မိုင်းခတ်စက်ဝန်း (Mong Khet Cycle)
မြန်မာနိုင်ငံ၊မိုင်းခတ်မြို့ကို ဗဟိုပြုပြီး (၃၃၀၀) ကီလိုမီတာ အချင်းဝက်ရှိသောစက်ဝန်းတစ်ခုအား ဆွဲလိုက်မယ်ဆိုရင် ကမ္ဘာ့လူဦးရေ၏ထက်ဝက်ခန့်သော အရေအတွက်( ၄.၀၄၃ ဘီလီယံ ) ဟာ ၎င်းစက်ဝန်းအတွင်းမှာ နေထိုင်ကြပါတယ်။၎င်းသိပ်သည်းဆဟာ ကျန်ရှိသည့်ကမ္ဘာ့အစိပ်အပိုင်း၏မည်သည့်နေရာထက်ကိုမဆို ပိုများတဲ့ပမာဏ ဖြစ်ပါတယ်။
လူဦးရေထူထပ်များပြားရသည့်အဓိကအကြောင်းအရင်းကတော့ အစာရေစာပေါများကြွယ်ဝလို့ ဖြစ်ပါတယ်။
ရင်းမြစ်တွေ ကြွယ်ဝချမ်းသာသည့်အားလျော်စွာ ရင်းမြစ်တွေကို ဖျက်ဆီးပစ်ချင်နေသူတွေ၊ ဂုတ်သွေးစုပ်အမြတ်ထုတ်ချင်သူတွေ၊ခြေကန့်လန့်ထိုးချင်သူတွေ၊ မနာလို ကဖျက်ယဖျက်လုပ်ချင်သူတွေရဲ့ မျက်စိစပါးမွှေးစူးသလို ဖြစ်နေရတဲ့နေရာလည်းပဲ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံဟာ ပထဝီနိုင်ငံရေးအရေးပါမှုမှာ အဓိကကျသလို ကမ္ဘာ့လူဦးရေသိပ်သည်းဆအများဆုံးနေရာရပ်ဝန်းမှာ တည်ရှိနေသည့်အတွက်ကြောင့် နိုင်ငံရေး၊စီးပွားရေး၊လူမှုရေး စသည့်ကဏ္ဍအသီးသီးမှာ အရေးပါပါတယ်။မြန်မာနိုင်ငံ၏မြေ တစ်လက်မချင်းစီတိုင်းက တန်ကြေးကြီးပါတယ်။
ကိုယ့်တန်ဖိုးကို မမေ့လျော့ကြပါစေနဲ့။
ပြည်ပနိုင်ငံတွေရဲအသုံးချခံလည်း အဖြစ်မခံပါနဲ့။
ကိုယ့်ကိုယ်ကို ယုံကြည်ပါ။
ကိုယ့်ဂုဏ်သိက္ခာကို မြှင့်တင်ပါ။
myanmar society 🇲🇲
သာယာသောနေ့လေးဖြစ်ပါစေ ~ ❤️❤️