Posts

US ထောက်ပံ့ငွေနဲ့ ဖန်တီးထားတဲ့ယူကရိန်းက ဇီဝသုတေသန ဓါတ်ခွဲခန်းများအကြောင်း

Image
US ထောက်ပံ့ငွေနဲ့ ဖန်တီးထားတဲ့ယူကရိန်းက ဇီဝသုတေသန ဓါတ်ခွဲခန်းများအကြောင်းကို ရေးသားသူ Clandestine ကို Elon Musk မတိုင်ခင် twitter က (ဖေဖော်ဝါရီ ၂၅, ၂၀၂၂) ဘန်းခဲ့ပါတယ်။  ယခု Elon က ပြန်လည် ဖွင့်ပေးလိုက်လို့ ဖတ်ခွင့်ရခြင်းဖြစ်ပါတယ်။လက်ရှိအချိန်မှာ ၎င်း post အား ဖတ်ရှု့သူ ( ၁၁ )သန်းကျော်ရှိနေပြီ ဖြစ်ပါတယ်။ ************************** (  ၁  ) ယခု ကျွန်ုပ်တွင် လူတိုင်း၏ အာရုံစိုက်မှုကို ရရှိထားပြီး၊ ဩဇာတိက္ကမရှိသော အမေရိကန် နိုင်ငံရေးသမားများသည် တင့်ကားများ၊ ဂျက်လေယာဉ်များ၊ လက်နက်များ၊ စက်ပစ္စည်းများနှင့် ဒေါ်လာ 100+ ဘီလီယံကို ယူကရိန်းကို ဘာကြောင့် ပေးပို့ရတယ်ဆိုတာကို ဖော်ပြခွင့်ပြုစေချင်ပါတယ်။ ယူကရိန်းနိုင်ငံသားများနှင့် ဘာမှမဆိုင်ပါ၊ ယူကရိန်းရှိ Deep State ပိုင်ဆိုင်မှု/လျှို့ဝှက်ချက်များနှင့်သာ သက်ဆိုင်ပါတယ်။ (   ၂  )ဘယ်အချိန်၊ ဘယ်နေရာမှာ အရာအားလုံးစတင်ခဲ့တာလဲ ဆိုတာကိုနောက်ကြောင်းပြန်သွားကြည့်ရအောင်ပါ။  ၂၀၀၅ ခုနှစ်ကို ပြန်ကြည့်ပါ။ ထို့နောက် အထက်လွှတ်တော်အမတ် အိုဘားမားနှင့် လူဂါတို့သည် ယူကရိန်းရှိ ယခင်ဆိုဗီယက် ဇီဝဗေဒနှင့် ဓာတုဗေဒဆို...

major cyber attack က ဖြစ်လာမှာလား၊ဖြစ်ပြီးခဲ့ပြီလား ??

Image
World Economic Fund  တည်ထောင်သူ Klaus Schwab က  major  cyber  attack  ဖြစ်လာမယ်ဆိုပြီး  ပြောခဲ့တာရှိပါတယ်။အဲ့သည်ပေါ်မှာ ကျနော်တို့ သုံးသပ်မှုတစ်ခု လုပ်ကြည့်ကြပါစို့ ..... https://m.facebook.com/story.php?story_fbid=5819129408169363&id=109138645835163&mibextid=Nif5oz တကယ်ကတော့  သူပြောတဲ့ major  cyber attack က ဖြစ်ပြီးသွားခဲ့ပါပြီ။ ဘာကြောင့်လဲ  ?? ငါလည်း  မသိလိုက်ပါ့လားဆိုခဲ့ရင်  ဆက်ဖတ်ကြည့်စေချင်တယ်။ ကိုဗစ်ဖြစ်တော့ လူတွေကြားမှာ Social distancing တွေ လုပ်ခဲ့ကြတယ် ။တစ်မြို့ကနေ တစ်မြို့  ...နိုင်ငံတစ်ခုကနေ နိုင်ငံတစ်ခုအတွက်  ခရီးသွားလာမှုတွေ ၊ သယ်ယူပို့ဆောင်ရေးတွေ၊ကုန်စည်စီးဆင်းမှုတွေ၊ အစိုးရတွေကြား ကူးလူးဆက်ဆံမှုတွေ  ပြတ်တောက်ခဲ့ကြရတယ်။  ခင်မင်ရင်းနှီးသူတွေကြားမှာ ၊ တစ်ဦးချင်းစီကြားမှာ ၊ လူမှုအဖွဲ့အစည်းတွေကြားမှာ ၊ ကွန်မြူနတီချင်းကြားမှာ ကူးလူးဆက်သွယ်တာ  ရပ်သွားခဲ့ကြတယ်။  စီးပွားရေးတွေ ၊ စျေးကွက်စီးပွားရေးတွေ၊ ဖွံ့ဖြိုးတိုးတက်မှုအလားအကောင်းတွေ  အကုန်ထိုးကျကုန်ခဲ့ကြရတယ်။အလုပ်လက်မဲ့...

အာစီယံ၏အရွေ့အဘယ်သို့ဦးတည်မည်လဲ ??

Image
ထိုင်းရဲမှဖမ်းမိသောလက်နက်မှောင်ခို/မူးယစ်ရာဇာ'ထွန်းမင်းလတ်' နှင့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်တို့ကြားက ဆက်နွယ်မှုဟာ  ကမ္ဘာကျော်သွားပြန်ပြီဆိုတော့  အာစီယံအဖွဲ့အစည်းဘာလုပ်မလဲဆိုတာ  စောင့်ကြည့်မည့်ကမ္ဘာ့ဥသျှောင်တွေတော့  ရှိပါလိမ့်မယ်။ ကမ္ဘာ့ဥသျှောင်တွေကတော့  စစ်ကောင်စီခေါင်းဆောင်မင်းအောင်လှိုင်ထက်  အာစီယံအဖွဲ့အစည်းကို စောင့်ကြည့်မည့်သဘောလို့  ယူဆရပါတယ်။ ကုလသမဂ္ဂအဖွဲ့အစည်းကို  တဖြည်းဖြည်းချုပ်လာခဲ့သလို  အာစီယံအဖွဲ့အစည်းကိုလည်း  တဖြည်းဖြည်းချုပ်လာနေတာတော့  တွေ့နေရတာပါပဲ။ များသောအားဖြင့်ကတော့  ကမ္ဘာ့နိုင်ငံရေးကစားကြသောကမ္ဘာ့ဥသျှောင်အများစုဟာ   သက်သေအရင်ရှာလေ့ ရှိကြတယ် ၊  အဲ့သည်နောက်မှာတော့  တစ်ဆင့်တက်ပြီး  လူတွေလက်ခံလာအောင်  ဝါဒဖြန့်တယ်၊ နောက်ဆုံးအဆင့်ကတော့  သူတို့အတွက်လိုအပ်နေသေးရင်တော့  "မင်းအကြောင်း ငါကောင်းကောင်းသိပါတယ်ကွာ"ဆိုပြီး  ဒူးထောက်ခစားဖို့ စေခိုင်းတတ်ကြတယ် ၊ သူတို့အတွက် မလိုအပ်တော့ရင်  သိမ်သိမ်မွေ့မွေ့အကြောင်းပြချက်ပေးပြီး  ရှင်းထုတ်လိုက်ကြတာပါပ...

ပါလေရာငါးပိချက် Ted Lieu

Image
Matt Taibbi နှင့်  Ted Lieu တို့  အခြေအတင်စကားများ ကြတယ်။ထုံးစံအတိုင်း  Ted Lieu ဖက်က Matt Taibbi ကို ခြေခြေမြစ်မြစ်မရှိ တိုက်ခိုက်နေတော့  သူ့ကို မဲပေးခဲ့တဲ့သူကတောင်  Ted Lieu ကို  မင်းပြန်တောင်းပန်သင့်တယ်လို့  ရေးထားတာတွေ့တယ် ။ အတော်များများကလည်း ရှက်သင့်တယ်လို့  ရေးထားကြတာတော့ တွေ့မိတာပဲ။ Matt Taibbi  ဆိုတာ   FBI က တွစ်တာနဲ့ပေါင်းပြီး  အမေရိကန်ပြည်သူတွေအပေါ်မှာ  ဆင်ဆာဖြတ်တောက်တာ ၊ ကိုဗစ်အကြောင်းအရာတွေကို  ဖြုတ်ချတာတွေ   ဘယ်လိုရှိခဲ့တယ်ဆိုတာ ဖော်ချတဲ့အကောင့်ဖြစ်ပါတယ်။  အဲ့သည်လို အရင်လူတွေက တွစ်တာကို ဘယ်လိုလုပ်ခဲ့တယ်ဆိုတဲ့ history ပြန်လိုက်တာကို  third party က လုပ်တာဖြစ်ပါတယ် ။ တွေ့ရှိချက်ကိုမှ  အချက်အလက်အဖြစ်  သက်သေနဲ့တကွပြန်တင်တဲ့သဘောမျိုးပါ။ အီလွန်မက်စ်မတိုင်ခင်က  တွစ်တာမှာ ဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေကို  အီလွန်မက်စ်က တွစ်တာဝယ်ယူပြီးနောက် သူ့လက်ထက်မှာ  ပြန်ဖော်ချတာမျိုးဖြစ်ပါတယ်။ Ted  Lieu  ဆိုတာကတော့ NUG စဖွဲ့ခါစတုန်းက NUCC ၊ NUG မှာ ရိုဟင်ဂျာမပါရင်...

မြွေပူရာ ကင်းမှောက်

Image
မြန်မာ့အရေးကလည်း  မြွေပူရာ  ကင်းမှောက်ပါပဲ ARNA ပြောတဲ့ "မြန်မာမှ အခြားလူမျိုးစုများနည်းတူ  တန်းတူညီရေး နှင့်ကိုယ်ပိုင်ပြဌာန်းခွင့်ရရေး" ဆိုတာကြီးကို ခွဲခြမ်းစိပ်ဖြာရရင်ဖြင့် ... သူတို့  ဒဲ့မပြောပေးမဲ့လည်း  နားလည်ပါတယ်  မြန်မာ့တရားဝင်တိုင်းရင်းသားလူမျိုးစုဖြစ်ရေး....  မျိုးနွယ်စုကိုယ်စားပြု လွှတ်တော်အမတ်များ ပေါ်ထွက်လာရေး.... နယ်မြေ ရရှိရေး.... ပြည်နယ်အဆင့်တက်လှမ်းနိုင်ရေး....  နိုင်ငံထူထောင်ရေး.... ဒီဇာတ်ထုပ်ပဲ  လာမည့်သဘောပါပဲ.... ( တလောကတောင်  အဲ့ဖက်ရပ်ကွက်က မြန်မာဆီက နယ်မြေတောင်းပီး ဘင်္ဂလားဒက်ရှ်နဲ့ သွားပေါင်းမို့ဆိုလား ပြောနေကြတာပါပဲ 😁 ) step by step သွားကြပါ .. ညီကိုတို့  အဲ့လောက် မလောကြပါနဲ့ ... ကိုယ့်လောဘကို  ထုတ်ပြသလို  ဖြစ်နေတယ် ဒေါ်အောင်ဆန်းစုကြည်အစိုးရကို  ဆက်ခံတဲ့အစိုးရဖြစ်လို့ ရိုအရေး" ခင်ဗျားတို့မှာ တာဝန်ရှိတယ်၊"အတိုင်ပင်ခံအဖွဲ့ထဲမှာ ရိုဟင်ဂျာမပါရင်  NUG ကိုအသိအမှတ်မပြုနိုင်ဘူး"ဆိုပြီး ခြိမ်းခြောက်လိုက်တာ NUG တအားကြောက်သွားပုံ ရပါတယ် ။ NUG ကတော့ ရိုအရေး တက်ကြွလှုပ်ရှားသူတွေနှင့်ရိုဟင်ဂ...

ဗိုက်အငှားနဲ့ ဓားထိုးခံခိုင်းနေခြင်းလော

Image
အမေရိကန် ပင်မမီဒီယာတွေ(MSM )ထဲက တစ်ခုဖြစ်တဲ့ MSNBCကတော့  မြန်မာ့နွေဦးတော်လှန်ရေးကို  US  capitol , Jan 6  ကိစ္စထဲ  ဆွဲထည့်ပြီး  ထပ်တူမျှတဲ့ပုံစံမျိုးဖော်ပြနေတယ် ။ ဒေါ်ဇင်မာအောင်'တင်ထားသော  လင့်ခ်အားကြည့်ရန် 👇 https://www.facebook.com/1656635027906194/posts/3551113445125000/?mibextid=Nif5oz ဒေါ်ကြီးကို  တရားစွဲဖို့  မဖြစ်နိုင်တော့လို့  Jan 6 ကော်မတီကတင်တဲ့အမှုတောင်  တရားဝင်ဖျက်သိမ်းလိုက်ရပြီ ဖြစ်ပါတယ်။ အဲ့လိုအခြေအနေမျိုးမှာ  MSNBC က  ဘာကိစ္စ မြန်မာ့နွေဦးတော်လှန်ရေးနှင့်  Jan 6 ကိစ္စကို  ထပ်တူမျှဖို့  ကြိုးစားနေရသလဲဆိုတာ စဥ်းစားစရာ  ဖြစ်နေတယ်။ Jan 6  ကိစ္စက  ဘိုင်ကြီးအစိုးရကို  မလိုလားတဲ့ သူ့အမေရိကန်ပြည်သူတွေက သူ့ကိုဆန္ဒပြခဲ့ကြရာက စ'ပါတယ်၊အဲ့ဒါကို အာဏာပိုင်တွေဖက်က လက်ခံဖြေရှင်း မပေးလို့ သူ့ပြည်သူတွေက  Capitol ကို ဝင်စီးတဲ့ကိစ္စပါ ။ တနည်းပြောရရင်  အစိုးရနဲ့ ပြည်သူကြား ဖြစ်တဲ့ပြဿနာမျိုးပါ။ အဲ့ဒါကို  Capitol ဝင်ရောက်စီးနင်းမှုဟာ ဒေါ်ကြီးက ခေါင်းဆောင်ပါတယ်ဆိုပြီး J...

ခေတ်စားနေသောကမ္ဘာ့နိုင်ငံရေးစီးကြောင်း

Image
မျက်မှောက်ခေတ် ကမ္ဘာနဲ့အဝှမ်းဖြစ်ပျက်နေတဲ့နိုင်ငံရေးစီးကြောင်းမှာ လွှတ်တော်စီးနင်းခံရမှုကို   "ပြိုင်ဘက်ရဲ့စေ့ဆော်မှုကြောင့် ဖြစ်တာပါဆိုပြီး" သတင်းခေါင်းစဥ်တပ်ကာ နိုင်ငံရေးလက်နက်အဖြစ်အသုံးချလာကြတာတွေ့ရတယ်။အဲ့ဒါကို  Main Stream Media တွေက ဖော်ပြကြတယ်။ တဆင့်ခံမီဒီယာတွေက  ကူးယူပြီး သံယောင်လိုက်ကြတယ်။ အဲ့သည်လိုဖော်ပြခံလိုက်ရတော့  ပြည်သူတွေဟာ သူတို့အစိုးရအပေါ်မှာ  "ဘာတွေကိုမကျေနပ်လို့ လွှတ်တော်ထိတောင် ဝင်ရောက်စီးနင်းရတာမျိုးဖြစ်ရသလဲ" ဆိုတဲ့ပြည်သူလူထုရဲ့ဆန္ဒအမှန်အကြောင်းတရားက  ပျောက်ကွယ်သွားရတယ်။ ဒီကြားထဲမှာ  တန်ပြန်အဖျက်အမှောက်လိုမျိုး  သပ်ပင်းတွေဝင်ပြီး   ဆန္ဒပြလူထုရဲ့လမ်းကြောင်းအား မှားယွင်းစွာ ဦးတည်စေခဲ့မိပြီဆိုရင်  ဆန္ဒပြလူထုကသာ နစ်နာစရာ ဖြစ်သွားခဲ့ရတာမျိုးပါပဲ။အဲ့ဒါမျိုးကို  အရေးအခင်းကို ပုံဖျက်ခံရတယ်လို့ ခေါ်မယ်ထင်ပါတယ်။ ပြိုင်ဖက်နိုင်ငံရေးအစုအဖွဲ့က လှုံ့ဆော်မှုကြောင့် စီးနင်းခံရခြင်းဖြစ်ရပါတယ်လို့ ယိုးစွပ်ခြင်းက  လူထုရဲ့ဆန္ဒကို ချေဖျက်သလိုဖြစ်သွားတယ်။သွေးထိုးလှုံ့ဆော်ပါတယ်လို့ စွပ်စွဲခံလိုက်ရသည့်တဖက်နို...

အလားအလာကောင်းများဖြင့် နွေဦးတော်လှန်ရေး

Image
ကမ္ဘာ့အရေး ၊ မြန်မာ့အရေး အလားအလာကောင်းတွေ ဖြစ်ထွန်းဆဲပါ ...  တချို့တချို့တွေ ပြောနေကြသလို  မျှော်လင့်ချက်  မရှိတော့တာမျိုး မဟုတ်ပါဘူး။ကမ္ဘာ့နိုင်ငံရေးကလည်း မြန်မာအတွက် တစ်ချက်လောက်သော အရွေ့လေး လိုနေယုံပါ ။ Poker မှာဆို  ၁၂  ချပ် ပြည့်နေပြီ  ဒေါင်းဖဲ မတက်နိုင်လို့  စောင့်နေရတဲ့သဘောမျိုးပေါ့ ။ အပေါ်အိမ်ကလည်း တုတ်ထိန်း ၊ အောက်အိမ်ကလည်း သ_တ်နေတော့  ဒေါင်းဖို့အရေး ဘေးကြပ်နံကြပ်ဖြစ်နေရတဲ့သဘောမျိုးပါ ။ AA ရဲ့အိမ်မက်  ရက္ခတလမ်းစဥ်တွေဘာတွေ  ပြောနေ၊ဝေဖန်နေကြတာပါပဲ ။ ဝ' ဒေသကို အားကျတယ် ၊ အဲ့လိုဖြစ်ဖို့  ရည်ရွယ်တယ် ..ဘာတွေညာတွေပေါ့ ။ ဝ' ဒေသဆိုတာကိုက  မအလ'  စစ်ကောင်စီ လက်အောက်မှာပဲ  ရှိပါတယ်။တက်လာခဲ့တဲ့အစိုးရတိုင်းကို ဝ 'ဒေသဟာ ပုန်ကန်နေခဲ့တာတော့ မဟုတ်ပါဘူး ။ ဝ ' ဒေသဟာ  ပြည်မကို ခြိမ်းခြောက်နေတယ်ဆိုတဲ့  ပြယုဒ်ကဏ္ဍနေရာကနေ  သရုပ်ဆောင်နေရတဲ့  အဆင့်ပဲ  ရှိပါတယ်။ ရှမ်းပြည်ကို ထိန်းဖို့ ဝ' ဒေသနဲ့  ကလန်လုပ်ထားတာမျိုးလောက်ပါ။အဲ့သည်လောက် နားလည်ရင်ကို   အနှစ်သာရကို  ရနေပြီပဲ ပြောတော့ ....

•• FBI မှTwitter ကို ဒေါ်လာ ၃.၅ သန်း ပေးချေခဲ့ကြောင်း သက်သေများထွက်ပေါ် ••

Image
အမေရိကန်ပြည်သူများအပေါ် လျှို့ဝှက်ဆင်ဆာဖြတ်တောက်မှုအား  ဒေါသတကြီးဖြစ်နေချိန်တွင် Hunter Biden လက်ပ်တော့ပ်ဇာတ်လမ်းနှင့် GOP အသံများကို နှုတ်ပိတ်ရန်အတွက် အေဂျင်စီ၏တောင်းဆိုမှုများကို ဆောင်ရွက်ရန်  အခွန်ထမ်းသူများ၏ ငွေကြေးကို အသုံးပြုခဲ့တယ်။ • မကြာသေးမီက တွစ်တာဖိုင်များတွင် FBI သည် နည်းပညာကုမ္ပဏီကြီးမှ ဝန်ထမ်းများအား ကန်ဒေါ်လာ ၃ သန်းပေးချေခဲ့ကြောင်း ဖော်ပြခဲ့ • Twitter မှ ဝန်ထမ်းများအား Feds ၏ လေလံဆွဲရာတွင် ဆက်လက်အပ်နှံထားသောကြောင့် ကျေးဇူးတင်စကားအဖြစ် ငွေပေးချေခဲ့ • တွစ်တာ၏ လက်ထောက်အကြံပေး Jim Baker သည် Hunter Biden လက်ပ်တော့ပ်ဇာတ်လမ်းကို နှိမ်နှင်းရန် ဆွေးနွေးရန်အတွက် ဗဟိုဘဏ်များနှင့် တွေ့ဆုံခဲ့ကြောင်း အီးမေးလ်များက ဖော်ပြ • နောက်ဆုံး Twitter ဖိုင်တွေ အရှုပ်ထုတ်ကို တုံ့ပြန်တဲ့အနေနဲ့ အောက်လွှတ်တော် လူနည်းစုခေါင်းဆောင် Kevin McCarthy က 'ဒါက လူတွေသိထားတာထက် အများကြီး ပိုကြီးတဲ့ အခြေအနေဖြစ်လိမ့်မယ်' လို့ ပြော • FBI ရှေ့နေဟောင်းသည် Twitter ၏ အထွေထွေအကြံပေး Jim Baker ကို Hunter Biden လက်ပ်တော့ပ်ဇာတ်လမ်းကို ဖိနှိပ်ရန် ကူညီခဲ့ကြောင်း အစောပိုင်းက ထုတ်ဖော်ခဲ့ ဗျူရိုမှ တောင်းဆ...

• နွေဦးတော်လှန်ရေးထဲက မဖွယ်မရာ Third Party စီးကြောင်း •

Image
NUG ဟာ လေးတယ်၊ တုံးတယ် ၊ အားမရဘူး ပြောနေကြတာတွေ  လက်ခံပေးလို့ရပါတယ်။ကိုယ်ရွေးချယ်ထားခဲ့တဲ့အစိုးရကို  ဝေဖန်တာပဲ  ဝေဖန်ပိုင်ခွင့်ရှိရမှာပေါ့ ၊ ဝေဖန်ပိုင်ခွင့်လည်း ရှိတယ်၊တောင်းဆို ပိုင်ခွင့်လည်း ရှိပါတယ်။ ဒါပေမဲ့ NUG ကို အကန်လုပ်ပြီး  စင်ပြိုင်ပုံစံမျိုး   Third Party  အင်အားစုလုပ်ချင်တဲ့သူတွေရော ၊ လုပ်ဖို့တိုက်တွန်းတဲ့အုပ်စုရော/ဘယ်သူကိုမှ မထောက်ခံသလို ယုံလည်းမယုံကြည်ပါဘူး။ မြို့ပေါ်က  UG  တွေက လွဲရင်  NUG ရဲ့  MOD/ COC အောက်မှာ မရှိတဲ့  ဘယ်တော်လှန်ရေးအဖွဲ့မဆို မိမိတို့ကတော့  အရင်ကလည်း မထောက်ခံသလို  ခုလည်း မထောက်ခံပါဘူး ၊ ယုံလည်း မကြည်ပါဘူး။ အလုပ်ဖြစ်ရေးအတွက် NUG ဖက်က ချိတ်ဆက်ဆောင်ရွက်တာမျိုးကို  တပိုင်းသက်သက်ထားပြီးပဲ  စဥ်းစားဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ EAOs တွေက တပိုင်း/တဏ္ဍ သက်သက်ပါ ။ မတူတာကို သွားပြီးနှိုင်းယှဥ် တန်းညှိလို့  မရပါဘူး။ ဘာကြောင့်မထောက်ခံ အားမပေးရသလဲလို့  မေးချင်သူများ ရှိကောင်းရှိနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့...   နွေဦးတော်လှန်ရေးမှာ ချခင်းထားတဲ့ပြည်သူ့မဟ...

တော်လှန်ရေးဆေးလုံးနီ

Image
ဘားမားထရစ်နီတီ - ၁ မက်ထရစ်ရှင်ပြန်ထမြောက်ခြင်း (The Matrix Resurrections) ဇတ်ကားသစ်ရုံတင်ခဲ့တယ်။ နွေဦးတော်လှန်ရေး၏ မျိုးဆက်သစ်တွေဖြစ်သည့် ဂျင်းဇီးတွေကို ၁၉၉၆ ခုနှစ်က စတင်မွေးခဲ့သူများဟု သတ်မှတ်သဖြင့် ရှေ့မှာရှိသော မက်ထရစ်ဇတ်ကား( ၃ )တွဲကို သူတို့သိပ်သတိထားမိကြမည်မဟုတ်။ ပထမဦးဆုံးကား မက်ထရစ် (The Matrix) က ၁၉၉၉ တွင်ထွက်ပြီး ကျန်သည့် ၂ကားက ၂၀၀၃ တွင် ထွက်ခဲ့သည့်အတွက် ဖြစ်သည်။  မြင့်မြတ်သော သုံးပွင့်တခိုင် (The Holy Trinity)  ခရစ်ရှယန်တွင် ထာဝရဘုရားသခင်ဟူသည် မြင့်မြတ်သောအသွင် ( ၃ )ခု တခုတည်းဖြစ်ပေါ်နေမှုကိုဆိုလိုသည်။ အဖဘုရားသခင် (God the father)၊ ဘုရားသခင်သားတော် (God the son - ခရစ်တော်ကိုဆိုလိုခြင်းဖြစ်) နှင့် ဘုရားသခင် မြင့်မြတ်သော ဝိဉာဏ်တော် (God the holy spirit) တို့ဖြစ်သည်။ ဒီသဘောကိုမှီးပြီး ပြင်သစ်ပိုမို ဒဿနပညာရှင် ယန်းဘိုးဒရီးယာ (Jean Baudrillard) က ပို့စ်မော်ဒန်ခေတ်လူသားတွင်လည်း အသွင်သဏ္ဍန်( ၃ )ခု တပေါင်းတည်းဖြစ်ပေါ်နေခြင်းကို ရှင်းပြသည်။ ထိုအရာတွေက ကွန်ပြူတာဆော့ဖ်ဝဲဖြင့် ဖန်တီးတည်ဆောက်ပုံဖော်ထားခြင်း (Simulation - ဆင်မျူလေးရှင်း)၊ အတွင်းသို့ဝင်ရောက်မြုံကွဲခြင်...

မီးခိုးမထွက်တဲ့စစ်(သို့မဟုတ်) အယူဝါဒ/ အစဥ်အလာ/ စံ တွေကို ဖျက်ဆီးခြင်း

Image
“အယူဝါဒဖျက်ဆီးခြင်းဆိုတာဟာ စိတ်ဓါတ်ရေးရာစစ်ပွဲတခုပါပဲ၊ အဲဒါကတော့ ဘယ်လောက်ကြီးပဲ သတင်းအချက်အလက်တွေ တောင်လိုပုံနေပါစေ အမှန်တရားအပေါ် ရှုမြင်တဲ့အမေရိကန်တွေရဲ့ အမြင်တွေကို ဂျွမ်းထိုးမှောက်ခုံ လုပ်ပစ်လိုက်ခြင်းဖြင့် သူတို့ရဲ့ ဆင်ခြင် စဥ်းစားဆုံးဖြတ်နိုင်စွမ်းကို ဖျက်ဆီးပစ်လိုက်တာပါ။ ဆင်ခြင်ဆုံးဖြတ်နိုင်စွမ်းကင်းသွားတဲ့ နောက်ဆက်တွဲအကျိုးဆက်ကတော့ အမေရိကန်တွေ သူတို့ကိုယ် သူတို့ရော သူတို့ရဲ့ မိသားစုတွေ၊ အသိုင်းအဝိုင်းတွေတင်မက နိုင်ငံကိုပါ ကာကွယ်နိုင်စွမ်း ကင်းမဲ့သွားတော့တာပဲ ဖြစ်ပါတယ်။” အထက်ပါအတိုင်း ပြောကြားခဲ့သူကတော့ ကေဂျီဘီကနေ အနောက်ကမ္ဘာမှာ ခိုလှုံလာတဲ့ ယူရီဘက်ဇ်မီနော့ဗ်က ၁၉၈၀ အစောပိုင်း ဆိုဗီယက်ခေတ်မှာ ပြောခဲ့တာဖြစ်ပါတယ်။ ယူရီဟာ ဆိုဗီယက်ပြည်ထောင်စုက အဆင့်မြင့်စစ်ဖက်အရာရှိကြီးရဲ့ သားဖြစ်တဲ့အတွက် ကွန်မြူနစ်စနစ်အောက်မှာ သူ့ငယ်ဘဝကို သာသာယာယာပဲ ဖြတ်သန်းခဲ့တာပါ။ ကေဂျီဘီထဲ ရောက်ပြီး ပထမဆုံး ခရီးစဥ်အနေနဲ့ အိန္ဒိယကို စေလွှတ်ခြင်း ခံခဲ့ရချိန်မှာလည်း အစိုးရစားရိတ်နဲ့ အထက်တန်းလွှာတဦးလို နေထိုင်ခဲ့ရပါတယ်။  အိန္ဒိယရဲ့ ကြွယ်ဝတဲ့ ယဥ်ကျေးမှုသမိုင်းကြောင်းတွေ အတွေးအခေါ်တွေအပေါ် ချစ်ခင်မြတ်နိ...

နိုင်ငံရေးဇာတ်ညွှန်းများ

Image
ဂီတမှာဆိုရင်  မျှော်သံဆိုတာ ရှိတယ်... သဘောက  ဒီတီးလုံးတီးပြီးရင်  ဘာတီးလုံး၊ဘယ်လိုတီးလုံး လာလောက်တယ်ဆိုတာမျိုးပေါ့ ၊  ခုရိုက်ထားတဲ့ပုံမှာလည်း  မျှော်လင့်ပုံရိပ်ဆိုတာ ရှိတဲ့သဘောပဲ  ဒီပုံရိပ်ဒီအတိုင်းအတာနဲ့ဆိုရင်  ထိုအမျိုးသမီးဟာ  ချောလောက်တယ်၊လှလောက်တယ်ဆိုတဲ့  မျှော်လင့်ပုံရိပ်ပေါ့ ။  မျက်နှာလည်း တကယ်ထွက်ပြရော  မှန်းထားသလို  မဟုတ်ဘဲ   ဂေါ်နေရင်  ( သို့မဟုတ် ) ထင်တာထက်  ပိုချောနေရင်  ဟာ ! ဟင် ! တောက် ! ကျွတ်တွေ  ဖြစ်သွားတတ်တယ် ... ဂီတ၊စာပေ၊အနုပညာမှာလည်း  ထိုနည်းတူ ရသ'ကိုဖန်တီးပေးနိုင်စွမ်းရှိသလို  နိုင်ငံရေး ၊  စစ်ရေးမှာလည်း  ထိုနည်းတူပါပဲ ... အဲ့သည်လို လူတွေရဲ့မျှော်မှန်းထားတဲ့စိတ်ကူးကို  အသုံးချပြီ  တစ်ဆစ်ချိုးပြောင်းတာကို  Trick ( လှည့်ကွက် ) လို့ခေါ်ပါတယ်။ အကျိုးစီးပွားအတွက်အလို့ငှာ  လူတွေရဲ့မျှော်မှန်းစိတ်ကူးကို အသုံးချပြီး  တစ်ဆစ်ချိုးပြောင်းလဲတာမျိုးကို  နယ်ပယ်အသီးသီးမှာ  အသုံးပြုလေ့ရှိတတ်ကြပါတယ် ။ လက်ရှိမြန်မာ့နိုင်ငံရေးမှာ လေ...

စစ်ကောင်စီ၏သေနင်္ဂဗျူဟာ

Image
AA ဟာ စစ်ကောင်စီနဲ့  စေ့စပ်ညှိနှိုင်းအပစ်ရပ်စဲရေး သဘောတူလိုက်တဲ့အပေါ်မှာ  အမျိုးမျိုးပြောဆို ဝေဖန်နေကြတာတွေ့ရပါတယ်။ ၎င်းကိစ္စနဲ့ပက်သက်ပြီး မိမိတို့ရဲ့ထင်မြင်ချက် နည်းနည်းလောက် ပေးရရင်ဖြင့် ___ ပထမဆုံးပြောလိုတာက....  AA ကိုယ်တိုင်က စစ်ကောင်စီ၏သေနင်္ဂဗျူဟာအောက်မှာ အညံ့ခံလိုက်ရတာလည်း  ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲ...??? အပစ်အခတ်ရပ်စဲရေးတို့ ၊ NCA တို့ဆိုတာ  စစ်ကောင်စီရဲ့သေနင်္ဂဗျူဟာ  လက်စွဲပဲ။ စစ်ရေးကို  အဆုတ်အတက်လုပ်တဲ့ဗျူဟာပေါ့ ။ အဲ့သည်လိုနည်းနဲ့  တိုင်းရင်းသားလက်နက်ကိုင်တွေကို  ထိန်းလာတာ  နှစ်ပေါင်း ( ၇၀ )  ရှိခဲ့ပြီ။ စစ်ရေးပြင်းထန်လေ ... ပြည်သူကို  ဖိတွယ်လေပဲ ၊ ပြည်သူကို ထိတာမခံနိုင်တော့  လက်နက်ချရတော့တာပဲ (သို့မဟုတ်) စစ်ကောင်စီအဆိုပြုတဲ့ အပစ်အခတ်ရပ်စဲရေးတို့ ၊ NCA တို့ သဘောတူလိုက်လျောရတဲ့ဂွင်ထဲ  ဝင်တိုးရတော့တာပါပဲ ။ ၎င်းသည်ပင်  တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့  အားနည်းချက်( weak point )လို့  အဲ့သည်လိုပဲ  စစ်ကောင်စီက  ရှု့မြင်ပါတယ်။ သည်နေ့  ( သို့မဟုတ် ) မနက်ဖြန်...