For Top Fan Only ~ ❤️ : Overall Writing

အတိတ်ကို  နည်းနည်းလောက်  ပြန်သွားကြည့်မယ်ဆိုရင်  မေဒိကန် - တရုတ်  ကုန်သွယ်ရေးစစ်ပွဲဖြစ်ခဲ့တာ အားလုံးသိပြီး  ဖြစ်ပါလိမ့်မယ်။ဒေါ်ကြီးရဲ့သမ္မတသက်တမ်း ကုန်ခါနီး ( ၁ )နှစ်အလိုမှာ  ကိုဘစ်ရောဂါ စတင်ဖြစ်ပွားခဲ့ပါတယ်။စတင်ဖြစ်ပွားခဲ့တဲ့နေရာက  တရုတ်နိုင်ငံဝူဟန်  ဖြစ်ပါတယ်။

အဲ့သည်ကိစ္စမှာ  ဝူဟန်ဇီဝဒတ်ခွဲခန်းမှာ  ဠင်းနို့ပိုးတွေမွေးမြူနေကြောင်းကိစ္စကို  ပထမဆုံးလက်ထောက်ချလိုက်သူဟာ  အစ်ဇွေးထာက်လှမ်းရေးဟောင်း ဖြစ်ခဲ့တယ်ဆိုတာ  မှတ်မိသူတွေ  ရှိအုံးမလားတော့  မသိဘူး။

နောက်တစ်ယောက်က  မေဒိကန်နိုင်ငံသားပညာရှင်တစ်ယောက်က  ဝူဟန်ဇီဝဒတ်ခွဲခန်းအတွက်   အလုပ်လုပ်ပေးခဲ့တာမှာ  တစ်လကို  ဒေါ်လာ ( ၁ )သိန်းခွဲ၊နေစရာအိမ်နှင့်ကားအထောက်အပံ့နဲ့  ရခဲ့တယ်။ ထိုသူကို  မေဒိကန်က  ဖမ်းဆီးလိုက်ပြီး  ခုချိန်ထိ  သတင်းထွက်မလာတော့ဘဲ  သဲလွန်စ  ပျောက်သွားခဲ့ပါတယ်။ခုချိန်ထိ  သဘာဝလိုလို၊ဟာသလိုလို၊လူလုပ်လိုလိုနဲ့  အဂျိုးဂဂျောင်  မအူမလည်ရူးချင်ယောင် ဆောင်နေခဲ့ကြတယ်။

တကယ်တော့လည်း အဲ့သည်ဝူဟန်ဒတ်ခွဲခန်းဟာ အနောက်နိုင်ငံတွေက ပညာရှင်တွေနှင့်တရုတ်ပြည်တို့  ပူးပေါင်းလုပ်ခဲ့တဲ့ဒတ်ခွဲခန်း  ဖြစ်နေခဲ့ပါတယ်။

ကိုဘစ်ရောဂါဟာ  တွင်တွင်ကျယ်ကျယ်တကမ္ဘာလုံးကို  အချိန်တိုတွင်းပြန့်နှံ့သွားခဲ့တယ်။သို့ပေမဲ့ မျိုးကွဲတွေ အတွေ့ရများဆုံးက  ဥရောပတိုင်းပြည်တွေ  ဖြစ်နေခဲ့တယ်။ ကမ္ဘာသူကမ္ဘာသားတွေအတွက်ကတော့  A,B,C,D,E,..ကနေ  Z ထိမရောက်သွားတာဟာ ကံကောင်းခြင်းလို့  ဆိုရမလိုပါပဲ။

အဲ့သည်မှာ  စဉ်းစားစရာရှိတာက  ဝူဟန်မှာဖြစ်တဲ့ကိုဘစ်ဟာ  အချိန်တိုတွင်း တကမ္ဘာလုံး ပြန့်သွားတယ်ဆိုတာက   လက်သည်ဟာ  တရုတ်ပြည်တစ်ခုတည်း  မဟုတ်ဘူးဆိုတာ ညွှန်းဆိုနေတယ်။တရုတ်ပြည်တစ်ခုတည်းကတော့  အဲ့သည်လောက်  ကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်ဖို့  မဖြစ်နိုင်ပါဘူး။လူအရောက်အပေါက်နည်းတဲ့  အမေဇုံတောထဲက  လူရိုင်းတွေမှာပါတွေ့တယ်ဆိုတာမျိုးထိတောင်  တွေ့ခဲ့ရတယ်။

ကိုဘစ်ရောဂါဇစ်မြစ်ကို လိုက်ရင်းလိုက်ရင်းနဲ့  မေဒိကန်၏လက်ဝဲရော၊လက်ယာရောဟာ သည်ကိစ္စနဲ့ပက်သက်ပြီး  လုံးဝရေငုံနှုတ်ပိတ်သွားတာ တွေ့ခဲ့ရသလို  တရုတ်ပြည်ကလည်း  ဝူဟန်ကို ဆည်ဖောက်ချပြီး ရေလွှမ်းလိုက်တာမို့   လက်သည်ဟာ  လုံးဝပေါ်တော့မည့်အနေအထား မရှိတော့ပါဘူး။

ကိုဘစ်ကာလတွင်းမှာ ရှိသမျှအပြစ်အားလုံးသူ့အပေါ် ပုံချခံရတော့ သူလည်းပေါက်ကွဲခဲ့ဟန်တူတယ် ၊ တရုတ်ပြည်ဟာလည်း မေဒိကန်ဇီဝဒတ်ခွဲခန်း (၂၀၀ ) ကျော်ရှိတယ်ဆိုပြီး  ဖော်ချခဲ့ပါတယ်။နောက်ပြီး အဲ့လိုဖော်ချပြီးနောက်  ပူတင်နဲ့လည်း သွားတွေ့ခဲ့ပါသေးတယ်။ကမ္ဘာ့အနှံ့က ဘယ်နေရာတွေရယ်လို့  အသေးသိပ်ဖော်ပြတာမျိုးမတွေ့ရပေမဲ့  မြေပုံဖော်ပြချက်ထဲကနေရာအများစုကတော့  ယူကရိန်း ဖြစ်နေခဲ့တယ်။

ကိုဘစ်အထောင်းခံရပြီး ဒေါ်ကြီးပြုတ်သွားခဲ့တယ်။ဒေါ်ကြီးကိုယ်တိုင်ကတော့  ကိုဘစ်ရောဂါဖြန့်အကြံအစည်လုပ်ပြီး  သူကိုယ်သူတော့  သမ္မတနေရာက ဆင်းသွားရအောင်  လုပ်လိမ့်မယ်တော့ မဟုတ်ပါဘူး။အဲ့သည်တော့  လက်ဝဲလစ်ဗြဲတွေဟာ ပူးပေါင်းဆောင်ရွက်ခဲ့သလားဆိုတာ စဉ်းစားစရာ ရှိပါတယ်။

ဒေါ်ကြီးပြုတ်သွားခဲ့တယ်။ဒေါ်ကြီးဆင်းခါနီးမှာ "ငါနိုင်တာ မင်းသိပါတယ် .. ဂျိုးလို့  "  ပြောသွားခဲ့တယ် ။အဲ့ဒါက လှည့်ကွက်လား ?? အဲ့သည်ကိစ္စကတော့  ခုထိ  စောင့်ကြည့်နေတုန်းပါပဲ ။ 

ဘိုင်ကြီးတက်လာခဲ့တယ်။ကိုဘစ်ရောဂါနဲ့ပက်သက်လို့  တရုတ်ပြည်အပေါ် စွတ်စွဲထားတာကို  ပြန်နှုတ်တယ်။အာဏာသိမ်းနိုင်ငံတွေ  အများအပြားပေါ်လာတယ်။အဲ့သည်ထဲမှာ  မြန်မာ ပါဝင်ခဲ့တယ်။

ရက်ရှားက  ယူကရိန်းကို  ကျူးကျော်ခဲ့တယ်။ ရက်ရှားက  ဇီဝဒတ်ခွဲခန်းကိစ္စနဲ့ပက်သက်လို့  ဝင်စီးတာလို့  အကြောင်းပြခဲ့တယ်။ဒါပေမဲ့  MSM အများစုက  ယူကရိန်းကို  ကျူးကျော်တယ်လို့  ရေးခဲ့ကြ၊ဖော်ပြခဲ့ကြတယ်။မည်သို့ပင်ဆိုစေ .. ရက်ရှားက  ယူကရိန်းကို  စစ်ဆင်ရေးလုပ်ခဲ့တာကတော့   အမှန်ဖြစ်တယ်။

ယူကရိန်းထဲကမေဒိကန်ဇီဝဒတ်ခွဲခန်းတွေ  အာဖရိကနှင့်ထိုင်းနိုင်ငံကို  ပြေးကုန်တယ်လို့ တချို့သတင်းတွေက  ဖော်ပြခဲ့တာ  တွေ့ခဲ့ရတယ်။၎င်းကိစ္စကို  ကြည့်ရင် ၎င်းဇီဝဒတ်ခွဲခန်းကိစ္စဟာ  အမှန်ဖြစ်တယ်ဆိုတာ  သိနိုင်တယ်။ယူကရိန်း - ရက်ရှားစစ်ပွဲကြောင့်  သူတို့လက်စ သူတို့သိမ်းပြီး  ထွက်ပြေးရတဲ့သဘော  သက်ရောက်နေခဲ့တယ်။

ရက်ရှား၏ ယူကရိန်းကျူးကျော်စစ်တစ်နှစ်ကျော်ကျော်လောက်မှာ   ရက်ရှားက  ယူကရိန်းနိုင်ငံထဲက ဇီဝဒတ်ခွဲခန်းနဲ့  ပက်သက်တဲ့အချက်အလက်စာမျက်နှာပေါင်း  ၂၀၀၀၀ ကျော်လောက်  ရရှိထားပြီး  ဖြစ်တယ်လို့   ကြေညာခဲ့တယ်။ ၎င်းစွတ်စွဲချက်ကို  မေဒိကန်က  မဟုတ်ကြောင်း  ယနေ့ချိန်ထိ  ငြင်းဆိုမှု  မရှိသေးပါဘူး။

အဆုံးမှာ  ခရိုင်းမီးယားနှင့်တတန်းတည်းကျနေတဲ့  ယူကရိန်းအရှ့ပိုင်းနယ်မြေတွေကို  ဆန္ဒခံယူပွဲလုပ်ပြီး  ရက်ရှားနယ်မြေထဲ  သွတ်သွင်းခဲ့တယ်။အရင်ကတည်းက ၎င်းနယ်မြေတွေက ရက်ရှားထောက်ခံသူတွေလို့  ဖော်ပြတာတွေ့ရပါတယ်။မဲဆန္ဒခံယူပွဲမှာ  ပူတင်ကို  ထောက်ခံတယ်လို့   သတင်းတွေက ဖော်ပြခဲ့တယ်။​ဟုတ်ချင်ဟုတ်မယ်/မဟုတ်ချင်လည်း  မဟုတ်ဘူး ၊ ရက်ရှားနယ်မြေထဲတော့  ရောက်သွားတာ အမှန်ပဲ။ ယူကရိန်းကို  စစ်ထိုးစရိတ်အဖြစ်သိမ်းယူတဲ့သဘော သက်ရောက်နေခဲ့တယ်။

ယူကရိန်းဇီဝဒတ်ခွဲခန်းတွေနဲ့ပက်သက်လို့ ပေါက်ကြားလာတဲ့သတင်းအချက်အလက်တချို့နှင့်သတင်းကွင်းဆက်ဆက်စပ်မှုအရ  ၎င်းဇီဝဒတ်ခွဲခန်းအချက်တွေက  ပင်ဋဂွန်ထိအောင်  ဆက်စပ်နေတဲ့သဘောတရားတွေ  တွေ့ခဲ့ရတယ်။၎င်းကိစ္စအား မေဒိကန်နှင့်ကမ္ဘာ့လူထုက  အရမ်းစိတ်မဝင်စားခင် တရုတ်မိုးလေဝသပူပေါင်းဖောက်ပြီး  အာရုံလွှဲခဲ့တာ  တွေ့ခဲ့ရတယ်။ 

 ရက်ရှားက  ယူကရိန်းနိုင်ငံထဲကဇီဝဒတ်ခွဲခန်းနဲ့  ပက်သက်တဲ့အချက်အလက်စာမျက်နှာပေါင်း  ၂၀၀၀၀ ကျော်ကိစ္စ ထုတ်ပြန်ခဲ့ပီးနောက်  ၊  ယူကရိန်းအရှေ့ပိုင်းနယ်မြေတွေ  ဆန္ဒခံယူပွဲကျင်းပခဲ့ပြီး  ရက်ရှားနယ်ထဲ သွတ်သွင်းပြီးခဲ့တဲ့နောက်၊ယူကရိန်းနိုင်ငံထဲကဇီဝဒတ်ခွဲခန်းတွေ  အာဖရိကနှင့်ထိုင်းနိုင်ငံကို  ပြောင်းပြေးသွားခဲ့ပြီးနောက်ပိုင်းမှာ   "အစ်ဇွေး - ဟားမက်စ်" ပဋိပက္ခ ပေါ်လာတာ  ဖြစ်ပါတယ်။ 

၎င်းအစ်ဇွေး - ဟားမက်စ်ပဋိပက္ခအား ကမ္ဘာ့လူထုရဲ့အပြည့်အဝအာရုံစိုက်မှု ရရှိပြီးတဲ့နောက်မှာ ...
"ယူကရိန်းအတွက် ရံပုံငွေကူညီထောက်ပံ့မှုဟာ  ကြိုးရဲ့အဆုံးကို ရောက်လုနီးနေပြီ ”လို့   
အိမ်ဖြူတော် အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျွန်ကာဘီ ပြောဆိုခဲ့ပါတယ်။

သဘောကတော့  " နှုတ်ဆက်ပါတယ်..ယူကရိန်းရယ်"  ပေါ့။

{  US gave $ 200 billions, total $400 billions from west  to Ukarine }

လက်ရှိဖြစ်ပွားနေတဲ့    အစ်ဇွေး -  ဟားမက်စ်ပဋိပက္ခတွေကတော့  page ကနေ လောလောလတ်လတ်ရေးနေတာဖြစ်လို့   ထပ်မရေးတော့ပါဘူး။

myanmar society 🇲🇲

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ