Operation PopEye

Operation PopEye သည် ၁၉၆၇ - ၁၉၇၂ ခုနှစ်အတွင်း အရှေ့တောင်အာရှတွင် ထိပ်တန်းလျှို့ဝှက်စည်းရုံးလှုံ့ဆော်မှုတစ်ခုဖြစ်ပြီး ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အဆင့်သတ်မှတ်ထားသော အစီအစဉ်တစ်ခုဖြစ်ခဲ့ပါတယ်။

အမေရိကန်လေတပ်ဟာ  ပထဝီဝင်အင်ဂျင်နီယာ - မိုးလေဝသဗေဒကို စစ်ရေးအရ လုပ်ဆောင်ခြင်းတွင် ပါဝင်ခဲ့ပါတယ်။ 

ပြုလုပ်ရသည့်အကြောင်းအရင်းကတော့   မုတ်သုံရာသီကို သက်တမ်းတိုးဆွဲဆန့်ထားနိုင်ရန်နှင့်မြောက်ဗီယက်နမ်တပ်များ၏ လှုပ်ရှားမှုကို ဟန့်တားရန် လျှို့ဝှက်ကြိုးပမ်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် လုပ်ဆောင်ခဲ့ကြတာ  ဖြစ်ပါတယ်။

အမေရိကန်ဟာ မြောက်နှင့်တောင်ဗီယက်နမ်၊ လာအိုနှင့် ကမ္ဘောဒီးယားတိို့၏ ကောင်းကင်ထက် တိမ်တိုက်မျိုးစေ့ (၂၆၀၀ )ကျော်ကို ကြဲချခဲ့တာလည်း ဖြစ်ပါတယ်။အဆိုပါ စစ်ဆင်ရေးသည် ငွေအိုင်အိုဒိုက်နှင့်ခဲအိုင်အိုဒိုက် နှစ်မျိုးလုံးဖြင့် တိမ်များကို မျိုးစေ့ချပေးခဲ့ပြီး ပစ်မှတ်ထားသော နေရာများတွင် မုတ်သုံရာသီကို ပျမ်းမျှ ရက်ပေါင်း ( ၃၀ ) မှ ( ၄၅ )ရက်အထိ တိုးလာစေခဲ့ပါတယ်။

ထိုသို့လုပ်ဆောင်ခြင်းကြောင့်  လမ်းမျက်နှာပြင်များကို ပျော့ပျောင်းသွားစေခဲ့ပြီး လမ်းများတစ်လျှောက် မြေပြိုမှုများ ဖြစ်ပွားခဲ့ပါတယ်။မြစ်ကူး၊ချောင်းကူးတံတားများကို မျောပါသွားစေခြင်း ၊ မြေအောက်လှိုက်ခေါင်းများအတွင်း ရေဝင်နစ်မြုပ်စေခြင်း၊ရေကြီးရေလျှံဖြစ်ပေါ်စေခြင်း၊စိုက်ပျိုးသီးနှံခင်းများရေမြှုပ်စေခြင်း၊လမ်းပန်းဆက်သွယ်မှုအား ခက်ခဲသွားစေခြင်း စသည့်အပိုဆိုးကျိုးများစွာကို  ဖြစ်ပေါ်စေခဲ့ပါတယ်။

ရာသီဥတုအား  အလားအလာရှိသော လက်နက်အဖြစ် လက်ခံခြင်းမှာ ပထမဆုံးအကြိမ်တော့လည်းမဟုတ်ပေ။ ၁၈၇၂ ခုနှစ်တွင် အမေရိကန်ကွန်ဂရက်လွှတ်တော်မှ စစ်အတွင်းဝန်များနှင့်ရေတပ်တို့အား အမြောက်ဖြင့်ပစ်ခတ်၍ မိုးရွာသွန်းမှုတိုးတက်စေနိုင်သည့် ဆက်နွယ်မှုကို စမ်းသပ်ရန် Edward Powers မှ သူ၏စစ်ပွဲနှင့် မိုးလေဝသစာအုပ် (၁၈၇၁) မှ အဆိုပြုရေးသားခဲ့ပါတယ်။ 

PopEye စစ်ဆင်ရေးကို ၁၉၇၄ ခုနှစ်တွင် လျှို့ဝှက်အဆင့်သတ်မှတ်ချက်မှလျော့ချခံရပြီး ကုလသမဂ္ဂသည် ၁၉၇၇ ခုနှစ်တွင် Environmental Modification (ENMOD) Treaty ကို အတည်ပြုပြီးနောက် ရာသီဥတုပြောင်းလဲမှုကို ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခြင်းမှ တားမြစ်ခဲ့ပါတယ်။  

PopEye စစ်ဆင်ရေးသည် အတော်လေး အောင်မြင်ခဲ့ပြီး ၎င်း၏ ပန်းတိုင်သို့ ရောက်ရှိခဲ့ပါတယ်။

အောက်ဖော်ပြပါအကြောင်းအရာသည် ၂၇၄ မှကိုးကားပါသည်။ နိုင်ငံရေးရေးရာလက်ထောက်နိုင်ငံခြားရေးဝန်ကြီး (Kohler) မှ နိုင်ငံခြားရေးဝန်ကြီး Rusk Washington သို့  ပေးပို့ခဲ့သော  (၁၉၆၇ ခုနှစ်၊ဇန်နဝါရီလ ၁၃ ရက်နေ့) စာချွန်လွှာမှ ဖြစ်သည်။

"ကျွန်ုပ်တို့၏အမြင်အရ  ၎င်းစမ်းသပ်မှုများသည်
အနည်းဆုံး ရာသီဥတုနှင့်မြေပြင်အခြေအနေစမ်းသပ်မှုများအပါအဝင်  ငြင်းမရလောက်အောင် အောင်မြင်ခဲ့ပါတယ်။အမေရိကန်အစိုးရသည် သိသာထင်ရှားသော ရာသီဥတုပြောင်းလဲမှု၏ စွမ်းဆောင်ရည်ကို သိရှိနားလည်ကြောင်း ညွှန်ပြပါတယ်။ အကယ်၍ စမ်းသပ်မှုများသည်  လွန်စွာအောင်မြင်သော်ငြားလည်း မိုးရွာသွန်းမှုပမာဏနှင့်ထိခိုက်မှုဧရိယာအတိုင်းအတာကို တိကျစွာခန့်မှန်း၍မရပါ။ထို့ကြောင့် တစ်ခုတည်းသော အကြွင်းမဲ့ထိန်းချုပ်မှုမှာ တိမ်မျိုးစေ့ချခြင်းကို ရပ်တန့်ရန် ဟူသောအချက် ဖြစ်သည်" 

Ref : Wikipedia & Other  Sources

myanmar  society 🇲🇲

အဲ့သည်လိုအကြောင်းအရင်းတွေကြောင့်လည်း    မြန်မာပြည်မှာ  ချိန်ခါမဟုတ်မိုးကြီးရေလျှံဖြစ်တိုင်း၊မုန်တိုင်းဝင်ရောက်ခြင်းများ ဖြစ်ပေါ်တိုင်း  သံသယမျက်လုံးနဲ့  ကြည့်နေမိတာတော့  အမှန်ပါ။
ဥပမာ - မိုခါ ၊ ပဲခူး ရေကြီးနေတာတို့ ... 🤔

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ