စည်းလုံးချင်ပါသော်လည်း မည်ကဲ့သို့ စည်းလုံးရမည်မသိ ဖြစ်နေပါသလား


မြန်မာ့နိုင်ငံရေးနှင့်စစ်ရေးမှာ  ဘယ်အဖွဲ့ကိုတော့  တရုတ်ဗဟိုအစိုးရက  တိတ်တိတ်ပုန်းခေါ်ညှိလိုက်ပြန်ပြီဟေ့။ဟိုကခေါ်မညှိချင်လို့ ခပ်တည်တည်ကြီးနေနေရင်တောင်  သည်ဖက်က စစ်ကောင်စီက  တရုတ်ဗဟိုအစိုးရကခေါ်ညှိအောင် လက်နက်ကြီးနဲ့  သူ့နယ်မြေထဲ  ပစ်ပြနေတာမျိုးတွေ ၊ စစ်ကမပြီးသေးဘူး  ရင်းနှီးမြှုပ်နှံလို့ရပါတယ်ဆိုပြီး  ခေါ်ညှိအောင်  အချက်ပြနေတာမျိုးက  မြန်မာပြည်သူတွေအဖို့  မကြာမကြာ  ကြားနေရသည့်အခြေအနေတရပ်တောင်ဖြစ်နေပြီ  ထင်ပါတယ်။

KIA ၊ TNLA ၊ MNDAA ၊ AA ၊ UWSA တို့ရဲ့စစ်ရေးကို  တရုတ်ဗဟိုအစိုးရက  ဖိအားပေးတယ် ၊ တိတ်တိတ်ပုန်းခေါ်ညှိနှိုင်းတယ်ဆိုတာ  တရားဝင်ပြည်နယ်အစိုးရမဟုတ်လို့လေ။တရားဝင် ပြည်နယ်အစိုးရဆိုရင်  တော်ယုံ သူဝင်ပြောမရတော့ဘူး။ KIO , KPICT တို့ ရှိကောင်း ရှိလိမ့်မယ်။ ပြည်တွင်းမှာတော့  အလုပ်ဖြစ်ကောင်း  ဖြစ်လိမ့်မယ်။ဒါပေမဲ့ နိုင်ငံတကာမှာက တရားဝင်တယ်သတ်မှတ်ထားတဲ့အဆင့်မှာ  ရှိမနေဘူး။Informal  Leaders တွေ ဖြစ်နေကြလို့  မယားငယ်ခေါ်တွေ့သလို့  တိတ်တိတ်ပုန်း၊ကြိတ်ပုန်းခုတ်တွေ့သလိုမျိုး  တရုတ်ဗဟိုအစိုးရက လုပ်နေပုံရပါတယ်။ အဲ့သည်အခြေအနေဟာ ရေရှည်နိုင်ငံရေးမှာ  ကောင်းမွန်တဲ့အနေအထားတစ်ခု  မဟုတ်ပါဘူး။
ဥပမာ -  KIA စစ်တိုက်နေတာကို  ဖိအားပေးမယ်ဆိုရင်  ပြည်နယ်အစိုးရက  တိုက်ခိုင်းလို့တိုက်ရတာ ပြည်နယ်အစိုးရနဲ့ ညှိနှိုင်းပါဆိုရင်   ငြင်းလိုက်ယုံပဲ။ကချင်ပြည်နယ်အစိုးရကို  ဖိအားပေးရင်   ဗဟိုအစိုးရက  ဆောင်ရွက်ခိုင်းလို့  ဆောင်ရွက်ရတာ၊ ဗဟိုအစိုးရနဲ့ ညှိပါပေါ့ ထပ်ငြင်းချက်ထုတ်ယုံပဲ။ အဲ့ဒါဆိုရင်  တရုတ်ပြည်က  ညှိချင်ရင်  ဗဟိုအစိုးရနှင့်  စကားပြောပေါ့။ အဲ့ဒီလို  ညှိလာရပြီဆိုရင်  ဗဟိုအစိုးရကို  အသိအမှတ်ပြုရာ  ရောက်တဲ့သဘော ဖြစ်သွားပြီ။အစိုးရတစ်ရပ်နှင့်တွေ့ရင်  တွေ့တဲ့အကြောင်း စာက ထုတ်ရတော့တာကိုး။အဲ့သည်တော့  အစိုးရတစ်ရပ်ရပ်ကို  တွေ့တော့မယ်ဆိုရင်  တော်တော်စဉ်းစားရပါတယ်။ 

[တွေ့တာကို  စာမထုတ်ပါနဲ့လို့  မေတ္တာရပ်ခံတယ်ဆိုလာရင်  အဲ့ဒါကိုယ့်အပေါ်  နှပ်ချခံရတာပါပဲ။ ခံပြင်းစရာကောင်းတဲ့အနေအထားတစ်ခုပါ။]

တကယ်ကတော့  အဲ့သည်လိုအခြေအနေရောက်အောင်  အကောင်အထည်ဖော်နိုင်တဲ့စွမ်းအားမျိုး အမျိုးသားညီညွတ်ရေးအစိုးရမှာ  ရှိပါတယ်။ဒါပေမဲ့ မျှော်မှန်းထားသည့်ပန်းတိုင်ကို  ရောက်မလာခဲ့ပါဘူး။

ဖြစ်ချင်တော့  ပြည်တွင်းကအဖွဲ့တွေကလည်း အမျိုးသားညီညွတ်ရေးအစိုးရကို  သူတို့နဲ့ အဆင့်တူ (သို့မဟုတ်)  ဗမာအဖွဲ့အစည်းတစ်ခုလိုပဲ  သတ်မှတ်တယ်။ ဘာကြောင့်လည်းဆိုတော့  တော်လှန်ရေးအောင်မြင်သွားတဲ့နောက်ပိုင်းမှာ  NUG ကို  တန်းတူထား ဆွေးနွေးချင်တဲ့သဘောတရားမျိုးကြောင့်  နေရာမပေးချင်ဘူး။ အမျိုးသားညီညွတ်ရေးအစိုရဖက်ကလည်း   စည်းလုံးနိုင်မှုအပိုင်းမှာ  လိုအပ်ချက်ရှိတာလည်းပါနိုင်တယ်။ ပြည်နယ်အမျိုးမျိုးမှာ ကိုယ်စားပြုနေတဲ့ informal leaders  တွေကလည်း  တပြည်နယ်ကို ဆန္ဒတစ်မျိုး ဖြစ်နေတယ်။အများသဘောတူတဲ့ ဘုံချပြီးရလာသည့်ရလဒ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုနဲ့  မကျေနပ်နိုင်တာက များတယ်။အရင်းစစ်ရင်  ကိုယ်ကို၌မှာ ပြဿနာဖြစ်နေတာမျိုးပါ။

ပြဿနာက  Formal  Leaders တွေဖြစ်ကြတဲ့ NUG ဝန်ကြီးတွေဟာ  မြေပြင်မှာ  သြဇာသက်ရောက်မှုအားနည်းပါတယ်။ Informal Leaders တွေ  ဖြစ်တဲ့ တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေက  မြေပြင်သြဇာသက်ရောက်မှု  ဆုပ်ကိုင်ထားကြတာ  ဖြစ်ပါတယ်။အဲ့သည်မှာ ထိရောက်အောင်  ဆောင်ရွက်နိုင်မှု အပိုင်းက ထင်သလိုဖြစ်မလာတာမျိုး   ဖြစ်တော့တာပါပဲ။

အဲ့သည်တော့  Informal  Leaders တွေ  ဖြစ်ကြတဲ့  တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေ  ဖြစ်ကြတဲ့သူတွေနဲ့  အစိုးရဖွဲ့စည်းမယ်ဆိုပြန်တော့လည်း   တော်လှန်ရေးလုပ်လာတာကြာပြီ ဖြစ်တဲ့  တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေဟာ  ဒုစရိုက်မှုနဲ့မကင်းကြဘူး။ ဥပမာ -  KNU  နှင့်  BGF  ဆိုရင်  KK park နှင့်  ရွှေကုက္ကိုလ်ကိစ္စက  ကမ္ဘာကျော်နေပြန်တယ်။ SSPP ဆိုရင်  အရပ်သားမီးမြှိုက်တဲ့အမှုက  တွဲနေပြန်တယ်။ ရွက်ဆစ်ဆိုရင်   ဘိန်းနှင့်အနုမြူသတ္တု  ရောင်းဝယ်ပါတယ်ဆိုပြီး  ကြေညာချက်ထုတ်ခံထားရတယ် ။  ဝ'  ခေါင်းဆောင်တွေ ဆိုရင်  မူးယစ်ဆေးကိစ္စတွေနဲ့  ရစ်ပတ်နေပြန်တယ်။ တခြားတိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေကိုလည်း  တနည်းတဖုံနဲ့ အဲ့သည်လို  ဒုစရိုက်မှုပက်သက်ပြီး  ထုတ်ပြန်ခံနေရရင်  မဖြစ်သေးဘူး။အဲ့သည်အတွက်  သူတို့ကို  စင်တင်ပွဲထုတ်ရင်  ရှော့ရှိနိုင်ပြန်တယ်။

နိုင်ငံတကာမှာ  မျက်နှာရဖို့မနည်း ကြိုးစားနေရချိန်   အဲ့သည်လို ဒုစရိုက်မှုနဲ့ပက်သက်ပြီး အစိုးရကို အပြောခံရရင်   အဖတ်ဆယ်ရနိုင်တော့မယ်  မထင်ဘူး။ ဒုစရိုက်မှု ကင်းနိုင်လောက်တဲ့တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေနဲ့  ဖွဲ့စည်းပြီး ပွဲထုတ်မယ်ဆိုပြန်ရင်လည်း  သူတော့ပါရပြီး  ငါတော့မပါရဘူးဆိုပြီး  ကြေးတန်းထိုးစရာ  ဖြစ်လာနိုင်ပါတယ်။
ထက်မြက်ပြီး  သြဇာသက်ရောက်နိုင်မည့်သူတွေ၊ သက်ဆိုင်ရာမြေပြင်အခြေအနေကို  သြဇာသက်ရောက်နိုင်မည့်ကိုယ်စားပြုသူတွေ   အစိုးရအဖွဲ့အစည်းထဲမှာ  စုစည်းဖွဲ့စည်းနိုင်မယ်ဆိုရင်   ပိုခြေလှမ်းသွတ်လာနိုင်ပါတယ်။

အဲ့သည်လိုနဲ့  လုံးချာလည်ပြီး  စည်းလုံးညီညွတ်ချင်ပါသော်လည်း  ဘယ်လိုစည်းလုံးညီညွတ်ရမှန်း မသိဖြစ်နေကြတယ်လို့  ယူဆစရာ  ရှိပါတယ်။သတင်းမထုတ်ပြန်ဘဲ  လျှိုထားတာတွေများရှိနေခဲ့ရင်တော့  မပြောတတ်ဘူးပေါ့နော်။မြင်ပန်းအရတော့  အဲ့သည်လိုပါပဲ။အနှစ်ချုပ်ကတော့ အဲ့သည်လို အခြေအနေ၊အနေအထားကြီးကနေ  ရုန်းထွက်နိုင်ဖို့ လိုပါတယ်။အပြုသဘောဆောင်ပြီး  ဝေဖန်ပေးမှုမှာ အမှားတစ်စုံတရာ ပါခဲ့မယ်ဆိုရင်လည်း တင်ကြိုတောင်းပန်ပါရစေ..

ချစ်ခြင်းအားဖြင့် ~ ❤️❤️

myanmar  society 🇲🇲

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ