မြန်မာ့နိုင်ငံရေးအကြပ်အတည်းနှင့်ဧည့်သည်တော်ကြီးများ
၂၀၂၁ ခုနှစ် အောက်တိုဘာလကုန်မှာ ရုရှားနိုင်ငံမှ ဒုရေတပ်ဦးစီးချုပ်ဟာ မြန်မာကို လာရောက်ခဲ့ပါတယ်။ ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကော်မတီဖွဲ့စည်းရန်နှင့် နှစ်နိုင်ငံဗဟိုဘဏ်များအကြား ကူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေးတာတွေ ရှိတယ်လို့ သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အဓိကအားဖြင့်တော့ အင်ဒို - ပစ္စိဖိတ် မဟာမိတ်တွေကို တန်ပြန်ရေးအတွက် မြန်မာနဲ့ပူးပေါင်းဆောင်ရွက်ရေးကို အဓိကထားပြောဆိုခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်ကတည်းက အကြမ်းဖက်ခေါင်းဆောင်ဟာ ရုရှားစစ်ဖက်ဆိုင်ရာအစည်းအဝေးသွားတိုင်း အဲ့ဒီအင်ဒို - ပစ္စိဖိတ်စာတန်းကြီးကို စင်ပေါ်တက်ပြီး ဖတ်ပြလေ့ရှိတာ မိမိသတိထားမိပါတယ်။အာရှတိုက်ရဲ့ဟိုဖက်ခြမ်းမှာရှိတဲ့နိုင်ငံနှင့်ဒီဖက်ခြမ်းမှာရှိတဲ့နိုင်ငံ နှစ်ခုရဲ့ ရေကြောင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဆိုတဲ့စိတ်ကူးကို မိမိတော့ဖြင့် ပုံဖော်မရဘူး။ မိမိယူဆချက်အရတော့ တရုတ်ပြည်ကနောက်ရှိုနေပြီး အမေရိကန်ကိုဟန့်ဖို့ ရုရှားပြည်နဲ့ဗန်းပြထားပုံရပါတယ်။တရုတ်ပြည်ရဲ့အကြံပေးချက်တွေကို အကြမ်းဖက်စစ်ကောင်စီက အကောင်အထည်ဖော်တာလို့ပဲ မြင်မိတယ်။ ၎င်းရက်ပိုင်းအတွင်းမ...