လက်နက်ကိုင် ရွာသားများ
ကောလင်းခရိုင်မြို့အသိမ်းခံလိုက်ရတာက ရှမ်းမြောက်တခြမ်းလုံးအသိမ်းခံရတာထက်ကို တပ်တွင်းမှာ ပိုတုန်လှုပ်နေကြမယ် ထင်ပါတယ်။PDF တွေက သိမ်းလိုက်တာဆိုတဲ့ခေါင်းစီးကြီးနဲ့ သတင်းတက်လာတာဆိုတော့ တပ်တွင်းမှာ အတော်ဂယက်ရိုက်နေလောက်ပြီ။ ဘာလို့လည်းဆိုရင် PDF တွေဟာ ဗမာအများစုနေထိုင်ကြတဲ့တိုင်းဒေသကြီးတွေနှင့်နိုင်ငံကိုလည်ပတ်နေတဲ့ယန္တရားကြီးကို အခြိမ်းခြောက်နိုင်ဆုံးသူတွေလို့ စကစနှင့်သူ့၏ဘက်တော်သားများက ရှု့မြင်ကြလို့ပါ။ PDF တွေ မြို့ထဲဝင်လာရင် ဗမာတွေကပူးပေါင်းကြလိမ့်မယ်လို့ စစ်ကောင်စီ' က အဲ့သည်လို ရှု့မြင်တာပါ။
ဒါကြောင့်လည်း စစ်ရေးဘောင်ကိုကျော်ပြီး PDF တွေ ရှိနိုင်သည့်ရင်းမြစ်ရွာတွေကို မီးရှို့ပြာချတာ ၊ လူမဆန်စွာ ရက်ရက်စက်စက် ချေမှုန်းတာတွေ လုပ်နေတာ ဖြစ်ပါတယ်။ PDF တွေပေါ်မှာ စစ်ကောင်စီ'ဟာ ဘယ်လောက်အကြောက်တရားကြီးတယ်ဆိုတာ မြင်သာတယ်။
နိုင်ငံတကာမျက်နှာစာမှာလည်း PDF တပ်တွေဟာ မြန်မာ့အနာဂတ်မှာ အလားအလာအရှိဆုံးတပ်ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ ကမ္ဘာ့နိုင်ငံရေးသမားတွေက ယူဆနေကြလို့ပါပဲ။အစောပိုင်းတက်လာတဲ့နိုင်ငံတကာသတင်းတွေမှာဆိုရင် PDF ဆိုတာ စစ်ကောင်စီက ရွာတွေကိုမီးရှို့လို့ တန်ပြန်တော်လှန်နေကြတဲ့ရွာသားတွေလို့ ဖော်ပြကြတာတွေ့ခဲ့ရတယ်။ လက်နက်ကိုင်ရွာသားများပေါ့။
ကျန်တာမပြောနဲ့ ဖေ့ဘုတ်ပေါ်ကနေ စကစ'အတွက်ဘောမနေတဲ့သူတွေတောင် PDF ရန်ကြောက်လို့ Profile တောင် Lock ချပြီး အာနေရတဲ့အနေအထားကို ကြည့်ရင် PDF တွေကို ဘယ်လောက်ကြောက်တယ်ဆိုတာ သိနိုင်တယ်။ဘောမတချို့ဆို နှုတ်ဆိတ်သွားတာကြာပြီ။
" သွားပြောလို့မရဘူး ၊ အနီကောင်တွေမှာ သေနတ်ရှိတယ် " ဟူသတတ် ...
[ PDFမှာ အုပ်စု ( ၃ ) ခုရှိပါတယ်။PDFs , LDFs , PDTs(ပကဖ) ၎င်းဒီသုံးခုကို PDF လို့ ခြုံငုံခေါ်တာ ဖြစ်ပါတယ်။ USIP ကရေးတဲ့ထုတ်ပြန်ချက်မှာလည်း အဲ့သည်လိုပဲ ဖော်ပြထားသလို NUG ရဲ့ထုတ်ပြန်ချက်များမှာလည်း အဲ့သည်လိုပါပဲ။
အမှန်ဆိုရင်တော့ မြို့ပြပျောက်ကြား UGs တွေပါ ထည့်တွက်ရင် အုပ်စု ( ၄ ) ခုပါ။ ]
myanmar society 🇲🇲