Operation Dark Storm
မေဒိကားဟာ ကမ္ဘာကြီးပူနွေးလာမှုကို တိုက်ဖျက်ရန်ဆိုသောအကြောင်းပြချက်ဖြင့် The Matrix ဇာတ်ကားထဲမှ 'Operation Dark Storm' လှုံ့ဆော်မှုအား ပမာယူ၍ နေရောင်ခြည်ဝင်ရောက်မှုကို ကန့်သတ်ရန်အတွက် စထရာတိုစဖီးယားအလွှာထဲသို့ အမှုန်အမွှားများကို ဖြန်းလိုသော တစ်နှစ်လျှင် ဒေါ်လာ( ၁၀ ) ဘီလီယံ ကုန်ကျနိုင်သည့် လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါတယ်။
ကမ္ဘာကြီးပူနွေးလာမှုအား ကိုင်တွယ်ဖြေရှင်းရန်ဆိုသောအကြောင်းပြချက်ဖြင့် အိမ်ဖြူတော်၏ ငါးနှစ်စီမံကိန်းတွင် နေရောင်ခြည်ကို အာကာသထဲသို့ ရောင်ပြန်တွန်းထုတ်ရန်အတွက် လေထုထဲသို့ အမှုန်အမွှားများ ဖြန်းပေးခြင်းတို့ ပါဝင်ပါတယ်။တာဝန်ရှိသူများက ဆာလဖာဒိုင်အောက်ဆိုဒ်ဖြန်းဆေး၏ ဖြစ်နိုင်ချေကို သုတေသနပြုနေသည်ဟုလည်း ဆိုပါတယ်။၎င်းဓာတ်ငွေ့ညစ်ညမ်းမှုတွင် အလင်းပြန်သည့် ဂုဏ်သတ္တိများ ပါရှိပါတယ်။
စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်ထဲက ဇာတ်ကွက်တစ်ခုလို့ ထင်ရပေမယ့် ၎င်းဟာအလွန်ကြောက်မက်ဖွယ်ရာကောင်းတဲ့စီမံကိန်းလည်း ဖြစ်ပါတယ်။
[ ၎င်းစီမံကိန်းအား သုတေသနဆက်လုပ်နေသေးလား (သို့မဟုတ်) Q အမည်ခံအင်အားစုက ဝိုင်းဖျက်လို့ ပျက်သွားပလားဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။]
စိုက်ပျိုးရေးကို အခြေခံတဲ့နိုင်ငံတွေမှာ နေရောင်ခြည်လုံလောက်စွာ မရရှိခဲ့ရင် စိုက်ခင်းတွေဟာ မဖြစ်ထွန်းနိုင်တော့ပါဘူး။သီးနှံတစ်ခုနှင့်တစ်ခုဟာ နေရောင်ခြည်လိုအပ်ချက်ပမာဏ မတူညီကြပါဘူး။အဲ့သည်လို လုပ်ခြင်းဖြင့် တချို့သောမျိုးဗီဇတွေ မျိုးသှဉ်းပျောက်ကွယ်သွားနိုင်ပါတယ်။ထို့အတွက်အစာရေစာ ရှားပါးလာရင် သူတို့ထုတ်လုပ်တဲ့ဓာတ်ခွဲခန်းထဲက အစားအစာတွေပေါ် မှီခိုလာရမှာ ဖြစ်ပါတယ်။ နေရောင်ရရှိမှု လျော့ကျသွားခဲ့ရင် Vitamin - D လိုဟာမျိုးတွေ ချို့တဲ့ပြီး အရိုးပျော့ရောဂါနှင့်အခြားသောမလိုလားအပ်သည့် ရောဂါတွေ ထူပြောလာမှာ ဖြစ်ပါတယ်။အဲ့လိုအခြေအနေရောက်လာရင် သူတို့ပိုင်တဲ့ပဋိဆေးဝါးကုမ္ပဏီကြီးတွေဆီကို လူတွေက မှီခိုလာရမှာ ဖြစ်ပါတယ်။လူဦးရေ ထူထပ်များပြားတဲ့တရုတ်နှင့်အိန္ဒိယလိုနိုင်ငံမျိုးတွေအတွက် စိုက်ပျိုးရေးထုတ်ကုန်စွမ်းအားလျော့ကျသွားတာနဲ့ ဆာလောင်မှုဟာ အဓိကပြဿနာတစ်ရပ်လို ဖြစ်လာမှာ ဖြစ်ပါတယ်။တခြားသောစိတ်ကူးယဉ်ကြည့်လို့မရတဲ့ပြဿနာပေါင်းသောင်းခြောက်ထောင်ကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
ကမ္ဘာကြီးပူနွေးလာမှု၊ရာသီဥတုပြောင်းလဲမှုခေါင်းစဉ်တပ်ပြီး အသံကောင်းဟစ်နေကြပေမဲ့ တကယ်အရှိတရားမှာ ရာသီဥတုပြောင်းလဲအောင် စွမ်းဆောင်နေကြတာဟာ သူတို့ပါပဲ။ Geo Engineering လုပ်ပြီး ရာသီဥတု ကမောက်ကမဖြစ်အောင် လုပ်နေကြတာလည်း သူတို့ပါပဲ။၎င်းလုပ်ဆောင်ချက်ဟာ ဘာသာတစ်ခုတည်း၊လူသားတစ်မျိုးတည်း၊အစိုးရတစ်ခုတည်း၊အုပ်ချုပ်ရေးစနစ်တစ်ခုတည်း၊လူဦးရေလျော့ခြင်း စသည့်ကမ္ဘာသစ်စီမံကိန်းနဲ့ ဆက်နွယ်မှု ရှိနေတာလည်း ဖြစ်ပါတယ်။
ကမ္ဘာသစ်အမိန့်ဆိုသည်မှာ ကျွန်ုပ်တို့သိသည့်အတိုင်း လွတ်လပ်ခြင်း၏အဆုံးသတ်နှင့် လူသားတို့အတွက် အမှောင်ခေတ်သစ်၏အစပြုခြင်းကို ဆိုလိုပါတယ်။
ဒါကြောင့် သဘာဝစိုက်ပျိုးရေးမြေဧရိယာကျယ်ဝန်းတဲ့နိုင်ငံတွေ ၊ လူဦးရေသိပ်သည်ဆမြင့်မားတဲ့နိုင်ငံတွေ ၊ ရင်းမြစ်ပေါများတဲ့နိုင်ငံတွေ ၊ ဘာသာရေးအယူဝါဒသိပ်သည်းဆမြင့်တဲ့နိုင်ငံတွေ ၊ အမျိုးသားရေးစိတ်ဓာတ်ပြင်းတဲ့နိုင်ငံတွေဟာ သူတို့ရဲ့အဓိက ပစ်မှတ်လို ဖြစ်နေခဲ့တာလည်း ဖြစ်ပါတယ်။
myanmar society 🇲🇲