မူရင်းနှင့်မိတ္တူ
Roman Symbol of Fasces ကို လေ့လာကြည့်တဲ့အခါမှာ Facism ဖြစ်တယ်ဘာညာဆိုပြီး အဓိပ္ပာယ်ဖွင့်ထားတာမျိုးလည်း တွေ့ရပါတယ်။ ၎င်းအဓိပ္ပာယ်ဖွင့်ဆိုမှုဖြင့်ကွဲလွဲသော စည်းလုံးခြင်း၊စုစည်းခြင်းသည်ကား အင်အားဖြစ်၏ဆိုသော အဓိပ္ပာယ်ဖွင့်ဆိုမှုကိုလည်း တွေ့ရပါတယ်။
စုစည်းခြင်း၊စည်းလုံးခြင်းဟာ အင်အားဖြစ်တယ်ဆိုတဲ့ထိုအဓိပ္ပာယ်ဖွင့်ဆိုချက်မျိုးဟာ မြန်မာယဉ်ကျေးမှုမှာ ရှိပြီးသားဖြစ်ပါတယ်။ မြန်မာမှာကတော့ ထင်းတစ်ချောင်းချင်းဆီကို အလွယ်ချိုးလို့ရနိုင်ပေမဲ့ စုစည်းထားသောထင်းစည်းကိုတော့ဖြင့် အလွယ်ချိုးမရနိုင်ဘူးဆိုတဲ့သာဓက ဆောင်တဲ့ ဥပမာ၊ဥပမေးယျ တွေက ရှိပြီးသားဖြစ်ပါတယ်။
မိမိတို့ကတော့ ၎င်းအခြင်းအရာနဲ့ပက်သက်လို့ ယခုလိုတွေးဆမိပါတယ်။ဂရိ ၊ ရောမ ၊ ဗြိတိသျှနေမဝင်အင်ပါယာ ၊ အမေရိကန်နေမဝင်အင်ပါယာ စသည့်ဖြင့်ခေတ်တွေ ဘယ်လိုပဲ ပြောင်းသွားပေမဲ့လည်း ၎င်းဟာ စီးပွားရေးလုပ်ငန်းနာမည်နှင့်နေရာဌာန ပြောင်းသွားယုံလေးပါပဲ။ အနှစ်သာရအားဖြင့်တော့ Copy & Rebranding လုပ်ထားတယ်ဆိုတာ နားလည် သိရှိထားဖို့တော့ လိုပါတယ်။
[ Upgrade & Updating လုပ်ပြီး Location ပြောင်းသွားတဲ့သဘောလို့ အဲ့သည်လို အကျဉ်းချုံးပြောလို့ရနိုင်မယ် ထင်ပါတယ် ]
တကမ္ဘာလုံးမှာ ရှိတဲ့အတွေးအခေါ်များ၊နည်းပညာများ၊ယဉ်ကျေးမှုတွေကို ဆွဲစုထားတာမျိုးပါ။များသောအားဖြင့်ကတော့ ကမ္ဘာပေါ်က အင်ပါယာထူထောင်ခဲ့ကြတဲ့ဉာဏ်ကြီးရှင်တွေရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဥရောပသားများက လေ့လာလေ့ရှိကြပြီး ထိုဉာဏ်ကြီးရှင််များ၏ စိတ်ကူးစိတ်သန်းများကို ကိုယ်ပိုင်အဖြစ်မွေးစားပြီး ဆက်လက်အကောင်အထည်ဖော်နေကြခြင်းလည်း ဖြစ်ပါတယ်။
ကမ္ဘာစစ်ကြီးတွေဖြစ်ရတဲ့ရည်ရွယ်ချက်ဟာ အကျိုးစီးပွားများအား အခြေခံ၍ဖြစ်ကြတယ်လို့ အပေါ်ယံမြင်သာတဲ့အပိုင်းက ဖော်ပြထားကြပေမဲ့ နောက်ကွယ်က မြှုပ်နှံထားတဲ့အတွေးအခေါ်နှင့်လုပ်ဆောင်ချက်ဟာ ကိုယ်ပိုင်ယဉ်ကျေးမှု ၊ ကိုယ်ပိုင်လူမျိုးစု ၊ ကိုယ်ပိုင်ဟန် ၊ကိုယ်ပိုင်စည်းစနစ် ၊ကိုယ်ပိုင်နည်းပညာတို့ဖြင့် လုံလောက်စွာလည်ပတ်နေတဲ့ကမ္ဘာ့တိုင်းပြည်များကို နှိပ်ကွက်ဖို့၊အင်အားနည်းသွားစေဖို့၊တုံးအသွားစေဖို့၊ပျောက်ပျက်သွားအောင် နှိမ်နင်းဖို့ပါပဲ။အဲ့သည်လို နှိမ်နင်းခံလိုက်ရတဲ့အထဲမှာ မြန်မာပြည်ဟာလည်း ပါဝင်ခဲ့ရတယ်ဆိုပါတော့ ။ မူရင်းတွေပျောက်မှ မိတ္တူတွေက လူရာဝင်မှာလေ။အနှစ်အချုပ်က အဲ့ဒါပါပဲ။
myanmar society 🇲🇲