းစုက ဘယ်လောက်အင်အားတောင့်တာ၊ လာမထိနဲ့ ၊ လာမငြိနဲ့၊ ဘဝတွေခါးသွားမယ်ဆိုတာမျိုး။
စာရိတ္တဗလဆိုတာမျိုးကတော့ သည်တိုင်းပြည်ရဲ့စနစ်ဟာကောင်းတယ် ၊ သည်တိုင်းပြည်နဲ့အလုပ်လုပ်ရရင်တော့ စိတ်ချရတယ် ၊ မျှတတယ် ၊ အရှုပ်အရှင်းကင်းတယ်ဆိုတာမျိုးပါ။
ဘောကဗလ ဆိုတာကတော့ တိုင်းသူပြည်သားတွေရဲ့ချမ်းသာကြွယ်ဝမှုကို ညွှန်းဆိုပါတယ်။
myanmar society 🇲🇲