မြေစည်းမျဥ်းနှင့်မြေစည်းမျဉ်း
• Jus Soli (မြေစည်းမျဉ်း) •
အပြာရောင်နိုင်ငံများတွင် မွေးဖွားပါက သင့်မိဘများ၏လူမျိုးရေးပေါ်မူမတည်ဘဲ သင်သည် နိုင်ငံသားအဖြစ် အလိုအလျောက် ပေးအပ်ခံရမှာဖြစ်ပါတယ်။
• Jus Sanguinis (သွေးစည်းမျဉ်း) •
အနီရောင်နိုင်ငံများတွင် မွေးဖွားပါက သင်၏နိုင်ငံသားဖြစ်ခွင့်သည် သင့်မိဘများ၏ နိုင်ငံသားဖြစ်မှုအပေါ် မူတည်ပါတယ်။
[ မြန်မာနိုင်ငံ၏အနာဂတ်ဥပဒေများအား ရေးဆွဲရာမှာပဲ ဖြစ်ဖြစ် ၊ နိုင်ငံအား တဖန်ပြန်လည်ကြီးမြတ်လာစေဖို့ပဲ ဖြစ်ဖြစ် ၊ နိုင်ငံရေးနှင့်နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ ကြိုးစားလုပ်ဆောင်ရာမှာပဲဖြစ်ဖြစ် ကိုယ့်ပတ်ဝန်းအနေအထားနှင့်သဘောသဘာဝကိုလည်း တစ်ချက်ကြည့်ဖို့လိုအုံးမည်ဟု ယူဆပါတယ်။ မြန်မာနိုင်ငံဟာ ပင်ကိုယ်အားဖြင့် အမျိုးသားရေး သိပ်သည်းဆမြင့်မားတဲ့နိုင်ငံတစ်ခု ဖြစ်သလို ဘေးပတ်ဝန်းကျင်မှာလည်း အမျိုးသားရေးသိပ်သည်းဆ မြင့်မားကြသော နိုင်ငံများဖြင့် ဝန်းရံထားကြတာဖြစ်ပါတယ်။
ဒါကြောင့် "အမျိုးသားရေးကဏ္ဍ"ကိုလည်း မေ့ထားလို့မရပါဘူး။ ဒီမိုကရေစီခရီးလမ်းကို သွားမယ်ဆိုရင်တောင် "အမျိုးသားဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်း" သွားမှ ကိုယ့်ပတ်ဝန်းကျင်နိုင်ငံများနှင့်သဟဇာတ ဖြစ်နိုင်မယ် ယူဆပါတယ်။မဟုတ်ရင် အများနှင့်တစ်ယောက်ဖြစ်ပြီး မြန်မာ့နိုင်ငံရေးဟာ အဆန်တက်နေရသလို ဖြစ်နေနိုင်ပါတယ်။
နွေဦးတော်လှန်ရေး အားသာဖို့ ကြိုးစားရာမှာလည်း အတူတူပဲပေါ့ ၊ "Federal Democracy" ဆိုပြီး ခေါင်းစဉ်ကြီးက ပြူးထနေအောင်တပ်ထားတော့ မသိရင် အနောက်တိုင်းယဉ်ကျေးမှုကြီးပဲ မြန်မာပြည်မှာပေါ်ပေါက်လာတော့ မယောင်ယောင်ထင်ပြီး ပတ်ဝန်းကျင်က မထိတ်သာ၊မလန့်သာဖြစ်နေတာလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။စကားစပ်မိရင် နားလည်အောင် ပြောပြဖို့တော့လိုမှာပေါ့ 😅 ]
myanmar society 🇲🇲