Posts

Showing posts from July, 2024

မြန်မာပြည်သူများဟာ ခံဘက်ကမဖြစ်ရ

Image
လတ်တလောသတင်းအရ   အာဖရိကတိုက်၏ကုန်းတွင်းပိတ်နိုင်ငံတွေဖြစ်ကြတဲ့ "မာလီ၊နိုက်ဂါ၊ဘာကီနာဖာဆို"တို့ဟာ ကွန်ဖက်ဒရိတ်ဖွဲ့လိုက်ကြပါတယ်။သုံးနိုင်ငံစလုံးကတော့  လက်ရှိမှာ  စစ်တပ်က အုပ်ချုပ်နေကြတဲ့နိုင်ငံတွေ  ဖြစ်ကြပါတယ်။သူတို့ စစ်အာဏာရှင်နိုင်ငံအချင်းချင်း လက်ချင်းချိတ်ပြီး အပြန်အလှန်ဖေးမနိုင်ဖို့  ကွန်ဖယ်ဒရိတ်ဖွဲ့လိုက်ကြတဲ့သဘောတရားပါပဲ။ပြင်သစ်နှင့်ဥရောပနိုင်ငံတချို့ရဲ့နိုင်ငံရေးချယ်လှယ်မှုနှင့်စီးပွားရေးလုပ်ကွက်တွေကိုကန်ထုတ်ဖို့  ၎င်းနိုင်ငံတွေမှာလည်း  အာဏာသိမ်းဖြစ်စဉ်တွေ  ဖြစ်ခဲ့ရပြီး  ယခုတော့ ပြင်သစ်နှင့်ဥရောပနိုင်ငံတချို့ကို  နိုင်ငံတွင်းကနေ  ကန်ထုတ်ခဲ့လိုက်ကြပြီး ဖြစ်ပါတယ်။ကမ္ဘာ့ပုန်းလျှိုးအစိုးရ၏အကျိုးအမြတ် ၊ ကမ္ဘာ့ပုန်းလျှိုးအစိုးရဆန့်ကျင်ရေးအုပ်စုများ၏အကျိုးအမြတ် ၊ ကမ္ဘာ့အင်အားကြီးနိုင်ငံများ၏အကျိုးအမြတ်နှင့်၎င်းဒေသတွင်းစစ်ခေါင်းဆောင်များ၏အကျိုးအမြတ်အတွက်   နိုင်ငံရေးအားပြိုင်ပွတ်တိုက်မှုကြားမှာ  ၎င်းအာဖရိကကုန်းတွင်းပိတ် ( ၃  )နိုင်ငံ၏ပြည်သူတွေကတော့  ဖြစ်သမျှစုခံပေါ့ဗျာ။ "ရုရှား၊တရုတ်၊အမေရိကန်"...

ICJ Case • #Update

Image
မြန်မာ Vs  ဂမ်ဘီယာ၊ကနေဒါ၊ဒိန်းမတ်၊ပြင်သစ်၊ဂျာမနီ၊နယ်သာလန်၊ဗြိတိန်နှင့်မော်လဒိုက် ICJ တရားရုံးဟာ  တရားလိုဖက်က အားဖြည့်ကူမည့် နိုင်ငံ ( ၇ )နိုင်ငံ၏ တင်ပြချက်တွေကို လက်ခံဖို့  ခွင့်ပြုပေးလိုက်ပြီ  ဖြစ်ပါတယ်။ ထိုသူများဟာ  ကာယကံရှင် စစ်ကောင်စီကို တရားမစွဲဘဲ  နိုင်ငံကို တရားစွဲခဲ့ကြတယ်။စစ်ကူက ( ၇ ) နိုင်ငံပါတဲ့။နိုင်ငံဆိုတာ ပြည်သူပဲ၊နိုင်ငံကို  တရားစွဲတာဟာ  ပြည်သူကို တရားစွဲတာပဲ။မြန်မာနိုင်ငံသားတစ်ယောက်ချင်းစီတိုင်းကို  တရားစွဲထားတာ ဖြစ်ပါတယ်။ "ကာယကံရှင် စစ်ကောင်စီကို  တရားစွဲကြပါဟဲ့"လို့တိုက်တွန်းတော့ ..အာဂျင်တီးနားတရားရုံးကို အဆိုတင်သွင်းမှုမှာ  "ဒေါ်အောင်ဆန်းစုကြည်"နာမည်ကို  ထည့်ဖြစ်အောင် ထည့်ကြတယ်တဲ့လား😅 ICJ တရားရုံးရောက်အောင်  စတင်ပြဿနာရှာပြီး နယ်ခြားစောင့်စခန်းကို ဝင်တိုက်ခဲ့တဲ့ ARSA က  ခုတော့  စစ်ကောင်စီနှင့်ပေါင်း ရွာတွေမီးရှို့ခဲ့ကြပြီး   ရခိုင်တပ်တော် - AA  ကို  ပြန်တိုက်နေကြပါသတဲ့။စစ်ကောင်စီနဲ့ပူးပေါင်းတဲ့အထဲမှာ ARSA အပြင်  ARA နှင့် RSO တောင်ပါသေးဆိုပဲ။ သည့်ထက်ပိုပြောလိ...

ဒုတိယမ္ပိ လုပ်ကြံခံရခြင်း

Image
ဗိုလ်ချုပ်အောင်ဆန်းနှင့်ဝန်ကြီးများအဖွဲ့ကို  လုပ်ကြံခဲ့ကြပြီး  မြန်မာ့နိုင်ငံရေးကို  သူတို့အလိုရှိရာ  ပုံသွင်းခဲ့တာဟာလည်း  Deep  State လက်ချက်ပဲ။ ယခုလည်း  ဒေါ်အောင်ဆန်းစုကြည်နှင့်ဝန်ကြီးများအဖွဲ့ကို  ရိုဘင်္ဂလီအရေးနဲ့  ကမ္ဘာ့အရေးစာမျက်နှာမှာ သြဇာအာဏာကျဆင်းအောင်လုပ်ပြီး  အာဏာသိမ်းအကျဉ်းချထားကြတာဟာလည်း  Deep  State  လက်ချက်ပါပဲ။  မြန်မာနိုင်ငံနှင့်ပြည်သူတွေရဲ့ကောင်းကျိုးအား ရှေးရှုသောခေါင်းဆောင်တွေကို  အပြစ်မရှိ အပြစ်ရှာ  ဖယ်ထုတ်ပြီး  သူတို့အလိုရှိတဲ့နိုင်ငံရေးကို  ကြိုးဆွဲဖို့  ကြိုးစားနေကြတာပါ။ အဓိကဆိုလိုရင်းက  တစ်ဦးတစ်ယောက်၊အသင်းအဖွဲ့တစ်ခုတည်းက  လှုပ်ရှားလုပ်ကိုင်နေတာမျိုးမဟုတ်ဘဲ   ပူးပေါင်းကြံစည် လုပ်ဆောင်နေကြခြင်း ဖြစ်တယ်ဆိုတာကို သတိချပ်ကြဖို့ လိုပါတယ်။ ခေတ်ဟောင်းနည်းနာနှင့်ခေတ်သစ်နည်းနာပဲ  ကွဲပြားပါတယ်။ခေါင်းဆောင်တွေ လုပ်ကြံခံခဲ့ရတာချင်းကတော့  အတူတူသာ ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ  ဆိုရှယ်လစ်စစ်အုပ်စု(စစ်ကောင်စီ) မရှိရေးထက်  ဒေါ်အောင်ဆ...

မြန်မာ့ဖက်ဒရယ်ဒီမိုကရေစီအရေးကို ကမ္ဘာ့နိုင်ငံတွေက ဘာကြောင့်လိုလိုလားလား အားမပေးကြလဲ ??

Image
လက်တလောမြန်မာနိုင်ငံ၏ကမ္ဘာ့အရေးနဲ့ပက်သက်ပြီး ပြောရရင်   အမေရိကန်၊တရုတ်၊အိန္ဒိယနှင့်အာစီယံတို့ ပူးပေါင်းပြီး  မြန်မာ့အရေးကို ဆွေးနွေးရေးလမ်းကြောင်းကို  ဦးတည်ပေးနေတာ တွေ့ရပါတယ်။သမ္မတဟောင်း ဦးသိန်းစိန်ကို  ပွဲပြန်ထုတ်ဖို့  ရည်စူးနေကြဟန်လည်း  ရှိပါတယ်။စစ်ကောင်စီဖက်က  ရွေးကောက်ပွဲနှင့်သန်းခေါင်းစာရင်းကိစ္စကိုလည်း  ထုတ်ပြောလာတာလည်း တွေ့ရတယ်။ကမ္ဘာ့နိုင်ငံများအနေနဲ့  မြန်မာ့အရေးကို  ဆွေးနွေးရေးလမ်းကြောင်းထဲကို  အတင်းမောင်းသွင်းဖို့  စိုင်းပြင်းနေကြပုံလည်း ပေါ်ပါတယ်။ [ စစ်တပ်ဘက်မှာတော့  ဦးသိန်းစိန်ဟာ  သမ္မတဟောင်းတစ်ဦးလည်းဖြစ်သလို   ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်တဲ့အစိုးရကို အာဏာလွှဲပေးခဲ့တဲ့သူလည်းဖြစ်တာကြောင့်  အာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထက်စာရင်   စစ်တပ်ဖက်နဲ့  ဆက်ဆံရေးထူထောင်ဖို့  သမ္မတဟောင်းတစ်ဦးဖြစ်တဲ့ဦးသိန်းစိန်နဲ့   ဆက်ဆံရတာဟာ ပိုသက်တောင့်သက်သာရှိပြီး  အများအမြင်မှာ  မရိုင်းလှဘူးလို့ ယူဆပြီး  တရုတ်ဗဟိုအစိုးရဟာ...

ဝီကီလိခ်မှ ဖော်ချမှုများ

Image
ဝီကီလိခ်တည်ထောင်သူ  Julian Assange လွတ်ပြီလို့ သတင်းကြားသိရပါတယ်။သို့သော်  ဝီကီလိခ်ဟာ  ဒီမိုကရက်တစ်အမျိုးသားကော်မတီ - DNC နှင့်ပက်သက်သော အီးမေးလ်ပေါင်း ( ၂၀၀၀၀ ) ကျော်ကို ဖျက်ပေးလိုက်ရပါတယ်။ ဘယ်လိုအီးမေးလ်အမျိုးစားတွေလဲလို့ မေးဖို့လိုမယ် မထင်ဘူး။တကမ္ဘာလုံး  အရေးအခင်းမှန်သမျှကို  အမေရိကန်က ဘယ်လိုကြိုးကိုင်တယ်ဆိုတဲ့အကြောင်းအရာတွေပါ။ [ page မှာတောင်  တခါရှယ်ပေးဖူးတယ်ထင်တယ်။ E  လိုရေးထားတာရော၊ကမ္ဘာ့နိုင်ငံရေးအဆင့်ကို သိရှိနားလည်နိုင်ဖို့ ခက်တာရောကြောင့်  page မှာ ရှယ်ပေးခဲ့ပေမဲ့  ဘယ်သူမှတောင်  ဝင်ဖတ်ခဲ့ကြပုံမပေါ်ဘူး  ထင်ပါတယ်။ ] အကုန်လုံးသာဖော်ချလိုက်ရရင်  ဝါရှင်တန်ရဲ့ ၉၈ ရာခိုင်နှုန်းဟာ ပြိုကျသွားလိမ့်မယ်လို့  Julian Assange ကဆိုပါတယ်။ Deep State ဟာ Julian Assange နဲ့ သဘောတူညီချက်တစ်ခု ပြုလုပ်ခဲ့ပုံပေါ်ပါတယ်။ ၁။ဂွာတာနာမိုအကျဉ်းထောင်ဖိုင် (၂၀၁၁ ) ဝီကီလိခ်ဟာ Guantánamo ပင်လယ်အော်ရှိ အမေရိကန်ထိန်းသိမ်းရေးစခန်းတွင် အကျဉ်းသား ၈၀၀ ကို အလွဲသုံးစားပြုမှုအပေါ် ခွဲခြားထားသော အကဲဖြတ်ချက်များအား ထုတ်ပြန်ခဲ့ပြီး ၎င...

နောက်ဆုံးခေါ်ဆိုမှု

Image
တတ်နိုင်လို့  နွေဦးတော်လှန်ရေးအဖွဲ့တွေမှာ စစ်ကောင်စီတွင်ရှိသည့်လက်နက်အင်အားထက် နှစ်ဆပဲ ရှိရှိ ၊ ဟိုနားတဖွဲ့ ..သည်နားတဖွဲ့...တော်လှန်၊ထပစ်နေယုံနဲ့   နွေဦးတော်လှန်ရေးဟာ  လုံးဝမအောင်နိုင်ပါဘူး။ အစိုးရယန္တရားဟာ  ဘယ်လောက်အရေးပါလဲဆိုရင်   စစ်ကောင်စီတပ်ကိုပဲ  ကြည့်ပါ။တပြည်လုံး မျက်မုန်းကျိုးကာ ချဉ်ဖက်ဘဝရောက်နေရပြီး  မျိုးနွယ်စုတွေအားလုံးက  ဝိုင်းတိုက်တာခံနေရလို့  သူ့ဖာသာသူအဆီအငေါ်မတည့် ခရိုခယိုင်ဖြစ်နေတာတောင်  တော်တော်နဲ့ ပြိုကျမသွားပါဘူး။အဲ့ဒါဟာ အစိုးရယန္တရားစွမ်းအားပါပဲ။  အစိုးရယန္တရားမှာက ရည်ရွယ်ချက်ရှိသောဦးတည်ရာ  ပစ်မှတ်ကို  ဆယ်စက္ကန့်တွင်း   ကျည်တစ်သန်းလောက်  ပစ်ထည့်လိုက်လို့ရပါတယ်။ အစိုးရဝန်ထမ်းယန္တရားမဟုတ်တဲ့ ဟိုနားတဖွဲ့၊သည်နားတဖွဲ့တော်လှန်ရေးအဖွဲ့တွေအတွက်  ရည်ရွယ်ချက်ရှိသောဦးတည်ရာပစ်မှတ်ကို  ဆယ်စက္ကန့်တွင်း ကျည်တစ်သန်း ပစ်ထည့်ဖို့  မဖြစ်နိုင်ပါဘူး။ဘာကြောင့်လဲဆိုတော့  သူတို့မှာက  တိကျတဲ့စည်းချက်  ရှိမနေလို့ ဖြစ်ပါတယ်။ အင်အားမရှိလို့ ... လက်နက်မပြည့်စုံလ...

ကမ္ဘာလုံးဆိုင်ရာ အပြောင်းအလဲ

Image
စာဖတ်သူတွေထဲကတချို့လာမေးတဲ့မေးခွန်းက  " အဲ့သည် Deep State ဆိုတာကြီးက မပြိုကျသေးဘူးလား"ဆိုတဲ့မေးခွန်းပါ။ Deep  State ဆိုတာ ခင်ဗျားတို့..ကျနော်တို့ လက်လှမ်းမမှီနိုင်တဲ့မသိနိုင်သည့်အရာသာ ဖြစ်ပါတယ်။ကစကတည်းက နောက်ကွယ်က ကြိုးကိုင်ချယ်လှယ်သူတွေဖြစ်ကြလို့  သူတို့ရှောသွားခဲ့ရင်လည်း  ဘယ်သူမှ သိနိုင်မှာ မဟုတ်ပါဘူး။ အဖွဲ့အစည်းဆိုတာ သတ်မှတ်ချက်ပဲလေ။ အဓိက လူတွေ  .. ဒါကြောင့် လူတွေကို ပြောင်းတာ၊ ဖြုတ်တာ၊ပြင်တာ၊အစားထိုးတာ၊နောက်တန်းပို့တာ ၊ဖယ်ရှားတာ၊လုပ်ကြံခံရတာတွေ ရှိလာပြီဆိုရင် ပြောင်းလဲဖို့ ကြိုးစားနေကြတယ်လို့  ထောက်ရှုလို့ရပါတယ်။ဒါကြောင့်  ကမ္ဘာလုံးဆိုင်ရာနိုင်ငံတွေ၊ကမ္ဘာလုံးဆိုင်ရာအဖွဲ့အစည်းတွေမှာ လူပြောင်း/မပြောင်း၊မူပြောင်း/မပြောင်းကို  အဓိကစောင့်ကြည့်အကဲခတ်ရမှာ  ဖြစ်ပါတယ်။ ဥပမာ - အမေရိကန်နိုင်ငံ မကောင်းတာနဲ့  အမေရိကန်နိုင်ငံကို  ဖျက်ပစ်ရမှာလား။အုပ်ချုပ်သူတွေ အစားထိုးပြီး  မူတွေပြင်မှာလား။ မြန်မာနိုင်ငံ မကောင်းတာနဲ့  မြန်မာနိုင်ငံကိုဖျက်ပစ်ရမှာလား။အုပ်ချုပ်သူတွေ အစားထိုးပြီး  မူတွေပြင်ရမှာလား။(မြန်မာနိုင်ငံမှာကတော့...

နိုင်ငံရေးစျေးဗန်းခင်းခြင်းအနုပညာ

Image
"မြန်မာပြည်သူလူထုရွေးချယ်သည့်အစိုးရကို  AA  အသိအမှတ်ပြုမည်"ဟု  ဦးခိုင်သုခက ပြောပါတယ်။အပြုသဘောဆောင်အနေအထားတစ်ရပ်မို့လို  ပြည်သူတစ်ယောက်အနေနဲ့  ကြိုဆိုပါတယ်။ပြည်ထောင်စုက ခွဲမထွက်သေးဘူးဆိုတဲ့ပြောစကားတွေအရ   အပြုသဘောဆောင်မှုတော့ ရှိနေသေးတယ်လို့  ရှုမြင်ပေးလို့ ရနေနိုင်ပါသေးတယ်။ သို့ပေမဲ့ ဘုံသဘောတူညီမှုဟာ ဖက်ဒရယ်ပြည်ထောင်စုသာဖြစ်လို့ ကွန်ဖက်ဒရိတ်ကို သဘောမတူနိုင်ပါဘူး။ ဦးခိုင်သုခပြောခဲ့တဲ့စကားတွေ၊ဗိုလ်ချုပ်ထွန်းမြတ်နိုင်ငံပြောခဲ့တဲ့စကားတွေ၊ဗိုလ်ချုပ်ညိုထွန်းအောင် ပြောခဲ့တဲ့စကားတွေအားလုံးကို ခြုံငုံကြည့်ရင်  သူတို့လိုချင်တဲ့ကွန်ဖယ်ဒရိတ်ပေးနိုင်တဲ့သူကို  အသိအမှတ်ပြုမယ်ဆိုတဲ့  စျေးခေါ်၊ကြေးညှိတဲ့စကားမျိုး  ပိုဆန်ပါတယ်။အလဲအထပ်ပုံစံမျိုးပေါ့။စျေးသည် ဆန်တယ်၊စီးပွားရေး ဆန်လွန်းတယ်။မေတ္တာတရား၊သစ္စာတရားတွေပါတယ်လို့  ပြည်သူတစ်ယောက်အနေနဲ့  မခံစားရပါဘူး။ စစ်ကောင်စီနှင့် NUG ကိုယှဉ်ပြီး ဘယ်သူက အသိအမှတ်ပြုပြုဆိုသည့်သဘောတရားအား ဆုပ်ကိုင်ပြီး .. ဆိုလိုတာက စစ်ကောင်စီက  အသိအမှတ်ပြုပြီးမှ  စစ်ကောင်စီပြုတ်သွားလို့ ...

ရှိတ်ဟာစီယာနာပြောသော မြန်မာ - ဘင်္ဂလားဒက်ရှ်နယ်စပ်စည်းပေါ်က " ခရစ်ယာန်နိုင်ငံတော်"

မနေ့က Page ကလုပ်တဲ့အမေးအဖြေကဏ္ဍမှာ  မြန်မာ - ဘင်္ဂလားဒက်ရှ်နယ်စပ်မှာ "ခရစ်ယာန်နိုင်ငံတော်" တည်ထောင်ဖို့  ကြိုးစားနေတာမျိုးတွေ့ရကြောင်းနှင့်သူမအနေနဲ့လက်မခံနိုင်ကြောင်း ရှိတ်ဟာစီယာနာရဲ့ပြောကြားချက်သတင်းကို  စာဖတ်သူတစ်ယောက်က လာမေးတာ တွေ့ခဲ့ရပါတယ်။ ၎င်းအား အနည်းငယ်မျှ  လင်းအံ့ ... မြန်မာ - ဘင်္ဂလားဒက်ရှ်နယ်စပ်မှာ ဟိုဖက်သည်ဖက်  နွယ်ယှက်ပြီး  ပြည်ထောင်ချင်နေတဲ့အရေးဆိုလို့  "ရိုဘင်္ဂလီအရေး"တစ်ခုသာ  ရှိပါတယ်။ဒါကြောင့်  ရှိတ်ဟာစီယာနာဟာ  ရိုဘင်္ဂလီတွေရဲ့ပြည်ထောင်ထူထောင်ရေး ကြိုးပမ်းချက်ကို  ရည်ညွန်းပြောလိုရင်း  ဖြစ်ပုံရပါတယ်။  ရိုဘင်္ဂလီတွေက  မူစလင်တွေမဟုတ်ဘူးလား ??မြန်မာ - ဘင်္ဂလားဒက်ရှ်နယ်စပ်စည်းပေါ်မှာ  တည်ထောင်ဖို့ ကြိုးစားနေတဲ့နိုင်ငံတော်ဟာ  "ခရစ်ယာန်နိုင်ငံတော်"အစား   "မူစလင်နိုင်ငံတော်"လို့  ပဲ  သုံးသင့်တယ်မဟုတ်လားလို့   မေးမည့်သူရှိနိုင်ပါတယ်။ ပထမအချက်က  ဘင်္ဂလားဒက်ရှ်နိုင်ငံရဲ့အချုပ်အခြာကို  ထိခိုက်လာနိုင်တာကြောင့် သူမဖက်က  ဒီအသံထွက်လာခြင်းဟု  တွက်ဆလို့ရနိုင်ပ...