Terminator နာမည်၏ မူလဇစ်မြစ်
The Terminator ဟာ ဒါရိုက်တာ James Cameron ၏ ၁၉၈၄ ခုနှစ် သိပ္ပံဝတ္ထုတိုဇာတ်ကားဖြစ်သည်။
၎င်းတွင် Sarah Connor (Linda Hamilton) ကိုသတ်ရန် ၂၀၂၉ မှ ၁၉၈၄ ခုနှစ်အတွင်း အချိန်နောက်ပြန်သွားခဲ့သော ဆိုက်ဘာလူသတ်သမားအဖြစ် အာနိုး(Arnold Schwarzenegger) က သရုပ်ဆောင်ထားခဲ့ပါတယ်။
ဉာဏ်ရည်တုစနစ် Skynet ဟာ သူမ၏မွေးကင်းစသားသည် ၎င်းတို့အား တိုက်ခိုက်ရန် ဦးဆောင်မည်ကို သိသောကြောင့် Sarah အား ပစ်မှတ်ထား တိုက်ခိုက်တဲ့ဇာတ်လမ်း ဖြစ်ပါတယ်။
_________________
၎င်းသိပ္ပံဝတ္တုတိုဇာတ်ကားတွင်ပါဝင်သရုပ်ဆောင်ခဲ့သော အာနိုး (Arnold Schwarzenegger)၏ဖခင်သည် ဟစ်တလာလက်ထက်တွင် အဆင့်မြင့် နာဇီ SS အရာရှိတစ်ဦးဖြစ်ပြီး ၎င်း၏အမည်ပြောင်မှာ Terminator ဖြစ်သည်ကို သင်သိပါသလား။
အာနိုး၏ဖခင် Gustav Schwarzenegger ဆိုတာ ဘယ်လိုလူမျိုးလဲ ??
Gustav အား ၁၉၀၇ခုနှစ် ဩဂုတ်လ ( ၁၇ ) ရက်နေ့တွင် Karl Schwarzenegger နှင့် Cecilia Schwarzenegger-Hinterleitner တို့မှ မွေးဖွားခဲ့ပါတယ်။သူဟာ ၁၉၄၅ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် Aurelia Jadrny နှင့် လက်ထပ်ခဲ့ပြီး သူတို့၏ကလေးနှစ်ယောက်မှာ Arnold နှင့် Meinhard တို့ ဖြစ်ပါတယ်။
Gustav Schwarzenegger သည် သြစတြီးယားရဲချုပ်၊ စာတိုက်စစ်ဆေးရေးမှူးနှင့် စစ်ရဲအရာရှိ ဖြစ်ခဲ့ပါတယ်။သူဟာ ၁၉၃၀ မှ ၁၉၃၇ ခုနှစ်အထိ သြစတြီးယားစစ်တပ်တွင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
သူဟာ ၁၉၃၈ ခုနှစ်တွင် နာဇီပါတီ၏ သြစတြီးယားအဖွဲ့ခွဲသို့ ဝင်ရောက်ခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း ၎င်းတို့အတွက် တိုက်ပွဲဝင်ခဲ့ပါတယ်။ Gustav ဟာ ပိုလန်၊ ပြင်သစ်၊ ဘယ်လ်ဂျီယံ၊ ယူကရိန်း၊ လစ်သူယေးနီးယားနှင့် ရုရှားတို့တွင် တာဝန်ထမ်းဆောင်ခဲ့ဖူးသည်ဟု ယုံကြည်ရပြီး Iron Cross ချန်ပီယံဆုကို ရရှိခဲ့ပါတယ်။
Gustav ဟာ ဒုတိယကမ္ဘာစစ်အတွင်း နာဇီပါတီတွင် အမှုထမ်းခဲ့ပြီး Stalingrad တိုက်ပွဲတွင် ဒဏ်ရာရခဲ့ပါတယ်။
၁၉၈၀ ခုနှစ်များနှောင်းပိုင်းတွင် သတင်းစာများက Gustav သည် နာဇီပါတီ၏အဖွဲ့ဝင်တစ်ဦးဖြစ်ကြောင်း ဖော်ပြခဲ့ပါတယ်။ ဗီယင်နာရှိ Austrian State Archives မှ စာရွက်စာတမ်းများတွင် Gustav သည် Wiesenthal Center ဖော်ထုတ်ထားသည်ထက် ဟစ်တလာအစိုးရတွင် ပိုမိုနက်ရှိုင်းစွာ ပါဝင်ပတ်သက်ကြောင်း ဖော်ပြခဲ့ပါတယ်။
myanmar society 🇲🇲