နိုင်ငံရေး/စစ်ရေးအလှည့်အပြောင်း
'ရှီကျင်းပင်'ကလည်း သူ့နည်းသူဟန်နဲ့နေရာယူထားပြီးဖြစ်သလို 'ဗလာဒီမာပူတင်'ကလည်း သူ့နည်းသူ့ဟန်နဲ့နေရာယူထားပြီပဲ ဆိုပါတော့ ..။
ကမ္ဘာ့အင်အားကြီး ဗီတိုအာဏာရနိုင်ငံကြီးတွေရဲ့ခေါင်းဆောင်များဟာ ကိုယ့်နည်းကိုယ်ဟန်နဲ့ တက်လာကြပြီဆိုပေမဲ့ ၂၀၂၄ ခုနှစ်အမေရိကန်ရွေးကောက်ပွဲရလဒ်ကို စောင့်ပြီး တက်လာမည့်အမေရိကန်သမ္မတပေါ်မူတည်ပြီး ကမ္ဘာ့အရေးဇယားကို ခင်းကြလိမ့်မယ်။
၂၀၂၀ ခုနှစ် အမေရိကန်ရွေးကောက်ပွဲရလဒ်ကို ကြည့်ပြီး စစ်ကောင်စီတပ်ဟာ အာဏာသိမ်းထားခဲ့တာဆိုတော့ ၂၀၂၄ ခုနှစ် အမေရိကန်ရွေးကောက်ပွဲရလဒ်ကို ကြည့်ပြီး စစ်ရေး၊နိုင်ငံရေးကို အလျော့အတင်း လုပ်ဖွယ်ရှိပါတယ်။ဥပမာ - အမေရိကန်သမ္မတအဖြစ် ဒေါ်နယ်ထရန့်သာ တက်လာခဲ့ရင် NUG/PDFs အပါအဝင် နိုင်ငံရေးအဖွဲ့အစည်းနှင့်လက်နက်အဖွဲ့အစည်းများတွေ့ဆုံ ဆွေးနွေးပွဲလိုဟာမျိုး စစ်ကောင်စီဖက်က ချခင်းလာနိုင်ပါတယ်။နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပြီး ကုလားဖန်ထိုးတာမျိုးတွေလည်း လုပ်လာနိုင်ပါတယ်။
အဲ့သည်လိုမဟုတ်ဘဲ ဂျိုးဘိုက်ဒန် ဆက်တက်ရင် ကမ္ဘာ့အရေးက သည့်ထက်ပိုဆိုးဖို့ပဲ ရှိတယ်။မြန်မာပြည်က စစ်ကောင်စီခေါင်းဆောင်တွေဟာလည်း ရွတ်ပေပေဆက်လုပ်နေအုံးမှာပါပဲ။ ပြုတ်မနူးတွေဟာ ပြုတ်မနူးအထာဆက်ဖမ်းနေအုံးမှာပါပဲ။
ဒေါ်နယ်ထရန့် တက်လာရင်တော့ ကမ္ဘာ့အရေးမှာ မျှခြေတစ်ခုတော့ ယူနိုင်လိမ့်မယ် ယူဆပါတယ်။
စစ်ကောင်စီတပ်ဟာ NUG/PDFs ကို ရှင်းမယ်ဆိုပြီး အသံကောင်းဟစ်နေတာမျိုးက လေထဲတိုက်အိမ်ဆောက်နေတာမျိုးပါပဲ။စစ်ကောင်စီတပ်ဟာ ဘယ်အဖွဲ့ကိုမှလည်း ရှင်းနိုင်မှာလည်း မဟုတ်ပါဘူး။တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုချင်းစီကို ကြည့်မလား၊အင်အားဟာ အရင်ထက် ( ၂ ) ဆ ရှိတယ်။လူထုထောက်ခံမှု မရရှိဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ကို ရွေးထုတ်ပြီး စစ်ကောင်စီတပ်နှင့်ယှဉ်ကြည့်လိုက်ရင်တောင် အဲ့သည်လူထုထောက်ခံမှုမရရှိဆုံး တိုင်းရင်းသားလက်နက်ကိုင်တပ်ဟာ စစ်ကောင်စီတပ်ထက် ထောက်ခံမှု ပိုရနေတာကို တွေ့နိုင်ပါတယ်။အရှင်မွေးပြီး နေ့ချင်းကြီးလာတဲ့ NUG/PDFs ကို ကြည့်မလား၊မြန်မာပြည်မှာ ဒုတိယအင်အားအကြီးဆုံး တပ်ဖြစ်ပါတယ်။တပြည်လုံးအတိုင်းအတာနဲ့ နိုင်ငံရေး/စစ်ရေးအရ ထောက်ခံမှု ရထားတဲ့အစိုးရအဖွဲ့အစည်းနှင့်တပ်လည်း ဖြစ်ပါတယ်။ဒါတောင် စည်းလုံးမှု လိုနေသေးလို့ တော်လှန်ရေးခရီးဟာ ထင်တိုင်းမပေါက်ဘူး ဖြစ်နေတာ။ထားပါတော့ ...အဲ့သည်ကိစ္စ
နွေဦးတော်လှန်ရေးထဲက Third Party အုပ်စုတွေဟာလည်း နောက်ဆုတ်ဖို့ အချိန်မီနိုင်အုံးမယ် ယူဆပါတယ်။ အဲ့သည်လိုမဟုတ်ရင် နိုင်ငံရေးနှင့်စစ်ရေးအရ ပဲကြီးလှော်ကြားဆားညက်သွားနိုင်တဲ့အလားအလာတွေလည်း ရှိနေပါတယ်။စေတနာနဲ့ သတိပေးခြင်းမျိုးပါနော်။ကျန်တာကတော့ သူတို့ကိစ္စ၊သူတို့အကြောင်းပဲ ....
myanmar society 🇲🇲