အမှားကြာတော့ အမှန်ထင်


မြေပုံထဲမှာ  Greenland ဟာ တိုက်ကြီးအရွယ်အစားလောက်ကြီးနေပြီ   ဘာကြောင့် တိုက်ကြီးမဟုတ်ကြောင်း စိတ်ရှုပ်ထွေးနေသူများအတွက် "Mercator-Effect" ကြောင့် နိုင်ငံများ၏ တကယ့်အရွယ်အစားဟာ  အဲ့သည်လို ဖြစ်နေရကြောင်း သိဖို့ လိုပါတယ်။၎င်းကိစ္စဟာ သင့်အတွက် အသစ်ဖြစ်ပါက  Google  မှာ  "Mercator-Effect" (သို့မဟုတ်) "Mercator-Projection"  စသည်ဖြင့်  ရှာဖွေလေ့လာဖတ်ရှု့နိုင်ပါတယ်။

Mercator ဟာ အံ့သြဖွယ်ကောင်းသော ပရောဂျက်တစ်ခုဖြစ်ပါတယ်။လူတွေက အဲသည်အပေါ်မှာ  မုန်းတီးမှုတွေ အများကြီးရှိပေမယ့်  အဲ့ဒါက တကယ်ကို ထက်ထက်မြက်မြက် ဒီဇိုင်းဆွဲထားခြင်းဖြစ်ပါတယ်။အဲ့သည်ဒီဇိုင်းကိုပဲ  လူတွေက  မှားယွင်းစွာ အသုံးပြုနေမိကြခြင်း  ဖြစ်ပါတယ်။

တကယ်ကတော့ Mercator ဟာ သင်္ဘောလမ်းကြောင်းများအတွက်သာ   ဒီဇိုင်းထုတ်ထားခြင်း ဖြစ်ပါတယ်။၎င်းဟာ သင့်အား လမ်းကြောင်းတစ်ခုမှ အခြားတစ်ခုသို့ မျဉ်းဖြောင့်ဆွဲရန်  ထိုမျဉ်းအတိုင်း လိုက်ကာ မှန်ကန်သောနေရာတွင် အဆုံးသတ်ရန် ခွင့်ပြုထားပါတယ်။ရေကြောင်းသွားလာရေးရွက်လွှင့်ခြင်းအတွက်  အဲ့ဒါကအံ့သြစရာကောင်းတဲ့ တီထွင်မှုတစ်ခုလည်း  ဖြစ်ပါတယ်။

ကံမကောင်းခြင်းများစွာနဲ့ပဲ  ယနေ့ခေတ်မှာ  အထွေထွေမြေပုံထုတ်ခြင်း၌ ၎င်းအရာကြီးကိုယူပြီး  အသုံးပြုနေကြသလိုဖြစ်နေတာ  ဖြစ်ပါတယ်။အဲ့ဒါဟာ ဆိုးရွားလှပါတယ်။သို့သော် ၎င်းကို အထွေထွေမြေပုံထုတ်ခြင်းရည်ရွယ်ချက်များအတွက် ဘယ်သောအခါကမှ  ရည်ရွယ်ပြီးဒီဇိုင်းထုတ်ခဲ့ခြင်း မဟုတ်ပါဘူး။

ကမ္ဘာ့တိုက်ကြီးများနှင့်နိုင်ငံများ၏  အမှန်အရွယ်အစား​  [ ပုံတွင်  ရှု့ရန် ]



myanmar society 🇲🇲

Popular posts from this blog

ကမ္ဘာ့အရေးရှင်းတမ်းတရားခံဘယ်သူတွေလဲ

ကြွေတလှည့် ကြက်တခုန်

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

လက်ရှိလူပြောများနေတဲ့ New World Order ဆိုတာ ဘာလဲ ??

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

The Deep State[နက်ရှိုင်းပြည်နယ်]

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Collective Fear စုပေါင်းကြောက်စိတ်ကို ကစားကြသူများ