လက်နက်နှင့်လူ တသားတည်းမရှိတော့
မိစ္ဆာတပ်ဟာ လက်နက်နှင့်လူ တသားတည်းမရှိဘူးဆိုတာ လက်နက်တွေက စကားပြောနေပါတယ်။
လူ့သဘောသဘာဝမှာ မိမိမြတ်နိုးတန်ဖိုးထားရတဲ့အရာဟာ ခမ်းနားကြီးကျယ် မနေခဲ့ရင်တောင် အရိပ်တကြည့်ကြည့်၊တသသနဲ့ ဂရုစိုက်နေတတ်တာမျိုးပါ။
သိမ်းဆည်းရမိသည့်လက်နက်တွေဟာ အရောင်မထွက် မွဲခြောက်နေတာကို ကြည့်ခြင်းအားဖြင့် မိစ္ဆာတပ်ဟာ လက်နက်နှင့်လူ တသားတည်းရှိမနေခဲ့ဘူးလို့ မှတ်ချက်ပြုလို့ရနိုင်ပါတယ်။ဒါကြောင့် ရှေ့လျှောက် မိစ္ဆာတပ်ဟာ အကြီးအကျယ်ရှုံးနိမ့်မှုတွေ ထပ်ကြုံတွေ့ရဖို့ပဲ ရှိပါတယ်။
မင်းတို့ပြည်သူတွေ နိုင်ငံရေး၊စစ်ရေးဘယ်လောက် နားလည်နေလို့လဲဆိုတဲ့ မိစ္ဆာတပ်၏ဖက်တော်သားများရဲ့အငေါ့ထူပြီးပြောတာကို "ငါတို့ပြည်သူတွေက လွှတ်တော်ကြီးကို ဖန်တီးနိုင်တယ် ၊ ငါတို့ပြည်သူတွေက မဟာတပ်မတော်ကြီးကို ဖန်တီးနိုင်တယ်"လို့ ပြည်သူတွေဖက်က ခွန်းတုန့်ပြန်ချေပခဲ့ကြတာကို တွေ့ခဲ့ရပါတယ်။
အဲ့သည်လို အတွေးအခေါ်၊အယူအဆမျိုးကို အာဏာသိမ်းမှု မပြုခင်ကတည်းက ပြည်သူတွေက ရရှိနေခဲ့တာလည်း ဖြစ်ပါတယ်။အဲ့ဒါကို မယုံကြည်ဘဲ ရှေ့ဆက်တိုးလို့ မိစ္ဆာတပ်ဟာ အရှုံးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။
မြန်မာပြည်တွင်းမှာရှိသော နိုင်ငံရေးအဖွဲ့အစည်း(သို့မဟုတ်)လက်နက်ကိုင်အဖွဲ့အစည်း အသီးသီးဟာ အရင်ကမည်ကဲ့သို့ပဲရှိခဲ့ရှိခဲ့ နွေဦးတော်လှန်ရေးနှင့်အတူ လိုက်ပါပြောင်းလဲပြီး ပြည်သူ့အကျိုးနှင့်ပြည်သူ့ဆန္ဒကို ရှေ့ရှုလုပ်ဆောင်၊ ရပ်တည်ကြဖို့ တိုက်တွန်းလိုပါတယ်။
ပြုပြင်ပြောင်းလဲလိုစိတ်မရှိသောအဖွဲ့စည်းများဟာ ကမ္ဘာ့အရေးနှင့်ပြည်တွင်းရေး ဖိအားတွေအောက်မှာ ကျရှုံးမှုတွေနဲ့ ရင်ဆိုင်ရဖို့ အလားအလာများစွာ ရှိနေပါတယ်။အလှည့်မကျသေးလို့ တံခါးလာမခေါက်သေးတဲ့သဘောမျိုးပါ။
myanmar society 🇲🇲