အဖေနှင့်သားများဇာတ်ထုပ်လော ??
ဆွတ်ဇာလန်နိုင်ငံ ၊ ဒီဗိုစ်မြို့မှာ ကမ္ဘာ့စီးပွားရေးဖိုရမ်ဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ် ဇန်နဝါရီလထဲမှာ ကျင်းပခဲ့ကြပါတယ်။ ဘယ်သူကမှရွေးကောက်တင်မြှောက်ထားခြင်းမရှိသောကမ္ဘာ့စီးပွားရေးကြိုးကိုင်သူဌေးကြီးများနှင့်တချို့သောရွေးကောက်ခံအစိုးရမင်းများ သွားရောက်တွေ့ဆုံဆွေးနွေးကြတဲ့ ကမ္ဘာ့အစိုးရအဖွဲ့အစည်းအသွင်သဏ္ဍာန်ယူထားတဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်ဆိုတာ ဥရောပနှင့်အမေရိကန်ပြည်သူများရဲ့ဆဲဆိုခံအဖွဲ့အစည်းကြီးလို ဖြစ်နေခဲ့တာပါ။ ကမ္ဘာ့ချဉ်ဖတ်ဖိုရမ် ... ၎င်း ဒီဗိုစ် { Davos } မှာကျင်းပခဲ့တဲ့ ကမ္ဘာ့စီးပွားရေးဖိုရမ်မှာ မြန်မာ့အရေးသီးခြားဆွေးနွေးဆိုပဲ။ထိိုင်းအရာရှိများက စစ်ကောင်စီကိုယ်စား ကိုယ်စားလှယ်လုပ်ပေးတာတဲ့။မြန်မာ့အရေးကို Deep State ကို တင်ပြရတဲ့အဆင့်ထိတောင် ရောက်လာပြီပေါ့ 😅😅 အမလေးဟဲ့ ... Deep State လက်ကိုင်ဒုတ်များရဲ့ ... တလောက ဧရာဝတီသတင်းဌာနက ဘာသာပြန်ရေးတဲ့နိုင်ငံမဲ့"မဏ္ဍလ"အုပ်ချုပ်ရေးကပဲကောင်းသလိုလိုအထာမျိုးနဲ့ Deep State အာဘော်ကို လမ်းကြောင်းတဲ့အရေးအသားကို ဘာသာပြန်ဖော်ပြပ...