စုစည်းမှ အင်အားဖြစ်မယ်၊ညီညွတ်မှ အများကောင်းကျိုး ရှိမယ်
အရှင်းဆုံးပြောပြရရင် မြန်မာပြည်ကို နိုင်ငံခြားက ရင်းနှီးမြှုပ်နှံမှု လာလုပ်တယ်ဆိုတာ ကျို့တို့ကျဲတဲပေါက်နေတဲ့ဆံပင်မွှေးကို လာနှုပ်တာလောက်ပဲ ရှိတာပါ။အဲ့သည်လောက်ပြောရင် သဘောပေါက်နိုင်ကြမယ် ယူဆပါတယ်။
မြန်မာ့သယံဇာတကို ထက်ဝက်စျေးရလို့ အချောင်လာနှိုက်တဲ့သဘောပဲ။စစ်ရေး၊နိုင်ငံရေး၊တရားဥပဒေစိုးမိုးရေးမှာ အနှစ် ( ၂၀ - ၃၀ ) စာ လောက်မှ အာမခံချက်မရှိတဲ့နေရာကို ဘယ်သူမှလာပြီး စီးပွားရေးမလုပ်ပါဘူး။လာရင်းနှီးမြှုပ်နှံမည့်သူဟာလည်း ခိုးဆိုးလုနှိုက်စီးပွားရေးသမားပဲဖြစ်မယ်။စီးပွားရေးလာရောက်ရင်းနှီးမြှုပ်နှံတာမှာ နာမည်ပါပျက်နေရအုံးမယ်ဆိုရင် ပိုဆိုးတာပေါ့။ဟိုဖက်ကနေ ဘဏ်တိုး ( ၁ ) ကျပ်နဲ့ငွေချေးပြီး မြန်မာပြည်မှာ ( ၅ ) ကျပ်မြတ်လို့ လာပြီး လုပ်ကြတာမျိုးပါ။
တရုတ်ပြည်က ကူမင် - ကျောက်ဖြူလမ်းဖောက်တာ၊ပိုက်လိုင်းဖောက်တာ ပင်လယ်ထွက်ပေါက်လိုချင်လို့ ၊ သူ့ပစ္စည်းရောင်းဖို့မှ မဟုတ်တာ။
အိန္ဒိယပြည်က ကုလားတန်မြစ်ဝှမ်းဘက်စုံသုံးစီမံကိန်းလုပ်တာ ပင်လယ်ထွက်ပေါက်လိုချင်လို့။သူ့ထုတ်ကုန်ပစ္စည်းရောင်းချင်လို့ မဟုတ်ပါဘူး။
တရုတ်က လာတဲ့ပစ္စည်းဘယ်ပို့လဲ ??
တရုတ်ပြည်ကလာတဲ့ပစ္စည်း ဗမာပြည်ပို့ဖို့ မူဆယ်လမ်းမကြီးက ဖောက်ပြီးသားဖြစ်ပါတယ်။တရုတ်ပြည်ကလာတဲ့ပစ္စည်း ဗမာပြည်ဖြတ်ပြီး အိန္ဒိယနှင့်ဘင်္ဂလားဒက်ရှ် ရောင်းဖို့က BCIM - EC လမ်းကြောင်းက ရှိပြီးသား အဆင့်မြှင့်တင်ဖို့ပဲလိုနေတာမျိုးပါ။
ထိုင်းကလာတဲ့ပစ္စည်း ဘယ်ပို့လဲ ??
မြဝတီ-ကော့ဂရိတ်လမ်းဖြတ်ပြီး ဗမာပြည်ပို့တဲ့လမ်းမကြီးက ဖောက်ပြီးသားဖြစ်ပါတယ်။
အိန္ဒိယက လာတဲ့ပစ္စည်း ဗမာပြည်ဖြတ်ပြီး အရှေ့ဖက်ကိုပို့ဖို့ အရှေ့ - အနောက်စင်္ကြန်လမ်းက ဖောက်ပြီးသားဖြစ်ပါတယ်။အဖြေက ရှင်းရှင်းလေးပါ။
မူဆယ်လမ်းဖွင့်ပေမဲ့အလုပ်မဖြစ်ဘူး ကြားရတယ်။မဖြစ်နိုင်ဘူးလေ ... စစ်ကိုင်း၊မကွေးနှင့်မန္တလေးက ထုတ်ကုန်မှ မပို့နိုင်တော့တာ။စစ်ကိုင်းက ပြာပုံဖြစ်နေပြီ။စစ်ဘေးရှောင်နေရတာ ဘယ်လိုလုပ်ဝယ်လိုအား ရှိမလဲ။
အိန္ဒိယ၊ထိုင်းနှင့်တရုတ်ပြည်က လာတဲ့ပစ္စည်းတွေလည်း ငွေကြေးဖောင်းပွ၊ကုန်စျေးနှုန်းခေါင်ခိုက်နေလို့ အရင်လို ဝယ်မသုံးနိုင်ပါဘူး။ဝယ်လိုအားကျဆင်းလို့ ကုန်သွယ်မှုလည်း ကျဆင်းမှာပါပဲ။နောက်ပြီး ရခိုင်မှာ ရင်းနှီးမြှုပ်နှံဖို့ ဖိတ်ခေါ်နေတာတွေလည်း ကြားရပါတယ်။ထားပါတော့ ...
ကွန်ဖက်ဒရိတ်တို့၊ကိုယ့်မင်းကိုယ့်ချင်းအုပ်ချုပ်ရေးတွေထောင်ပြီး အဲ့သည်နယ်ကထွက်လာတဲ့ရင်းနှီးမြှပ်နှံမှုထုတ်ကုန်ကို ဗမာပြည်လာရောင်းမယ်ကြံစည်နေတာဆိုရင် အလွဲကြီး လွဲနေပါပြီ။
မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာကို ထိခိုက်မည့်နိုင်ငံရေးလမ်းစဉ် (သို့မဟုတ်) မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာအား ထိခိုက်နိုင်သည့် မည်သည့်စီမံကိန်းကိုမဆို မြန်မာပြည်သူတွေက အရင်ကလည်း ကန့်ကွက်၊ဆန့်ကျင်ခဲ့ကြသလို နောက်နောင်လည်း ကန့်ကွက်၊ဆန့်ကျင်ဆန့်ကျင်နေအုံးမှာပါပဲ။
မြန်မာပြည်ဟာ နှစ်ထောင်ချီတဲ့သမိုင်းကြောင်းအခိုင်အမာရှိသည့် နိုင်ငံတစ်ခုဖြစ်ပါတယ်။နယ်မြေဧရိယာတွေပေါင်းစုပြီး နိုင်ငံတစ်ခုဖြစ်တယ်လာတယ်ဆိုတာ အကြောင်းမဲ့မဟုတ်ပါဘူး။နိုင်တစ်ခုဖြစ်တည်လာဖို့ လိုအပ်တဲ့အစိပ်အပိုင်းတွေ စုစည်းမိလို့သာ နိုင်ငံအဖြစ် ပေါ်ထွန်းလာခဲ့ရတာ ဖြစ်ပါတယ်။၎င်းအနှစ်သာရကို နားလည်သဘောပေါက်ရပါမယ်။
ဒါကြောင့် တပြည်လုံးအတိုင်းအတိုင်းနဲ့ လက်ခံထားတဲ့ အပြန်အလှန်ထိန်းကြောင်းမှုရှိသော ဖက်ဒရယ်ပြည်ထောင်စုစနစ်ကို လျှောက်လမ်းကြစေချင်ပါတယ်။တပြည်လုံးကလည်း အဲ့သည်လိုဖြစ်စေချင်နေကြတယ်။ခေါင်းဆောင်တွေအနေနဲ့ အားသိပ်စိုက်စရာမလို မျှောလိုက်သွားယုံပဲ ၊ နာမည်ကောင်းလည်း ရမယ်။
အဲ့သည်လိုမဟုတ်ဘဲ ခွဲခြားခွဲခြားလုပ်ပြီး မာန်ကြီးနေတာမျိုးက မည်သူတွက်မှ အကျိုးမဖြစ်ထွန်းနိုင်ပါဘူး။စည်းလုံးကြပါ၊ညီညွတ်ကြပါ၊ဘုံရန်သူကို ခြေဖျက်ပါ။ဒါမှလည်း အားလုံးအတူတကွ လွတ်မြောက်ပြီး ဖွံ့ဖြိုးတိုတက်နိုင်မယ်လို့ အဲ့သည်လိုပဲ မြင်ပါတယ်။
ထပ်ကြိမ်ပြုပြီး ပြောပါရစေ ....
စစ်ကောင်စီယန္တရား ဘယ်တော့ပြိုကျမလဲကို အများစောင့်ကြည့်နေတဲ့အနေအထားနဲ့ ရင်ဆိုင်နေရပါတယ် ၊စစ်ကောင်စီယန္တရား ပြိုကျရင် အဆင်သင့်အစားထိုးနိုင်မည့် ယန္တရား တည်ဆောက်ထားပါ။မတည်ဆောက်ထားနိုင်ခဲ့ရင်၊ယန္တရားထူထောင်ဖို့ စီမံကိန်းတောင်မရှိခဲ့ရင် အမျိုးသားညီညွတ်ရေးအစိုးရ ညံ့လို့ပဲ။
myanmar society 🇲🇲