မိစ္ဆာရှင်းဖို့ အဓိက


ကောလင်းမြို့ကို   မိစ္ဆာတပ်ရဲ့လက်ထဲ ပြန်ပါသွားလို့ဆိုပြီး  တချို့တွေ မခံချိမခံသာဖြစ်ပြီး ရေးပြောနေတာ တွေ့ရတယ်။စစ်ပွဲမှာ ထိုကဲ့သို့ လွန်ဆွဲခြင်းမျိုးတွေက ဖြစ်တတ်တဲ့သဘောသဘာဝမို့  အထူးအဆန်းကြီး မဟုတ်ပါဘူး။မတန်တဆထိုးစစ်အင်အားကို  ပေကပ်ခံပြီး ခံပစ်နေရအောင်ကလည်း ၎င်းဟာနောက်ဆုံးပွဲသိမ်းတိုက်ပွဲလည်း မဟုတ်ပါဘူး။မမျှတရင်  ပြန်ဆုတ်သင့် ဆုတ်ရမှာပါပဲ။ ယူကြုံးမရဖြစ်ပြီး  အတင်းပြန်သိမ်းချင်နေရင်  အသက်စတေးမှုတွေ ပိုများသွားနိုင်ပါတယ်။စစ်ဖြစ်တယ်ဆိုတာ ပန်းနဲ့ပေါက်နေတာမျိုးမှ  မဟုတ်တာ။ 

နေရာတစ်ခုကို  ( ၁ ) လ ထိန်းချုပ်ထားမယ်ဆိုရင်   ၎င်းနေရာကို တိုက်ယူထားရတဲ့ရင်းနှီးမှု၊စတေးမှုနှင့်  ( ၁ ) လ ထိန်းချုပ်ထားနိုင်လိုက်လို့  မိစ္ဆာစစ်သည်အရေအတွက်  ဘယ်လောက်ရှင်းနိုင်မလဲ (သို့မဟုတ်) ပြန်ရလာနိုင်မည့်  ရုပ်ဝတ္ထုပစ္စည်းပိုင်းဆိုင်ရာအကျိုးအမြတ် / နာမ်ပိုင်းဆိုင်ရာစိတ်ဓာတ်ခွန်အားအကျိုးအမြတ်  ဒါတွေကို  တွက်ကြည့်ရမှာပါပဲ။ရုပ်ဝတ္တုပစ္စည်းအကျိုးအမြတ်နှင့်ပက်သက်လို့  များများစားစားပြန်မရနိုင်ပေမဲ့လည်း   တော်လှန်ရေးရှေ့ဆက်ဖို့အတွက်   စိတ်ဓာတ်ခွန်အား  ကြီးကြီးမားမားပေးနိုင်ခဲ့တယ်ဆိုလျှင်လည်း "အိုကေ" ပေါ့  👌 ။

မိစ္ဆာတပ်၏ဘက်တော်သားတွေ အတော်များများက   ခုခံတွန်းလှန်စစ် စကတည်းက  မင်းတို့တော်လှန်ရေးအဖွဲ့တွေ  ဘယ်မြို့သိမ်းနိုင်လို့လဲ၊သိမ်းပြစမ်း ဘာညာနဲ့  အဆွလုပ်ပြီး  ပြောနေတာ ကြာပါပြီ။အဲ့ဒါကို သံယောင်လိုက်ပြီး  ပြောနေတဲ့  အညှောင့်တွေကလည်း ခပ်များများရယ်ပါ။

ကချင်အဖွဲ့တွေ၊ရှမ်းအဖွဲ့တွေ၊ကရင်အဖွဲ့တွေ၊ကယားအဖွဲ့တွေ၊ချင်းအဖွဲ့တွေ၊ရခိုင်အဖွဲ့တွေဟာ  သူတို့ပြည်နယ်က  သူတို့မြို့ကြီးတွေကို   သိမ်းပစ်လိုက်လို့ရကောင်းရနိုင်ပါတယ်။ဒါပေမဲ့  ဘေးကင်းအောင်  ရေရှည်ထိန်းသိမ်းထားနိုင်ပါ့မလားဆိုတဲ့မေးခွန်းမျိုး  မေးလာရင်  သူတို့လည်း ဖြေရခက်မယ်ထင်ပါတယ်။

မြို့သိမ်းပြီး ထိန်းတယ်ဆိုရင်  မြို့ကို ထိန်းသိမ်းရမဲ့တာဝန်၊ ဘေးကင်းအောင်လုပ်ပေးရမဲ့တာဝန်၊ ကုန်စည်စီးဆင်းလည်ပတ်မှု ကောင်းအောင်လုပ်ပေးရမဲ့တာဝန်  စသည်ဖြင့် အထွေထွေတာဝန်နှင့်ကိစ္စရပ်တွေက ပိုတိုးလာပါတယ်။ ဝန်နဲ့အားနဲ့မမျှရင် ထိန်းမရနိုင်ပါဘူး။

"ငါတို့  ထိန်းမရရင်  ဖျက်ဆီးပစ်မယ်"ဆိုတဲ့  မိစ္ဆာတပ်ရဲ့အပြုအမူကို  ကာကွယ်နိုင်လောက်တဲ့အခင်းအကျင်းအနေအထား  တော်လှန်ရေးဖက်တော်သားတွေမှာ  မရှိဘူး။အထူးသဖြင့်  လေကြောင်းရန်ကာလက်နက်ပစ္စည်း အပြည့်အစုံ   တော်လှန်ရေးအဖွဲ့တွေမှာ  မရှိနေကြပါဘူး။ ရှိခဲ့သည့်အတိုအစ ပခုံးထမ်းဒုံးမျိုးကလည်း  လုံလုံလောက်လောက်  များပြားမနေပြန်ပါဘူး။

ယခု ရှမ်းမြောက်မှာ   မိစ္ဆာတပ်ဟာ  တရုတ်ပြည်ရဲ့ပေါ်လစီနှင့်မူဝါဒကို  မလွန်ဆန်နိုင်လို့  ယခင်လူဟောင်းကိုးကန့်အဖွဲ့တွေနဲ့   ကိုးကန့်လူသစ်အဖွဲ့တွေကို နေရာလဲဖို့  သဘောတူလိုက်ရဟန်  ရှိပါတယ်။ရှမ်းမြောက်ပိုင်းအဖွဲ့တွေကသာ "ဟိုင်ဂင်သဘောတူညီမှု"ကို  ရိုသေချင်ရိုသေနေလိမ့်မယ်။မိစ္ဆာတပ်ဟာ  သူအင်အားပြန်ကောင်းလာတဲ့တနေ့ ရှမ်းမြောက်ပိုင်းလို ကုန်သွယ်ရေးလမ်းမကြီးနှင့်ကုန်သွယ်ရေးဇုံရှိရာဒေသကို  ပြန်စစ်ထိုးပြီး  နယ်မြေစိုးမိုးမှုပြန်ယူမှာပါပဲ။"ဟိုင်ဂင်သဘောတူညီမှုတွေ၊ဂင်ဟိုင်သဘောညီမှုတွေ" လာမပြောနဲ့  သူတို့  နားမလည်ပါဘူး။အမျိုးသားအပစ်အခတ်ရပ်စဲရေးသဘောတူညီမှု ( NCA ) ကိုတောင် လိုတမျိုး၊မလိုတမျိုး  လုပ်ခဲ့သေးတာပဲဟာ  ဟိုင်ဂင်သဘောတူညီမှုလောက်ကတော့  ဖွဲ၊ဆန်ကွဲ၊သဲ အဆင့်လောက်ပဲ ရှိပါတယ်။အပစ်အခတ်ရပ်စဲရေးဆိုတာကိုက  မိစ္ဆာတပ်၏လက်စွဲ  အချိန်ဆွဲ၊အားမွေး၊စစ်ရေးအလှည့်အပြောင်းလုပ်သည့်သေနင်္ဂစစ်မဟာဗျူဟာ တစ်မျိုးပါပဲ။အဲ့ဒါမျိုးနဲ့  လုပ်စားလာတာဟာ  မိစ္ဆာတပ်အဖို့  အံတိုနေတဲ့အဆင့်မဟုတ်တော့ဘူး၊အံကို မရှိတော့ဘူး။

ရှမ်းမြောက်ပိုင်းမှလားဆိုတော့  တခြားပြည်နယ်တွေကိုလည်း  သူတို့  အားကောင်းလာသည့်တနေ့  စိုးမိုးမှုပြန်ရဖို့  ပြန်ကြိုးစားမှာပဲ။လောလောဆယ်တော့  တိုင်းရင်းသားပြည်နယ်တွေဖက်ကို  လက်လွှတ်ပေးထားကောင်း  ပေးထားနိုင်ပါတယ်။တိုင်းရင်သားပြည်နယ်တွေ အကုန်လက်လွှတ်လိုက်ရသည့်တိုင်  တိုင်းဒေသကြီးများအား ဆုပ်ကိုင်ထားနိုင်သရွေ့ မိစ္ဆာတပ်ဟာ   "ဆင်ပေါ်က လူ"လို့ပဲ  သူတို့ကိုယ်သူတို့  သတ်မှတ်ဟန်  ရှိပါတယ်။ကျန်တဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေကို  တဆင့်နိမ့်လို့ပဲ  သူတို့က အမြဲသတ်မှတ်ပါတယ်။ 

ခုချိန်မှာတော့  ကောလင်းမြို့ရဲ့ ( ၈၀ )  ရာခိုင်နှုန်းခန့်ဟာ ပြာဖြစ်သွားပြီဆိုတယ်။ဘာပဲဖြစ်ဖြစ်ပေါ့လေ၊ လုပ်ရင်းကိုင်ရင်း  မည်သည့်နည်းဗျူဟာက ပိုထိရောက်ပြီး ကောင်းမလဲ၊မည်သည်နည်းလမ်းဖြင့်  အရင်ထက်ပိုကောင်းအောင်လုပ်မလဲဆိုတာ  စဉ်းစားလုပ်ကိုင်ရမှာ ဖြစ်ပါတယ်။

အစကတည်းက  မအလ'က ပြောပြီးသားပဲဟာ။
"သူ မလုပ်ရဲတာ မရှိဘူး ၊ သူမှ မအုပ်ချုပ်ရရင်  ပြာချမယ်"လို့   လူမိုက်စကား ပြောထားတာ ဖြစ်ပါတယ်။လူမိုက်နဲ့   ဖက်ပြိုင်နေလို့မရပါဘူး။ခွေးရူးနှင့်ခွေးကောင်း ယှဉ်ကိုက်ရင် ခွေးကောင်းပဲ  နာမှာပါ။မနှိမ်နင်းလို့ကလည်း မဖြစ်ပြန်တဲ့အနေအထားမျိုးမှာ တခြားသော ကိုယ် မနာမည့်နည်းလမ်းမျိုးနဲ့  ခွေးရူးကို  နှိမ်နင်းရမည့်သဘောပါ။

ယခုလို ပြောလို့လည်း  မြို့တွေမှာ အထိုင်ချ၊နေရာယူထားသည့်မိစ္ဆာတပ်တွေကို  စစ်ဆင်ရေးမလုပ်ရဘူးလို့  ဆိုလိုတာမျိုး  မဟုတ်ပါဘူး။မလွှဲမရှောင်သာ  လုပ်ရမည့်ကိစ္စမျိုးတွေလည်း  ရှိနိုင်ပါတယ်။

အဲ့သည်တော့   ဗျူဟာတော့ ပြောင်းသင့်နေပြီ ထင်ပါတယ်။မြို့သိမ်းပြီး  ထိန်းတာမျိုး ဆက်မလုပ်တော့ဘဲ  နယ်မြေစိုးမိုးမှုယူတဲ့နည်းမျိုးနဲ့သွားရင်  ကောင်းမလား (သို့မဟုတ်)ခြေမှုန်းရေးဗျူဟာမျိုးသွားမလား (သို့မဟုတ်)တခြားသော နည်းလမ်းကောင်းတစ်ခုခု  လုပ်မလား စသည်ဖြင့်ပေါ့ .. တစ်ခုခုတော့  စဉ်းစားဖို့  သင့်နေပြီလို့  ယူဆပါတယ်။ လိုရင်းက ____

 "မိစ္ဆာရှင်းဖို့ အဓိကပါပဲ"

[ စစ်ရေးအကြောင်းများစွာမသိလို့  ပြောမှားဆိုမှားရှိခဲ့လျှင် ​ ဖြည့်တွေးပြီး သည်းခံပေးပါ 🙏🙏 ]

myanmar society 🇲🇲

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ