Posts

ကြွေတလှည့် ကြက်တခုန်

Image
ပထမဦးဆုံး  ပြောချင်တာကတော့ ( ၆၂ ) နှစ်မြောက်   KIO ထူထောင်ခြင်းအခန်းအနားအကြိုကျင်းပပွဲမှာ သေဆုံးသွားရတဲ့သူတွေအတွက်  စိတ်မကောင်းဖြစ်မိကြောင်းဆိုပါရစေ။  ပျော်ပွဲရွှင်ပွဲကျင်းပနေတုန်း ဗုံးကျဲခံရတဲ့ဖြစ်စဥ်ကို  ကြည့်မယ်ဆိုရင်  မအလ' ဟာ   သူတပ်ရဲ့တဖြည်းဖြည်းကျဆင်းနေတဲ့စိတ်ဓာတ်ကို  ဆွဲတင်ဖို့  လုပ်ဟန်တူပါတယ်။ လူမိုက်ခေါင်းဆောင်ဆိုတော့  လူမိုက်တပည့်တွေအကြိုက်   ကြမ်းပြရမ်းပြတဲ့သဘောမျိုးပေါ့ ။  KIO ၊ KIA  အရာရှိတွေ ပွဲတက်မည့်သတင်းရလို့  လုပ်ကြံသတ်ဖြတ်တဲ့ သဘောလည်း  သက်ရောက်ပါတယ်။  တရုတ်ပြည်ဟာ   မြန်မာစစ်တပ်ရဲ့အင်အားအခြေအနေကို ပေးဖို့တောင်းဆိုခဲ့ပြီး  အလဲအလှယ်အဖြစ်  EAOs  လက်နက်ကိုင်တွေရဲ့   တည်နေရာ ၊အနေအအထား၊အင်အားအခြေပြုမှုကို   ပြန်လည်ပေးအပ်မယ်ဆိုပြီး   နွေဦးတော်လှန်ရေးအစမှာ  ပြောခဲ့ဖူးတာကို   တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့  လုံးဝ မေ့မထားပါနဲ့ ၊ သတိလက်လွတ်မနေပါနဲ့ ၊  ပြင်သင့်တာတွေ  ပြင်ထားပါ ။  နောက်တစ်ခုက...

ကမ္ဘာကြီးက ဘယ်လောက်ဆိုးဝါးနေလဲ ??

Image
အမေရိကန်သမ္မတဂျိုးဘိုက်ဒန်နှင့်တရုတ်သမ္မတဂျိုးရှီကျင်းပင်တို့  တရားဝင်လူသိရှင်ကြား ဆွေးနွေးတာ ဒီတစ်ကြိမ်နဲ့ဆိုရင် ( ၃ ) ကြိမ် ရှိပါပြီ။ ပထမအကြိမ်၊ဒုတိယအကြိမ်  တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ ( ၂ )ကြိမ်စလုံးမှာ  မြန်မာ့အရေးပြောခဲ့ကြတယ်လို့ VOA သတင်းဌာနက  သတင်းထုတ်ပြန်ပေမဲ့  မြန်မာနဲ့ပက်သက်တဲ့ဘာအကြောင်းပြောတယ်ဆိုတာ ဘာမှမထုတ်ပြန်ခဲ့ပါဘူး။ ပွင့်လင်းမြင်သာတဲ့အနေအထားလည်း မဟုတ်ခဲ့ပါဘူး ။ VOA သတင်းဌာနက ၎င်းတို့တွေ့ဆုံဆွေးနွေးမှုမှာ   မြန်မာ့အရေးပြောဆိုတယ်ဆိုပြီးရေးတာနဲ့  လူတွေက မြန်မာ့အရေးပြောတယ်ဆိုပြီး  သတ်မှတ်လိုက်ကြတာပါ။ ဂျိုးဘိုက်ဒန်နှင့်ရှီကျင်းပင်တို့ရဲ့  ပထမဆုံးအကြိမ်ဆွေးနွေးခဲ့စဥ်ကတော့  ဦးကျော်မိုးထွန်းကို  ၎င်းနေရာမှာပဲ  ဆက်ထား/မထားနှင့်  မြန်မာ့အရေးအပေါ်   ဘယ်လိုဆက်ဆံပေးစေချင်တယ်ဆိုတာမျိုး ရှီကျင်းပင်က  ဂျိုးဘိုက်ဒန်အား ပြောဆိုခဲ့ဟန်ရတယ်လောက်ပဲ   တွက်ဆရပါတယ်။ အဲ့ဒါကလည်း ၎င်းတို့တွေ့ဆုံဆွေးနွေးပြီးနောက်  ဖြစ်ပေါ်ခဲ့တဲ့ မြန်မာ့နိုင်ငံရေးဖြစ်စဥ်ကို  ခန့်မှန်းကောက်ချက်ချခြင်း ဖြစ်...

End Game ထိသွားမည့် မအလ'များ

Image
မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့  ICJ  အမှုက နှစ်ရှည်ကြာမြင့်မည့်အမှုမျိုးပါ။ စစ်ကောင်စီပြုတ်ကျသွားပြီးနောက်မှာတောင်  ၎င်းအမှုက ရှေ့ဆက်ချင်ဆက်နေရအုံးမည့် သဘောမျိုးရှိပါတယ်။ နိုင်ငံကိုဦးတည်တရားစွဲခံထားရတဲ့အမှုမှာ   ပြည်သူလူထုက တင်မြှောက်ထားခြင်းမရှိသူတွေက  နိုင်ငံကိုအာဏာသိမ်းပြီး  နိုင်ငံကိုယ်စားပြုအဖြစ် ၎င်းအမှုကို သွားပြီးဖြေရှင်းနေတယ်/ဖြေရှင်းခွင့်ရတယ်ဆိုတာကကို  မှားနေတာ။ အဲ့ဒီတင်မြှောက်မထားသည့်သူတွေကိုတိုင်ကလည်း ၎င်းအမှုကို  လုပ်ထားခဲ့ကြတာလည်း ဖြစ်ပါတယ်။ နိုင်ငံကိုတရားစွဲရသည့်အကြောင်းအရင်းဇာစ်မြစ်က  ၂၀၀၈ အခြေခံဥပဒေအကြောင်းအား  ကမ္ဘာကမသိကြလို့သာ ဖြစ်ပါတယ်။(နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးစင်မြင့်ပေါ်က ဆွဲချချင်ကြတဲ့ရည်ရွယ်ချက်လည်း ပါတာပေါ့) ပုံမှန်အားဖြင့်  အစိုးရက တိုင်းပြည်ကို အုပ်ချုပ်တယ် ၊ အဲ့သည်လိုပဲ ကမ္ဘာပြည်သူပြည်သားတွေက လက်ခံယုံကြည်ကြတာ။  One  country - Two  government လိုဖြစ်အောင်ရေးထားတဲ့  ၂၀၀၈ အခြေခံဥပဒေအကြောင်း  ကမ္ဘာက နားမလည်ပါဘူး။ဒါကြောင့် စစ်တပ်က လုပ်တာဟာ အစိုးရက ခ...

CCP အကြိုက် ဂျိုးဘိုက်ဒန်လိုက်မည်

Image
အမေရိကန်သမ္မတဂျိုးဘိုက်ဒန်ဟာ  အမေရိကန်ရဲ့ငွေကြေးဖောင်းဖွမှုကို  အားလျော့ကျစေဖို့  တရုတ်ပြည်ရဲ့သွင်းကုန်တချို့အပေါ်  အခွန်စည်းကြပ်မှု ရုပ်သိမ်းဖွယ် ရှိတယ်လို့  သတင်းရင်းမြစ်တချို့က ဖော်ပြပါတယ်။ ဂျိုးဘိုက်ဒန်ဟာ ၎င်း၏အကြီးတန်းလက်ထောက်များနှင့် အစိုးရအဖွဲ့အတွင်းဝန်များအကြား မူဝါဒ သဘောထား ကွဲလွဲမှုများကြောင့် အခွန်လျှော့ချရန် အစီအစဉ်များကို အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရကြောင်းလည်း သတင်းရင်းမြစ်တချို့မှာ တွေ့ရပါတယ်။ ၂၀၂၂ ခုနှစ်  ဇူလိုင်လ ၈ ရက်နေ့   အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပခဲ့တဲ့  G20 အစည်းအဝေးမှာ  အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကတော့  တရုတ် - အမေရိကန် ဆက်ဆံရေးဟာ အကျိုးသက်ရောက်မှု ကြီးမားတဲ့ဆက်ဆံရေးဖြစ်တယ်လို့  တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိအား ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အကြမ်းဖက်ပြီး အာဏာသိမ်းယူမှုမတိုင်ခင်ကလို အခြေအနေ မျိုးပြန်ရောက်ဖို့ တရုတ်နိုင်ငံက ဘယ်လောက်စိတ်ဝင်စားမှုရှိတယ်ဆိုတာနဲ့ မြန်မာနိုင်ငံဒီမိုကရေစီ ပြန်လည်ဖေါ် ဆောင်ရေးအတွက် တရုတ်မှာတာဝန်ရှိတယ်လို့ ဝန်ကြီးဘလင်ကန်က ထ...

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

Image
ဆရာကြီးရွှေဥဒေါင်းနှင့် ဦးပဉ္ဇင်းတစ်ပါး  ပြောဆို ဆွေးနွေးချက်များ - ဇင်း ။ ။ တကာကြီးက အရက်သောက်တာ  အပြစ်မရှိဘူးလို့ ရေးဖူးတယ်ဆို၊တကာကြီးကိုယ်တိုင်ကော အရက်သောက်သလား ။ ရွှေ ။ ။ စာအုပ်ထဲမှာ တွေ့ပါသလားဘုရား ။ ဇင်း ။ ။ စာအုပ်ထဲမှာတော့ မတွေ့ပါဘူး ၊  တစ်နေရာမှာ ရေးဖူးတယ်လို့ ပြောကြတယ် ။ ရွှေ ။ ။ တင်ပါ ၊ တပည့်တော်ရဲ့ " ဖြောင့်ချက် "  ဆိုတဲ့ ဆောင်းပါးထဲမှာ ရေးဖူးပါတယ်ဘုရား ။ ဇင်း ။ ။ ဘာကြောင့် ရေးတာလဲ တကာကြီး ။ ရွှေ ။ ။ ဖြောင့်ချက်ဆိုတော့ တပည့်တော်ရဲ့ အယူအဆ နဲ့ အပြုအမူတွေကို ဟုတ်မှန်အတိုင်း ဖော်ထုတ်ပြီး ရေးရမည့် တာ၀န်ရှိလို့ပါ ဘုရား ။ ဇင်း ။ ။ ဘယ်သူက ရေးခိုင်းလို့ ရေးရတာလဲ တကာကြီး ။စိတ်မရှိပါနဲ့နော် ၊ ဦးပဉ္ဇင်းက တကာကြီး ဘက်သားပါ ။ ရွှေ ။ ။ ဘယ်လို ဘက်သားပါလဲ ဘုရား ။ ဒီပြဿနာလေးရှင်းပေးပါအုံး................. ဇင်း ။ ။ လူတွေက မဟုတ်တရုတ် စွပ်စွဲကြလေသလားလို့ ကိုယ်တိုင် ၀င်ပြီး မေးကြည့်တာပဲ ။ ရွှေ ။ ။ ကျေးဇူးတင်ပါတယ် ဘုရား ။  တပည့်တော် ဖြေပါတော့မယ် ။ ဦးပဉ္ဇင်း ရဲ့ မေးခွန်းတွေက တစ်ထိုင်တည်းမှာ သုံးခုရှိသွားပါပြီ ။  (၁) ဖြောင့်ချက်တွေကို ဘယ်သူရေးခိုင်းတာလဲ ။...

စူဠသုဘဒ္ဒါရဲ့ဒစ်ပလိုမေစီနိုင်ငံရေး

Image
မြန်မာ့ဒီမိုကရေစီအတွက် တော်လှန်ရေးလုပ်နေတာပဲ ( ၁ )နှစ်ကျော်ပြီ ။  အဲ့ဒီ ၁ ဘီလီယံဒေါ်လာ ဘယ်တော့ရမှာတဲ့လဲ ?? ငါတို့နိုင်မှ ၎င်းမြန်မာပြည်သူပိုင် ၁ ဘီလီယံဒေါ်လာက ရမှာတဲ့လား ?? ပေးလိုက်ကြတဲ့အကူအညီပေါင်း သောင်းခြောက်ထောင်က  စာရွက်ပေါ်မှာ ပြန့်ကျဲလို့ ၊ မစားရ ဝ' ခမန်းပါပဲ။ မြန်မာ့အရေးဖြစ်လို့  တစ်နှစ်ကြာပြီးနောက်မှာ  ဖြစ်တဲ့ ယူကရိန်းအတွက်တောင်  ၃၃ ဘီလီယံ လျောလျောရှူရှူထွက်သေးတဲ့ဟာ ၊ မြန်မာပြည်သူပိုင် ၁ ဘီလီယံဒေါ်လာဆိုတာ  ပြည်သူပိုင်ပိုက်ဆံအား  ပြည်သူရွေးကောက်ထားတဲ့အစိုးရအား ပြန်ပေးတဲ့ကိစ္စရပ်မှာ ဘာမှမဖြစ်နိုင်စရာ မရှိပါဘူး။ ပြည်သူကို ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရကို တရားဝင်အသိအမှတ်ပြုပေးပြီး  ပြည်သူပိုင် ၁ ဘီလီယံဒေါ်လာကို ပြည်သူ့အစိုးရကို ပေးအပ်လိုက်ယုံနဲ့  ကိစ္စအတော်များများက အဆင်ပြေသွားမည့်ကိစ္စပါ ။  ပြည်သူရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို  အမေရိကန်က အသိအမှတ်ပြုလိုက်ရင်  သံရုံးတွေ နိုင်ငံပြင်ပ ထွက်သွားရမှာစိုးလို့လား။ အင်တာနက်ခေတ်ကြီးထဲမှာ  သံရုံးတစ်ခုကို ကုတ်ကပ်စိုက်နေစရာမလိုပါဘူး။ ပြည်သူရွေးကောက်တင်မြှောက်ထား...

ကမ္ဘာ့ဇာတ်ခုံပေါ်က ပြဇာတ်များ

Image
တွစ်တာကုမ္ပဏီကို  အီလွန်မက်စ်ရဲ့လက်ကို  လွှဲလိုက်ရလို့  ပျော်တယ်ဆိုပါတယ်။ (ဂျတ်ဒေါ်စေးက ရိုးရိုးပျော်တာတောင်  မဟုတ်ဘူး။ အရမ်းပျော်ဆိုပဲ  ...  အဖြဲခံထားရမှန်း အသိသာကြီး 😅) ဂျိုးဘိုက်ဒန်ရဲ့သား ဟန်တာဘိုက်ဒန်ရဲ့ Hard Disk ထဲက သက်သေတွေ  တွစ်တာပေါ်တက်မလာအောင်  ပိတ်ပင်ခဲ့တဲ့အပြင်  ၎င်းသက်သေတွေအား တင်သူ၊ရှယ်သူတွေကို ဘမ်းလွန်းအားကြီးလွန်းလို့  ရီပက်ဗလစ်ကန် လွှတ်တော်အမတ်တချို့ရဲ့အကောင့်တွေ ကျရတဲ့အထိ  ကသုန်းကရုံး နိုင်ခဲ့တာပါ။ အမေရိကန်သမ္မတရဲ့အကောင့်ကို ဖြုတ်ချခဲ့တဲ့အပြင်  လွတ်လပ်စွာပြောဆိုခွင့်ကို အမြဲလိုက်ပိတ်ပင်နေလို့  ဝေဖန်မှုတွေ အရမ်းမြင့်တက်နေခဲ့တာပါ ။  ၎င်းနောက်ပိုင်းမှာ  ဂျတ်ဒေါ်စေးတစ်ယောက်  တွစ်တာ CEO အဖြစ်ကနေ  အနားယူပြီး  ထင်မှတ်မထားတဲ့ အိန္ဒိယသားတစ်ယောက် CEO အဖြစ်  တက်လာခဲ့ပါတယ်။ အခု တွစ်တာကို  အီလွန်မက်စ်ရဲ့လက်ထဲ  ထိုးပေးလိုက်ရတဲ့အနေအထားထိ  ဖြစ်လာတော့တာပါပဲ။ အီလွန်မက်စ်ဟာ ကမ္ဘာကျော်  Social Platform တစ်ခုကို ဟာသပြောသလိုလို  ဘာလိုလိုနဲ့ ရက်ပိုင်းအတွင်း ရှယ...

Eric Swalwell နှင့် Christine Fang ဆိုတာ ဘယ်သူတွေလဲ?

Image
ဒီရက်ပိုင်းအတွင်း တရုတ်နိုင်ငံအရှေ့ပိုင်းမှာ ခရီးသည်လေယာဥ်တစ်စင်းဟာ(ဘိုးရင်း ၇၃၇-၈၀၀ အမျိုးအစား) အမြင့်ပေ ( ၃ ) သောင်းမှာပျံသန်းရင်း ဇောက်ထိုးပျက်ကျသွားတယ်ဆိုပါတယ် ။ စီးနင်းလိုက်ပါလာသည့် ခရီးသည်  ( ၁၃၂ ) ဦးလုံး သေဆုံးခဲ့ပါတယ်။ ယူနန်(ကူမင်) - ဂွမ်ဇိုးပျံသန်းတဲ့ လေယာဉ်လို့ ဖော်ပြပါရှိပါတယ်။ ကချင်လူမျိုး ( ၇ ) ဦးလည်း ပျက်ကျတဲ့လေယာဥ်ထဲမှာ စီးနင်းလိုက်ပါခဲ့တယ်လို့  သိရပါတယ်။ ထူးခြားတိုက်ဆိုင်တာက အမေရိကန်လွှတ်တော်ကိုယ်စားလှယ် Eric Swalwell ရဲ့ ရီးစားဟောင်း ၊ CCP ကလွှတ်ထားတဲ့ တရုတ်သူလျှို Christine Fang ဟာ ထိုပျက်ကျတဲ့ လေယာဉ်ထဲမှာ ပါသွားတယ်လို့ သူမရဲ့ အလုပ် ကုမ္ပဏီကအတည် ပြုတယ်ဆိုပါတယ်။ Eric Swalwell နှင့် Christine Fang  ဆိုတာ ဘယ်သူတွေလဲ? ******************************** "ဒီမိုကရက် လွှတ်တော်ကိုယ်စားလှယ် Eric Swalwell က စိုးရိမ်ဖွယ်ရာ ထောက်လှမ်းရေး တရုတ်စပိုင် နဲ့ အတူအိပ်ခဲ့ သလားဆိုတာကို ရေငုံနှုတ်ပိတ်နေပါတယ်" တဲ့။ 🇺🇸 အမေရိကန် နိုင်ငံရေးလောကထဲမှာ အရေးပါအရာရောက်တဲ့ ထိုင်ခုံပေါ် ထိုင်နေကြသူ မြို့နယ်ကောင်စီ အဆင့်လောက်ကနေ အမေရိကန် ကွန်ဂရက် ထဲက လွှတ်တော် အမတ်တွေအထိ သာမ...

၂၀၁၆ ရွေးကောက်ပွဲကို ရုရှားအကူအညီနဲ့တက်လာသည်ဟုဆိုပြီး ဒီမိုကရက်တွေဟာ သက်သေမရှိဘဲလုပ်ကြံစွပ်စွဲ၍ ဒေါ်နယ်ထရန့်ကတရားစွဲ

Image
အမေရိကန်သမ္မတဟောင်း ဒေါ်နယ်ထရန့်သည် ဟီလာရီကလင်တန်၊ ဒီမိုကရက်တစ်အမျိုးသားကော်မတီနှင့်အခြားပုဂ္ဂိုလ်များ၊အဖွဲ့အစည်းအများအပြားကို ၎င်း၏မဲဆွယ်စည်းရုံးမှုနှင့် ရုရှားနိုင်ငံကြားချိတ်ဆက်သည်ဟု လုပ်ကြံဖန်တီးမှုဖြင့် ၂၀၁၆ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲကို လှည့်ဖြားရန် ကြိုးပမ်းသည်ဟု စွပ်စွဲကာ ကြာသပတေးနေ့တွင် တရားစွဲဆိုခဲ့ပါတယ်။ တရားစွဲခံရသောသတင်းဖတ်ရှု့ရန် 👇 https://traffic.americanmilitarynews.com/2022/03/trump-sues-hillary-clinton-the-dnc-46-others/?utm_source=fbchat&utm_campaign=alt&utm_medium=facebook ထူးခြားတယ်လို့  မထင်ကြဘူးလား။ • ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းမီးလောင်  • အီရတ်အမေရိကန်သံရုံး ဒုံးကျည်နဲ့အထုခံရ  • NATO အဖွဲ့ဝင် ခရိုအေးရှားနိုင်ငံထဲ ဘယ်ကမှန်းမသိတဲ့ ဒရုန်းတစ်စင်း ပျက်ကျ ၊ မိုင် ၄၀၀ ကျော်ဖြတ်သန်း ပျံလာသည်ဟု ယူဆရ  • ယူကရိန်းနိုင်ငံအနောက်ဖက်ပိုင်းက လက်နက်သိုလှောင်ရုံအား ရုရှားမှ Hypersonic Missile ပစ် • အိန္ဒိယရဲ့ Supersonic Missile ပါကစ္စတန်ထဲကျ  • ပါကစ္စတန်ခဲယမ်းလက်နက် သိုလှောင်ရုံ  ပေါက်ကွဲ • ဆော်ဒီရေနံချက်စက်ကို  ရဟူသီသူ...

ဘုရားလောင်းယောင်ဆောင်ထားသော မသူတော်များ

Image
၂၀၂၂ ခုနှစ်  မတ်လ ၂၁ ရက်နေ့မှာ အမေရိကန်အစိုးရဟာ မြန်မာပြည်က မင်းအောင်လှိုင်နှင့်သူ့တပ်အား လူမျိုးသုဉ်းသတ်ဖြတ်ကျူးလွန်မှု မြောက်သည်ဟု ကြေညာခဲ့ပါတယ်။၎င်းဟာ မြန်မာ့နိုင်ငံရေး/ကမ္ဘာ့နိုင်ငံရေးအတွက် နိုင်ငံရေးအချိုးအကွေ့အပြောင်းအလဲလို့ပဲ ဆိုရမယ်ထင်ပါတယ်။သူတို့အချိန်ဆွဲပေးထားတဲ့သတ်မှတ်ကာလကို ကျော်လွန်လာပြီဖြစ်လို့  မီးခဲကို ရေရှည်ဆုပ်ကိုင်ထားဖို့  မဖြစ်နိုင်တာကြောင့် လွှတ်ချတဲ့သဘောပါပဲ။ အခြားတစ်ဖက်က စဥ်းစားကြည့်မယ်ဆိုရင်လည်းဗလာဒီမာ ပူတင်ကို  ထိုးနှက်ဖို့အတွက် ကနဦးအနေနဲ့  အကြမ်းဖက်စစ်တပ်ကို  ချနင်းတာလို့  ယူဆရပါတယ်။ ဗလာဒီမာပူတင်ဟာ စစ်ရာဇဝတ်မှုနှင့်လူမျိုးသုဉ်းသတ်ဖြတ်မှု​ကျူးလွန်မှု မြောက်နေသလား/မမြောက်ဘူးလားကတော့ သူဖြေရှင်းရမည့် ကိစ္စပဲ။  အမေရိကန်အစိုးရဟာ ကြီးကြီးကျယ်ကျယ်တွေကြေညာပြီးမှ အဖျားရှူးမသွားဖို့ပဲ  လိုပါတယ်။ လူမျိုးသုဥ်းသတ်ဖြတ်မှု ကြေညာတာဟာ ထူးခြားတယ်။( DS  နှင့် Q တို့ရဲ့ အားပြိုင်မှုဟာ အဆုံးသတ်သွားပြီလား ၊ တဖက်ဖက်က ထိန်းနိုင်သွားပြီလားဆိုတာ စဥ်းစားစရာ ရှိပါတယ် )  လူမျိုးသုဉ်းသတ်ဖြတ်မှု ကြေညာတာဟာ မင်းအောင်လှိုင် တစ်ယ...

အမေရိကန်ပြည်သူများ၏ရန်သူတော်များ [The enemies of the American people]

Image
The New York Times ဆိုတာ Trump ကိုအသေမုန်းပြီး၊ Trump ကိုထိခိုက်နစ်နာစေမယ့် မမှန်သတင်းတွေ လုပ်ကြံပြီး ဖော်ပြတဲ့သတင်းစာကြီးဖြစ်ပါတယ်။ The New York Post ဆိုတာကတော့ Conservative တွေဖက်ယိမ်းပေမယ့် သတင်းအမှန်ကိုသာတင်ပြလေ့ရှိပါတယ်။  ၂၀၂၀ ခုနှစ် နိုဝင်ဘာလ လေးရက်နေ့မှာ သမ္မတရွေးကောက်ပွဲကျင်းပခဲ့ပါတယ်။ ရွေးကောက်ပွဲမတိုင်ခင် အောက်တိုဘာလမှာ The NewYork Post သတင်းစာကြီးက ၂၀၁၉ ခုနှစ် ဧပြီလတွင် Delaware မြို့ရှိ ကွန်ပြူတာပြုပြင်ရေးဆိုင်တွင် စွန့်ပစ်ခဲ့သော Hunter Biden ၏ လက်ပ်တော့၏ အကြောင်းအရာများကို သီးသန့်ဖော်ပြခဲ့ပါတယ်။ Laptop hard drive ထဲတွင် Hunter Biden၊ ၎င်း၏မိသားစုနှင့် စီးပွားရေးလုပ်ဖော်ကိုင်ဖက်များကြား၊ အီးမေးလ်များ မက်ဆေ့ချ်များ၊ ဓာတ်ပုံများနှင့် ဘဏ္ဍာရေးစာရွက်စာတမ်းများ ပါဝင်ပါတယ်။ ဒုသမ္မတ Joe Biden ၏သားဖြစ်သူ Hunter သည် ၎င်း၏နိုင်ငံရပ်ခြားစီးပွားရေးလုပ်ငန်းများတွင် သူ့အဖေအရှိန်အဝါဖြင့် နိုင်ငံရေးသြဇာလွှမ်းမိုးမှုကို မည်သို့အသုံးပြုခဲ့သည်ကို အသေးစိတ် ဖော်ပြထားပါတယ်။ ရက်ပေါင်းကိုးဆယ်ကျော်သည်အထိ လာရောက်ရွေးချယ်ခြင်းလည်းမရှိ၊ ပိုင်ရှင်ကိုဆက်သွယ်လို့လည်းမရတာကြောင့် ကွန်ပြူတာပ...

ကော်ပိုရေးရှင်း( ၆ )ခုကပိုင်သော မီဒီယာလောက

Image
သတင်းစာပေါင်း ၁၅၀၀ ၊ မဂ္ဂဇင်းပေါင်း ၁၁၀၀ ၊ ရေဒီယိုစတေရှင်ပေါင်း ၉၀၀၀ ၊ TV စတေးရှင်ပေါင်း ၁၅၀၀ ၊ ထုတ်ဝေသူပေါင်း ၂၄၀၀ ကို ကော်ပိုရေးရှင်း ၆ ခုက ပိုင်ပါတယ်။ အရေအတွက်အားဖြင့် ၎င်းထက်ပိုနိုင်ပါတယ် ၊ ယေဘုယကိန်းဂဏာန်းကို ပြောပြတာပါ။ ( ဒီဖက်ခေတ်မှာဆိုရင်  Social Media နှင့် Social Platform တွေ ချဲ့ထွင်ထားကြတာ ) တစ်ခါတလေ သူတို့ပြောသမျှကပဲ မှန်ပြီး  ကိုယ်ပြောသမျှဟာ  ယုံတမ်းစကားအဖြစ် မှေးမှိန်သွားရတာမျိုးတွေ ရှိနိုင်တာပေါ့ ။ သူတို့ဟာ ငါတို့ရဲ့ကျောင်းပညာရေးစနစ်တွေတောင်  ခြယ်လှယ်နေကြတာလေ ။ တကယ်တော့  ၎င်းလွှမ်းမိုးမှုဟာ  Deep State ရဲ့ အခက်အလက်မျှသာ ရှိပါသေးတယ်။ myanmar society🇲🇲

"လူရှိတယ် ၊ လိုနေတာ လက်နက်ပါတဲ့

Image
ကမ္ဘာ့နိုင်ငံတွေက  မြန်မာပြည်သူလူထုကဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ အမျိုးသားညီညွတ်ရေးအစိုးရကို  အသိအမှတ်ပြုဖို့လိုနေတာပါ ။(ဒါတော့ မင်းပြောမှလားကွာ ငါတို့လည်း သိတာပေါ့လို့ ပြောကြမလားပဲ) တကယ်ကလည်း အသိအမှတ်ပြုသင့်လှပါတယ်။ မပြုနိုင်သေးရင်လည်း အဖြေရှာဖို့ ၊အသိအမှတ်ပြုလာဖို့ ဆွေးနွေးအဖြေရှာဖို့ လိုပါတယ် ။ အဲ့ဒီလိုအသိအမှတ်ပြုရင်  သံရုံးတွေ နှင်ထုတ်ခံရမှာပေါ့လို့  ဆင်ခြေပေးကောင်း ပေးကြမှာပါ။သံရုံးတွေက အရေးကြီးသလား  သန်းချီသောပြည်သူတွေအသက်က ပိုအရေးကြီးသလားဆိုတာသိရင်   ဆုံးဖြတ်ရလွယ်ပါတယ်။ ဒီတိုင်းဇာတ်မျောပုံစံကြီး ဖြစ်နေတာထက်စာရင်  အဆင်ပြေနိုင်မည့်ချဥ်းကပ်ပုံချဥ်းကပ်နည်းတွေ အ​ကျေအလည် ဆွေးနွေးသင့်လှပါတယ်။ အနည်းဆုံးတော့ ကမ္ဘာ့နိုင်ငံတွေအနေနဲ့  မြွေမသေတုတ်မကျိုးနည်း၊ နားလှည့်ပါးလှည့် လုပ်ပေးလို့ရတဲ့နည်းတွေ အများကြီး ရှိပါတယ် ။ ကမ္ဘာ့နိုင်ငံတွေဟာ မြန်မာပြည်သူတွေအပေါ် စေတနာနည်းနေကြသေးလို့ ( သို့မဟုတ် ) ဘယ်လိုချဥ်းကပ်ရမယ်ဆိုတာ အမျိုးသားညီညွတ်ရေးအစိုးရဖက်ကလမ်းကြောင်းမထားနိုင်လို့လို့ပဲ ပြောချင်မိတော့တာပါပဲ။ " အမျိုးသားညီညွတ်ရေးအစိုးရအား...

"တကမ္ဘာလုံးကို ရွာကြီးတရွာလို အာဏာနဲ့အုပ်ချုပ်မည့်ကမ္ဘာ့ရွာကိုသွားဖို့ဆိုရင် လူမျိုး/မျိုးချစ်စိတ်အခြေခံတဲ့နိုင်ငံလေးတွေကို အားနည်းအောင်လုပ်ပစ်ဖို့က အဓိကကျနေလို့ .... "

Image
"တကမ္ဘာလုံးကို ရွာကြီးတရွာလို အာဏာနဲ့အုပ်ချုပ်မည့်ကမ္ဘာ့ရွာကိုသွားဖို့ဆိုရင် လူမျိုး/မျိုးချစ်စိတ်အခြေခံတဲ့နိုင်ငံလေးတွေကို  အားနည်းအောင်လုပ်ပစ်ဖို့က အဓိကကျနေလို့ .... " _______________ • ဘလင်ကန်၊ ဘိုင်ဒန်နဲ့ ရုရှား၊ ယူကရိန်းဆက်စပ်မှုသမိုင်း ဘလင်ကန်နဲ့ ဘိုင်ဒန်တို့ အိုဘားမားတို့အကြောင်းကို ထောက်လှမ်းရေးသတင်းထောက် မေရီဖန်းနင်းနဲ့ အလန်ဂျုံးစ်တို့က ရေးသားထားတာဖတ်လိုက်ရပါတယ်။ ဘလင်ကန်တို့မိသားစုက ဘိုင်ဒန်နဲ့ နှစ်ပေါင်းရှည်ကြာ ရင်းနှီးခဲ့တာ လူတွေသိကြပေမယ့် ဆိုရော့စ်တို့ ရုရှားထောက်လှမ်းရေးတို့နဲ့ အင်မတန်နီးစပ်ခဲ့တာကိုတော့ သိပ်မသိကြပါဘူး။ ဆိုရော့စ်မိဘတွေက တကမ္ဘာလုံးမှာ Esperanto ဆိုတဲ့ စကားတမျိုးပဲပြောတဲ့ ကမ္ဘာ့ရွာကြီးတခုကို တည်ထောင်ချင်နေခဲ့တာဖြစ်ပြီး အခုအချိန်မှာ အဲဒီစကား ပျောက်ပျယ်သွားပြီဖြစ်ပေမယ့် ကမ္ဘာ့ရွာစိတ်ကူးကတော့ ရှိနေဆဲ အကောင်အထည်ဖော်ဖို့ ကြိုးစားနေကြဆဲဖြစ်ပါတယ်။ ဆိုရော့စ်ရဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတာက ပွင့်လင်းတာကလွဲရင် ကျန်တာ အကုန်လုပ်တယ်လို့ ဆိုပါတယ်။  ဘလင်ကန်ရဲ့ မိဘတွေက ဟန်ဂေရီမှာ ပွင့်လင်းလူ့အဖွဲ့အစည်းအတွက် ငွေအများကြီးလှူခဲ့တဲ့အတွက် အဲဒီ Archive ကို သူ...

Rothchilds ၏ငွေဝင်လမ်းကြောင်းများထဲက တစ်ခု

Image
ဒီမြေပုံကို  ၁၈၉၄  ခုနှစ်က ထုတ်ဝေခဲ့တာဖြစ်ပါတယ်။ အင်္ဂလိပ်ရေဘဝဲလို့  မြေပုံအညွှန်းနာမည် ပေးထားပါတယ်။မြန်မာနိုင်ငံပါတော်မူတဲ့ခုနှစ်က  ၁၈၈၅ ။ စဥ်းစားကြည့်ပေါ့ ... မြန်မာဟာ အင်္ဂလိပ်ကိုလိုနီလက်အောက်မှာ ကျရောက်နေစဥ်ဖြစ်ပါတယ်။ Rothchilds ငွေလမ်းကြောင်းတွေဟာ ဘယ်နိုင်ငံတွေပေါ် ဖြတ်ပြီး စီးဆင်းနေတယ်ဆိုတာ သိဖို့လိုပါတယ်။ အဲ့လိုဖြတ်သန်းစီးဆင်းစေတဲ့လမ်းကြောင်းဟာ ကိုယ်နိုင်ငံပေါ်က  ဖြတ်သွားသလားဆိုတာ ကြည့်ဖို့လိုပါတယ်။ ဟော ... တွေ့ပါပြီ   Rothchilds ရဲ့ ငွေကြေးစီးဆင်းရာလမ်းကြောင်း တစ်ခုဟာ မြန်မာပေါ်က ဖြတ်သန်းသွားပါတယ်။ မြန်မာ ၊ ပါကစ္စတန် ၊ ယူကရိန်း လမ်းကြောင်း ဖြစ်နေတာကို  တွေ့ရမှာ  ဖြစ်ပါတယ်။ ၎င်းလမ်းကြောင်းကို  နည်းနည်းလောက် လိုက်ကြည့်ကြစို့... မြန်မာ ၊ ထိုင်း ၊ လာအို ၊ ဗီယက်နမ် ၊ ယူနန် ၊ ကမ္ဘောဒီယား တို့ဆုံရာနေရာမှာ  "ရွှေတြိဂံ"ဆိုပြီး  တည်ဆောက်ထားပါတယ်။ အရှေ့တိုင်းဘဏ်ဆိုပြီး   နာမည်ရတာက  စင်္ကာပူဖြစ်တယ်။(အနောက်တိုင်းဘဏ်ကတော့ ဆွစ်ဇလန်ဘဏ်ပေါ့) အဲ့ဒီမှာ ငွေစုတယ် ... အနောက်ကို  စီးဆင်းစေတယ်။ ၎င်းတို့အကျိုးစီး...