Posts

စစ်ကောင်စီ၏သေနင်္ဂဗျူဟာ

Image
AA ဟာ စစ်ကောင်စီနဲ့  စေ့စပ်ညှိနှိုင်းအပစ်ရပ်စဲရေး သဘောတူလိုက်တဲ့အပေါ်မှာ  အမျိုးမျိုးပြောဆို ဝေဖန်နေကြတာတွေ့ရပါတယ်။ ၎င်းကိစ္စနဲ့ပက်သက်ပြီး မိမိတို့ရဲ့ထင်မြင်ချက် နည်းနည်းလောက် ပေးရရင်ဖြင့် ___ ပထမဆုံးပြောလိုတာက....  AA ကိုယ်တိုင်က စစ်ကောင်စီ၏သေနင်္ဂဗျူဟာအောက်မှာ အညံ့ခံလိုက်ရတာလည်း  ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲ...??? အပစ်အခတ်ရပ်စဲရေးတို့ ၊ NCA တို့ဆိုတာ  စစ်ကောင်စီရဲ့သေနင်္ဂဗျူဟာ  လက်စွဲပဲ။ စစ်ရေးကို  အဆုတ်အတက်လုပ်တဲ့ဗျူဟာပေါ့ ။ အဲ့သည်လိုနည်းနဲ့  တိုင်းရင်းသားလက်နက်ကိုင်တွေကို  ထိန်းလာတာ  နှစ်ပေါင်း ( ၇၀ )  ရှိခဲ့ပြီ။ စစ်ရေးပြင်းထန်လေ ... ပြည်သူကို  ဖိတွယ်လေပဲ ၊ ပြည်သူကို ထိတာမခံနိုင်တော့  လက်နက်ချရတော့တာပဲ (သို့မဟုတ်) စစ်ကောင်စီအဆိုပြုတဲ့ အပစ်အခတ်ရပ်စဲရေးတို့ ၊ NCA တို့ သဘောတူလိုက်လျောရတဲ့ဂွင်ထဲ  ဝင်တိုးရတော့တာပါပဲ ။ ၎င်းသည်ပင်  တိုင်းရင်းသားလက်နက်ကိုင်တွေရဲ့  အားနည်းချက်( weak point )လို့  အဲ့သည်လိုပဲ  စစ်ကောင်စီက  ရှု့မြင်ပါတယ်။ သည်နေ့  ( သို့မဟုတ် ) မနက်ဖြန်...

FTX - ယူကရိန်းနှင့်ဒီမိုကရက်ပါတီ

Image
George Soros ပြီးရင် ဒုတိယအကြီးဆုံး ဒီမိုကရက်တွေရဲ့ အလှူရှင်ဖြစ်တဲ့ CEO Sam Bankman-Fried  ဦးစီးတဲ့ ဒေါ်လာဘီလီယံပေါင်းများစွာတန်တဲ့ cryptocurrency ကုမ္ပဏီ FTX ဟာ ပြီးခဲ့တဲ့အပတ်က ပြိုကျခဲ့ပြီး FTX ရဲ့ ဖောက်သယ်တွေ  $ ဘီလျံနဲ့ချီပြီး  ဆုံးရှုံးကုန်ကြပါတယ်။  FTX  မှာလျော်စရာမရှိပဲ ဒေဝါလီ  လူမွဲအဖြစ်ခံယူဖို့  USA မှာ လျှောက်ထားခဲ့ပါတယ်။  ဒေဝါလီခံတဲ့အချိန်မှာ  သိရတာက  FTX  နဲ့ နှီိးနွယ် လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းပေါင်း တကမ္ဘာလုံးမှာ ၁၃၄  ခုရှိပြီး  FTX ကပြန်လည်ပေးဆပ်ရန်  တာဝန်ရှိတဲ့  ဒေါ်လာ ဘီလျံ ၅၀  ဟာ ပျောက်ဆုံးသွားပြီဖြစ်ပါတယ်။ ဂျိုးဘိုင်ဒင်က 🇺🇸  အမေရိကန်အခွန်ထမ်းတွေရဲ့  ဒေါ်လာဘီလီယံပေါင်းများစွာကို 🇺🇦  ယူကရိန်း စစ်ပွဲအတွက် ကူညီမည် ဟု  ပြောပြီး  ရက်ပိုင်းအတွင်းမှာပဲ  FTX နဲ့ 🇺🇦 ယူကရိန်းအစိုးရတို့ဟာ ပါတနာအဖြစ် ပူးပေါင်းခဲ့ကြောင်း အသေးစိတ်အချက်အလက်များ ထွက်ပေါ်လာခဲ့ပါတယ်။ 🇷🇺 ရုရှားက  🇺🇦  ယူကရိန်းကို  ၂၀၂၂ ဖေဖော်ဝါရီ ၂၄ ရက်တွင် ကျူးကျော်...

ပျဉ်းမနားမြို့ ဖြစ်စဉ်သမိုင်း

Image
ယခု ပျဉ်းမနားဟူ၍ ခေါ်တွင်သောမြို့၏အမည်ရင်းမှာ ရှေးအခါက (နင်းကြမ်း)ဟုခေါ်တွင်သည်။ မြို့မတည်မီ တောင်တွင်းကြီးနယ် လက်ခုပ်ပင် ရွာသား ဦးရွှေတုတ်သည် ငါးလိုက်ချောင်းမြောက်ဘက် ရွာကောက်သူနှင့် အိမ်ထောင်ကျနေထိုင်သည်။ ထိုအချိန်နှင့် မရှေးမနှောင်းတွင် တောင်တွင်းကြီးမှ ရောက်လာသော (သိုက်ဆရာ)ဦးကြာဥသို့ ဦးရွှေတုတ်နှင့် အပေါင်းအပါ ကိုးဦးတို့က မြို့တည်ရန် အခါပေးစာတမ်းတစ်ခုရေးပေးရန် တောင်းခံသည်။ တစ်ညအတွင်း မြို့တည်ရန် အခါပေးစာတမ်းတစ်ခုပြုစုပေးသည်။ ယင်းအခါပေးစာတမ်းအရ မြို့မတည်မီ ခုနစ်ရက်စောပြီးလျှင် ရှမ်းကန်တောင်ဘက် ဘုရားကိုးဆူတည်ရာ ဥာဏ်တော် ကိုးမိုက်စီရှိသည်။ ဘုရားတစ်ဆူလျှင် ဒါယကာကိုးယောက်စီတာဝန်ယူလျက် မြန်မာသက္ကရာဇ် ၆၆၆ ခုနှစ် တန်ဆောင်မုန်းလဆန်း ၁ဝ ရက်နေ့ နံနက် ၄ ချက်တီးအချိန်(နင်းကြမ်း)မြို့ကိုတည်ရန် ပန္နက်ရိုက်သည်။ ထိုသို့ ပန္နက်ရိုက်ပြီးလျှင် ဦးရွှေတုတ်က ရွာကိုးရွာမှ တစ်ရွာလျှင် တစ်ဦးကျစီခေါ်ယူ၍ အိုးသစ်အိမ်သစ်များ တည်ဆောက်စေသည်။၎င်းကိုးရွာမှ အိမ်သစ်ဆောက်သူများမှာ (၁) တောင်ဝင်ရွာသားကိုရွှေသား၊ (၂) ဆိပ်နန်တုံးရွာသား ဦးပသီ၊ (၃) သပြေတန်းရွာသား ဦးရွှေပေါက်၊ (၄) ကြက်ပြေးရွာသား ဦးစံမြ၊ (၅) မီးလေ...

တို့အားလုံးရဲ့တာဝန် ...

Image
အစ္စရေးနိုင်ငံရေးမှာ  နေတန်ရာဟု' ပြန်လာတာဟာလည်း  ကမ္ဘာ့နိုင်ငံရေးပြောင်းလဲဖို့အတွက်  အချက်တစ်ချက်အဖြစ် ထည့်သွင်းတွက်ချက်ရမှာ ဖြစ်ပါတယ်။ နောက်တစ်ခုက  အမေရိကန်ရွေးကောက်ပွဲကိုလည်း  နည်းနည်းလောက် အာရုံစိုက်ဖို့လိုမယ်  ထင်ပါတယ်။ အခြေအနေဘယ်လိုရှိလဲ  စောင့်ကြည့်ရပါမယ်။ မအလရဲ့လက်နက်အဝယ်တော် ထွန်းမင်းလတ် ထိုင်းမှာ အဖမ်းခံရပြီး  သူ့ရဲ့ပိုင်ဆိုင်မှု  ၁.၅ ဘီလီယံဝန်းကျင်   သိမ်းယူထားတယ်လို့  ထိုင်းသတင်းတွေက  ဖော်ပြတယ်။ထိုင်းကတော့  ကော်တာပဲ ။ ဒီလိုဖမ်းပြီး  အရေးယူရတာမျိုးဟာ  နောက်ကွယ်မှာ  ဖိအားတွေတော့  ရှိနိုင်ပါတယ်။ ဒါနဲ့  ဦးကျော်မိုးထွန်း လုပ်ကြံခံရတဲ့အမှုကလည်း ရှေ့မဆက်တော့သလိုပဲ...  ( ထိုင်းနိုင်ငံမှာ ဒေါ်လာအတုထုတ်စက် {အမှန်က အစစ်ထုတ်စက်} ထိုင်းမှာမိတဲ့အကြောင်းအရာ  နောက်ဆက်တွဲ  သတင်းဆက်မလာတော့ဘူး။CIA  ဒါရိုက်တာဆိုတာလား ထိုင်းလာပြီး  သတင်းအစအန  ပျောက်သွားတာပါပဲ။အဲ့သည်လို ထူးဆန်းတဲ့အကြောင်းအရာတွေ ရှိဖူးတယ်ဆိုတာ ​ပြန်ပြန်ပြောပြယုံပါ။  မြန်မာပြည်သူအများစုဟာ Hot...

ရုရှား-ယူကရိန်း စစ်ပွဲအခြေအနေ

Image
ရုရှား - ယူကရိန်းစစ်ပွဲလို့ပြောရင်  ခရိုင်းမီးယားကျွန်းဆွယ်ကို  သိမ်းတာက  ပထမပိုင်းဖြစ်ပြီး  ယူကရိန်းကို ကျူးကျော်တာက  ဒုတိယပိုင်းလို့  ပြောမှ  ပိုတိကျမယ် ထင်ပါတယ်။ ခရိုင်းမီးယားကျွန်းဆွယ်သိမ်းတာက  အိုဘာမားလက်ထက်မှာ  ဖြစ်ခဲ့ပြီး ယူကရိန်းကို  ကျူးကျော်တာကတော့  ဂျိုးဘိုက်ဒန်လက်ထက်မှာ ဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ရုရှားဟာ  ယူကရိန်းကို  ကျူးကျော်တော့မှာဆိုပြီး  လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့မှ ရတဲ့သတင်းက MSM ပေါ်ရောက်လာပြီး   မကျူးကျော်သင့်ဘူး၊မဖြစ်သင့်ဘူး၊အသေးစားကျူးကျော်တာကို  လက်ခံပေးလို့ရတယ်၊အသေးစားကျူးကျော်တယ်ဆိုတာ မရှိဘူး၊အဲ့စကားရှုံ့ချတယ်၊ဥရောပသမဂ္ဂအဖွဲ့ဝင်မယ်၊ပြန်ချမယ် ဘာညာတွေ  တစ်လလောက်   ဟိုဖက်သည်ဖက်  အချင်းများပြီး သကာလ ..... ၂၀၂၂  ခုနှစ်  ဖော်ဖော်ဝါရီ (  ၂၄ ) ရက်နေ့မှာ  ရုရှားဟာ ယူကရိန်းကို  စစ်စပြီး ထိုးခဲ့ပါတယ်။ MSM တွေကတော့  ဒါဟာ ကျူးကျော်မှုလို့  သတင်းရေးကြပါတယ်။ ရုရှားတွေဖက်ကတော့  အဲ့ဒါဟာ စစ်ဆင်ရေးလို့  သူတို့ကိုယ်သူတို့...

ဘပု၏ ဖမ်းကွက်၊ချုပ်ကွက်များ

Image
File အဟောင်းတွေ ပြန်လှန်ရင်  နာမည်၊ရက်စွဲအတိကျ ရှိပေမဲ့  ပြန်ရှာဖို့  နည်းနည်းလေးပင်နေလို့  မှတ်မိသလောက် ချရေးလိုက်ပါတယ်။ မှတ်မိသလောက်ပြန်ပြောရရင် ...... သမ္မတဦးဝင်းမြင့်၊ဒေါ်အောင်ဆန်းစုကြည်နှင့် NLD အမတ်တွေ ၊ ဝန်ကြီးတွေဖမ်းပြီး အာဏာသိမ်းခြင်း လုပ်ဆောင်ခဲ့ပါတယ်။ သိပ်မကြာသေးခင်ကပဲ .. ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်နှင့်တခြားနှစ်ယောက်ကို   ကြိုးပေးခဲ့ပါတယ်။ နိုင်ငံတကာမှ ဝိုင်းဝန်းတားနေသည့်ကြားက  ကြိုးပေးသတ်ခဲ့တဲ့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေတောင်  ပြူးတူးပြဲတဲဖြစ်သွားခဲ့ရတယ်။၎င်းနဲ့ပက်သက်လို့  နောက်ထပ်အကွက်တွေ ထွက်လာနိုင်စရာ ရှိနေမှာပါ ။ Frontier Myanmar  သတင်းအယ်ဒီတာကို ဖမ်းပြီး ထောင်  ( ၁၁ ) နှစ်ချပစ်ခဲ့တာ ။ မကြာဘူး ၊  ဒီမိုကရက်အသိုင်းအဝိုင်းမှာ ဝင်ဆန့်တဲ့ ၊ မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ပလဲပနံ့သင့်ခဲ့တဲ့သူလာပြီး  ညှိနှိုင်းခေါ်ထုတ်သွားခဲ့တာပါပဲ။ လေယာဥ်ကွင်းထိတောင်  လိုက်ပို့ခဲ့တာ ။ Frontier Myanmar  သတင်းအယ်ဒီတာဟာ  ဒီမိုကရက်တွေကြီးစိုးတဲ့နယ်မြေကလို့  ပြောသံကြားပါတယ်။ ၎င်းစေ့စပ်ညှိနှိုင်းမှုမှာ အပေးအယူ...

ဇာတ်လမ်းရှည်မယ့် ဂလဲ့စားများ

Image
Trump ရဲ့ နေအိမ်ကို ဝင်ရောက်စီးနင်းဖို့ တာဝန်ယူညွှန်ကြားခဲ့တာ သူဖြစ်ပါတယ်ဆိုပီး ရှေ့နေချုပ် (AG -Attorney General) Merrick Garland က တရားဝင်ထုတ်ပြောခဲ့ပါတယ်။ ရှေ့နေ Merrick Garland ဆိုသူဟာ ဒီမိုကရက်သမ္မတ Bill Clinton လက်ထက် ၁၉၉၇ ခုနှစ် မှာ တိုက်နယ် တရားသူကြီးအဖြစ်ခန့်အပ်ခံခဲ့ရပါတယ်။ ဒီနောက် ရီပတ်ဘလီကန်သမ္မတ George Bush နဲ့ ဒီမိုကရက်သမ္မတ Obama လက်ထက်အထိ အပြောင်းအလဲမရှိခဲ့ပါဘူး။  ၂၀၁၆ ခုနှစ် အိုဘားမားလက်ထက်မှာ Supreme Court တရားသူကြီးတစ်ဦးကွယ်လွန်ခဲ့တယ်။ အဲဒီလစ်လပ်နေရာအတွက် Merrick Garland ကို အစားထိုးဖို့ အိုဘားမားက အမည်တင်သွင်းတယ်။ ဒီတစ်ကြိမ်ပါနဲ့ဆိုရင် Garland ကို အမည်တင်သွင်းတာ သုံးကြိမ်မြောက်ဖြစ်ပါတယ်။ Supreme Court ဆိုတာ U.S.A. မှာ အမြင့်ဆုံးတရားရုံးဖြစ်တယ်။ အဲဒီမှာ တရားသူကြီးဖြစ်ပီဆိုရင် ရာသက်ပန်ဖြစ်ပါတယ်။ တရားသူကြီးတိုင်း လိုချင်တဲ့ ရာထူးဖြစ်ပါတယ်။  ဖြစ်ချင်တော့ အိုဘားမားရဲ့သမ္မတသက်တမ်းနောက်ဆုံးနှစ်ဖြစ်ပြီး အဲဒီနှစ်နိုဝင်ဘာလမှာ သမ္မတရွေးကောက်ပွဲရှိပါတယ်။ အဲဒီအချိန်က ဆီးနိတ်မှာ ရီပတ်ဘလီကန်တွေက လူများစုဖြစ်ပြီး ခေါင်းဆောင်ကတော့ Mitch McConnell ဖြစ်နေပါတယ်။ သမ္...

🇺🇸 နိုင်ငံရေးလုပ်ကြံမှုကြီး 🇺🇸

Image
Trump နေထိုင်တဲ့ မာ-အာ-လာဂို (Mar-A-Lago) အိမ်ကို FBI အေးဂျင့် အမြောက်အမြားက ယနေ့ ဝင်ရောက်စီးနင်းလိုက်တယ်လို့သိရပါတယ်။ ဘာကြောင့်စီးနင်းတယ်ဆိုတာ တရားရေးဌာန နှင့် FBI ကထုတ်မပြောသေးပါဘူး။ နိုင်ငံတော်အတွက် လျှို့ဝှက်ထားရမယ့်စာရွက်စာတမ်းတွေကို Trump အိမ်ဖြူတော်ကထွက်ခွါချိန်မှာ ယူဆောင်သွားခဲ့တယ်ဆိုတဲ့ စွပ်စွဲပြောဆိုမှုတွေတော့ ရှိပါတယ်။ သမ္မတဟောင်းတစ်ယောက်ဖြစ်သလို 2024 ရွေးကောက်ပွဲမှာ ပြန်လည်အရွေးခံရနိုင်တဲ့ Trump အပေါ်အခုလို ဆောင်ရွက်တာဟာ အကျင့်ပျက်နေတဲ့ တတိယနိုင်ငံတွေမှာသာ ဖြစ်ပေါ်လေ့ရှိတယ်လို့ Trump ကပြောလိုက်ပါတယ်။ သူ့အိမ်ရှိ အခန်းများမှ စာရွက်စာတမ်းများကို FBI က ယူဆောင်သွားတယ်လို့ဆိုပါတယ်။ Biden ရဲ့သား Hunter Biden ရဲ့ laptop ထဲမှာတွေ့ရတဲ့ အထောက်အထားတွေအရ Biden တို့မိသားစုတွေ အကျင့်ပျက် ခြစားထားတာ သိကြပေမယ့် နှစ်နှစ်ကျော်ကြာသည်အထိ စုံစမ်းစစ်ဆေး အရေးယူတာမရှိသေးပါဘူး။ ဒါကိုကြည့်ခြင်းအားဖြင့် တရားရေးဌာန နှင့် FBI ကအကြီးဆုံးလူတွေဟာ ဒီမိုကရက်ဘက်တော်သားတွေဆိုတာ ထင်ရှားနေပါတယ်။  2024 ရွေးကောက်ပွဲမှာ Trump ဝင်ပြိုင်လို့မရအောင် ဒီမိုကရက်တွေ တနည်းမဟုတ်တနည်း ကြံစည်ကြလိမ့်မယ်ဆိုတာ တွ...

ဒီမိုကရေစီရဲ့ အန္တရာယ် "Drop Box"

Image
🇺🇸 U.S.A. 2020 ရွေးကောက်ပွဲဟာ မှန်ကန်မှုမရှိဘူးဆိုတာ ကျယ်ကျယ်ပြန့်ပြန့်လေ့လာမယ်ဆိုရင် ထင်ရှားပါတယ်။ နောင်လာမယ့် ရွေးကောက်ပွဲတွေမှာလည်း ပြဿနာတွေရှိဦးမှာပါပဲ။ Biden အစိုးရ လုပ်နေပုံကိုကြည့်လေ။ မဲပေးရာမှာ လိုအပ်ချက်တစ်ခုဖြစ်တဲ့ "proof of Citizenship" နိုင်ငံသားဖြစ်ကြောင်း အထောက်အထားအဖြစ် ID ပြနိုင်ရမယ်ဆိုတဲ့ ဥပဒေကို အတည်ပြုလိုက်တဲ့ အာရီဇိုးနား ပြည်နယ်ကို သမ္မတ Biden အစိုးရက တရားစွဲတယ်တဲ့။ တခြားပြည်နယ်တွေကိုလဲ လုပ်မှာပဲ။ ဘာကြောင့် တရားလိုက်စွဲနေရတာလဲ ?   ရှင်းပါတယ်။ illegal immigrants ခေါ်တဲ့ နယ်စပ်ခိုးဝင်တွေရဲ့ တရားမဝင် မဲပြားတွေဟာ ဒီမိုကရက်အတွက် အနိုင်ရစေမယ့် အင်အားအကောင်းဆုံးဖြစ်နေလို့ပါပဲ။ အဲဒီလို တရားမဝင် မဲပေးသူတွေမရှိရင် ဒီမိုကရက်တွေအတွက် ဘယ်ရွေးကောက်ပွဲမှနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့်လည်း open border စံနစ်ကို Biden ကကျင့်သုံးနေတာဖြစ်ပါတယ်။ ဝင်လာသမျှ လူတွေကို အဖမ်းအဆီးပြ၊ ပြီးတော့ တခြားပြည်နယ်တွေကို Bus ကားကြီးတွေနဲ့ လိုက်ဖြန့်ပေး။ ပြန်လည်စုံစမ်းစစ်ဆေးခြင်းမရှိ။  နောက်ထပ် ခိုးဝင်တွေကိုဖိတ်ခေါ်တဲ့အနေနဲ့ နယ်စပ် လူဝင်မှု ဥပဒေတွေကို လျှော့ပေါ့ပေး။ ဒီမိုကရက်ကြီ...

ကြွေတလှည့် ကြက်တခုန်

Image
ပထမဦးဆုံး  ပြောချင်တာကတော့ ( ၆၂ ) နှစ်မြောက်   KIO ထူထောင်ခြင်းအခန်းအနားအကြိုကျင်းပပွဲမှာ သေဆုံးသွားရတဲ့သူတွေအတွက်  စိတ်မကောင်းဖြစ်မိကြောင်းဆိုပါရစေ။  ပျော်ပွဲရွှင်ပွဲကျင်းပနေတုန်း ဗုံးကျဲခံရတဲ့ဖြစ်စဥ်ကို  ကြည့်မယ်ဆိုရင်  မအလ' ဟာ   သူတပ်ရဲ့တဖြည်းဖြည်းကျဆင်းနေတဲ့စိတ်ဓာတ်ကို  ဆွဲတင်ဖို့  လုပ်ဟန်တူပါတယ်။ လူမိုက်ခေါင်းဆောင်ဆိုတော့  လူမိုက်တပည့်တွေအကြိုက်   ကြမ်းပြရမ်းပြတဲ့သဘောမျိုးပေါ့ ။  KIO ၊ KIA  အရာရှိတွေ ပွဲတက်မည့်သတင်းရလို့  လုပ်ကြံသတ်ဖြတ်တဲ့ သဘောလည်း  သက်ရောက်ပါတယ်။  တရုတ်ပြည်ဟာ   မြန်မာစစ်တပ်ရဲ့အင်အားအခြေအနေကို ပေးဖို့တောင်းဆိုခဲ့ပြီး  အလဲအလှယ်အဖြစ်  EAOs  လက်နက်ကိုင်တွေရဲ့   တည်နေရာ ၊အနေအအထား၊အင်အားအခြေပြုမှုကို   ပြန်လည်ပေးအပ်မယ်ဆိုပြီး   နွေဦးတော်လှန်ရေးအစမှာ  ပြောခဲ့ဖူးတာကို   တိုင်းရင်းသားလက်နက်ကိုင်တွေအနေနဲ့  လုံးဝ မေ့မထားပါနဲ့ ၊ သတိလက်လွတ်မနေပါနဲ့ ၊  ပြင်သင့်တာတွေ  ပြင်ထားပါ ။  နောက်တစ်ခုက...

ကမ္ဘာကြီးက ဘယ်လောက်ဆိုးဝါးနေလဲ ??

Image
အမေရိကန်သမ္မတဂျိုးဘိုက်ဒန်နှင့်တရုတ်သမ္မတဂျိုးရှီကျင်းပင်တို့  တရားဝင်လူသိရှင်ကြား ဆွေးနွေးတာ ဒီတစ်ကြိမ်နဲ့ဆိုရင် ( ၃ ) ကြိမ် ရှိပါပြီ။ ပထမအကြိမ်၊ဒုတိယအကြိမ်  တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ ( ၂ )ကြိမ်စလုံးမှာ  မြန်မာ့အရေးပြောခဲ့ကြတယ်လို့ VOA သတင်းဌာနက  သတင်းထုတ်ပြန်ပေမဲ့  မြန်မာနဲ့ပက်သက်တဲ့ဘာအကြောင်းပြောတယ်ဆိုတာ ဘာမှမထုတ်ပြန်ခဲ့ပါဘူး။ ပွင့်လင်းမြင်သာတဲ့အနေအထားလည်း မဟုတ်ခဲ့ပါဘူး ။ VOA သတင်းဌာနက ၎င်းတို့တွေ့ဆုံဆွေးနွေးမှုမှာ   မြန်မာ့အရေးပြောဆိုတယ်ဆိုပြီးရေးတာနဲ့  လူတွေက မြန်မာ့အရေးပြောတယ်ဆိုပြီး  သတ်မှတ်လိုက်ကြတာပါ။ ဂျိုးဘိုက်ဒန်နှင့်ရှီကျင်းပင်တို့ရဲ့  ပထမဆုံးအကြိမ်ဆွေးနွေးခဲ့စဥ်ကတော့  ဦးကျော်မိုးထွန်းကို  ၎င်းနေရာမှာပဲ  ဆက်ထား/မထားနှင့်  မြန်မာ့အရေးအပေါ်   ဘယ်လိုဆက်ဆံပေးစေချင်တယ်ဆိုတာမျိုး ရှီကျင်းပင်က  ဂျိုးဘိုက်ဒန်အား ပြောဆိုခဲ့ဟန်ရတယ်လောက်ပဲ   တွက်ဆရပါတယ်။ အဲ့ဒါကလည်း ၎င်းတို့တွေ့ဆုံဆွေးနွေးပြီးနောက်  ဖြစ်ပေါ်ခဲ့တဲ့ မြန်မာ့နိုင်ငံရေးဖြစ်စဥ်ကို  ခန့်မှန်းကောက်ချက်ချခြင်း ဖြစ်...

End Game ထိသွားမည့် မအလ'များ

Image
မြန်မာနိုင်ငံ ရင်ဆိုင်နေရတဲ့  ICJ  အမှုက နှစ်ရှည်ကြာမြင့်မည့်အမှုမျိုးပါ။ စစ်ကောင်စီပြုတ်ကျသွားပြီးနောက်မှာတောင်  ၎င်းအမှုက ရှေ့ဆက်ချင်ဆက်နေရအုံးမည့် သဘောမျိုးရှိပါတယ်။ နိုင်ငံကိုဦးတည်တရားစွဲခံထားရတဲ့အမှုမှာ   ပြည်သူလူထုက တင်မြှောက်ထားခြင်းမရှိသူတွေက  နိုင်ငံကိုအာဏာသိမ်းပြီး  နိုင်ငံကိုယ်စားပြုအဖြစ် ၎င်းအမှုကို သွားပြီးဖြေရှင်းနေတယ်/ဖြေရှင်းခွင့်ရတယ်ဆိုတာကကို  မှားနေတာ။ အဲ့ဒီတင်မြှောက်မထားသည့်သူတွေကိုတိုင်ကလည်း ၎င်းအမှုကို  လုပ်ထားခဲ့ကြတာလည်း ဖြစ်ပါတယ်။ နိုင်ငံကိုတရားစွဲရသည့်အကြောင်းအရင်းဇာစ်မြစ်က  ၂၀၀၈ အခြေခံဥပဒေအကြောင်းအား  ကမ္ဘာကမသိကြလို့သာ ဖြစ်ပါတယ်။(နောက်တစ်ခုက ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးစင်မြင့်ပေါ်က ဆွဲချချင်ကြတဲ့ရည်ရွယ်ချက်လည်း ပါတာပေါ့) ပုံမှန်အားဖြင့်  အစိုးရက တိုင်းပြည်ကို အုပ်ချုပ်တယ် ၊ အဲ့သည်လိုပဲ ကမ္ဘာပြည်သူပြည်သားတွေက လက်ခံယုံကြည်ကြတာ။  One  country - Two  government လိုဖြစ်အောင်ရေးထားတဲ့  ၂၀၀၈ အခြေခံဥပဒေအကြောင်း  ကမ္ဘာက နားမလည်ပါဘူး။ဒါကြောင့် စစ်တပ်က လုပ်တာဟာ အစိုးရက ခ...

CCP အကြိုက် ဂျိုးဘိုက်ဒန်လိုက်မည်

Image
အမေရိကန်သမ္မတဂျိုးဘိုက်ဒန်ဟာ  အမေရိကန်ရဲ့ငွေကြေးဖောင်းဖွမှုကို  အားလျော့ကျစေဖို့  တရုတ်ပြည်ရဲ့သွင်းကုန်တချို့အပေါ်  အခွန်စည်းကြပ်မှု ရုပ်သိမ်းဖွယ် ရှိတယ်လို့  သတင်းရင်းမြစ်တချို့က ဖော်ပြပါတယ်။ ဂျိုးဘိုက်ဒန်ဟာ ၎င်း၏အကြီးတန်းလက်ထောက်များနှင့် အစိုးရအဖွဲ့အတွင်းဝန်များအကြား မူဝါဒ သဘောထား ကွဲလွဲမှုများကြောင့် အခွန်လျှော့ချရန် အစီအစဉ်များကို အကြိမ်ကြိမ်ရွှေ့ဆိုင်းခဲ့ရကြောင်းလည်း သတင်းရင်းမြစ်တချို့မှာ တွေ့ရပါတယ်။ ၂၀၂၂ ခုနှစ်  ဇူလိုင်လ ၈ ရက်နေ့   အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ ကျင်းပခဲ့တဲ့  G20 အစည်းအဝေးမှာ  အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကတော့  တရုတ် - အမေရိကန် ဆက်ဆံရေးဟာ အကျိုးသက်ရောက်မှု ကြီးမားတဲ့ဆက်ဆံရေးဖြစ်တယ်လို့  တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိအား ပြောဆိုခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ်က အကြမ်းဖက်ပြီး အာဏာသိမ်းယူမှုမတိုင်ခင်ကလို အခြေအနေ မျိုးပြန်ရောက်ဖို့ တရုတ်နိုင်ငံက ဘယ်လောက်စိတ်ဝင်စားမှုရှိတယ်ဆိုတာနဲ့ မြန်မာနိုင်ငံဒီမိုကရေစီ ပြန်လည်ဖေါ် ဆောင်ရေးအတွက် တရုတ်မှာတာဝန်ရှိတယ်လို့ ဝန်ကြီးဘလင်ကန်က ထ...

"အရက်သောက်တာအပြစ်ရှိသလား၊ငရဲကျနိုင်သလား"(ရွှေဥဒေါင်း )

Image
ဆရာကြီးရွှေဥဒေါင်းနှင့် ဦးပဉ္ဇင်းတစ်ပါး  ပြောဆို ဆွေးနွေးချက်များ - ဇင်း ။ ။ တကာကြီးက အရက်သောက်တာ  အပြစ်မရှိဘူးလို့ ရေးဖူးတယ်ဆို၊တကာကြီးကိုယ်တိုင်ကော အရက်သောက်သလား ။ ရွှေ ။ ။ စာအုပ်ထဲမှာ တွေ့ပါသလားဘုရား ။ ဇင်း ။ ။ စာအုပ်ထဲမှာတော့ မတွေ့ပါဘူး ၊  တစ်နေရာမှာ ရေးဖူးတယ်လို့ ပြောကြတယ် ။ ရွှေ ။ ။ တင်ပါ ၊ တပည့်တော်ရဲ့ " ဖြောင့်ချက် "  ဆိုတဲ့ ဆောင်းပါးထဲမှာ ရေးဖူးပါတယ်ဘုရား ။ ဇင်း ။ ။ ဘာကြောင့် ရေးတာလဲ တကာကြီး ။ ရွှေ ။ ။ ဖြောင့်ချက်ဆိုတော့ တပည့်တော်ရဲ့ အယူအဆ နဲ့ အပြုအမူတွေကို ဟုတ်မှန်အတိုင်း ဖော်ထုတ်ပြီး ရေးရမည့် တာ၀န်ရှိလို့ပါ ဘုရား ။ ဇင်း ။ ။ ဘယ်သူက ရေးခိုင်းလို့ ရေးရတာလဲ တကာကြီး ။စိတ်မရှိပါနဲ့နော် ၊ ဦးပဉ္ဇင်းက တကာကြီး ဘက်သားပါ ။ ရွှေ ။ ။ ဘယ်လို ဘက်သားပါလဲ ဘုရား ။ ဒီပြဿနာလေးရှင်းပေးပါအုံး................. ဇင်း ။ ။ လူတွေက မဟုတ်တရုတ် စွပ်စွဲကြလေသလားလို့ ကိုယ်တိုင် ၀င်ပြီး မေးကြည့်တာပဲ ။ ရွှေ ။ ။ ကျေးဇူးတင်ပါတယ် ဘုရား ။  တပည့်တော် ဖြေပါတော့မယ် ။ ဦးပဉ္ဇင်း ရဲ့ မေးခွန်းတွေက တစ်ထိုင်တည်းမှာ သုံးခုရှိသွားပါပြီ ။  (၁) ဖြောင့်ချက်တွေကို ဘယ်သူရေးခိုင်းတာလဲ ။...