Posts

အာသာဖြေ ငြီးတွားခြင်း

Image
ဘုရင့်နောင်ကဲ့သို့ပင် အလောင်းမင်းတရားက လည်း …”..စစ်တို့၏ သဘောမှာ အင်အားကြီးသည် ငယ်သည် ပဓာနမဟုတ်၊ သူရသတ္တိနှင့် စစ်ပရိယာယ် ကြွယ်၀မှုသာ ပဓာနဖြစ်သည်..” ဟူသော သဘောမျိုးကိုပင် မိန့်တော်မူခဲ့ပါတယ်။ ________________________ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်တစ်ခုစာလောက်ပဲ စိုးမိုးနိုင်တဲ့စိတ်ကူးစိတ်သန်းနှင့်ကြိုးစားအားထုတ်မှုရှိသူဟာ တိုင်းဒေသကြီး(သို့မဟုတ်)ပြည်နယ်အဆင့်လောက်ပဲ စိုးမိုးနိုင်မှာဖြစ်ပြီး  နိုင်ငံအဆင့်စိုးမိုးနိုင်ဖို့ဆိုရင်  နိုင်ငံအဆင့်စိုးမိုးနိုင်တဲ့စိတ်ကူးစိတ်သန်းနှင့်ကြိုးစားအားထုတ်မှု လိုအပ်မှာဖြစ်ပါတယ်။ ဒေသတွင်းနိုင်ငံတွေ နှင့် တကမ္ဘာလုံးကို စိုးမိုးနိုင်လိုလျှင် ၎င်းနဲ့ ထိုက်တန်ညီမျှတဲ့ စိတ်ကူးစိတ်သန်းနှင့်ကြိုးစားအားထုတ်မှု  ရှိရမှာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံ၏ ပထမအင်ပါယာနှင့်ဒုတိယအင်ပါယာ ကြားမှာ နှစ်ပေါင်း(၁၈၀) ကြာမြင့်ခဲ့ပြီး  ဒုတိယအင်ပါယာနှင့်တတိယအင်ပါယာကြားမှာ ( ၁ )နှစ်သာ ကြာမြင့်ခဲ့တယ်လို့သမိုင်းတွေက ဆိုပါတယ် ။ လက်ရှိရနေတဲ့အခွင့်အရေးဟာ နှစ် (၁၀၀) နေလို့  တစ်ခါလာခဲတဲ့အခွင့်အရေး ဖြစ်ပါတယ် ။ အခွင့်အရေးပေးနေတာတောင် ကိုယ်ကိုတိုင်က  အဖြစ...

ပြည်သူတစ်ယောက်ချင်းစီတိုင်းအတွက် ဒီမိုကရေစီသာ ပထမ

Image
နွေဦးတော်လှန်ရေးအောင်မြင်သွားတဲ့တနေ့ -  ပထမဆုံးမေးကို မေးရမည့်မေးခွန်းက  ပြည်သူတွေအတွက် ဘယ်လိုအဆင့်အတန်းဒီမိုကရေစီပေးမှာလဲဆိုတာပါပဲ ။ ဒီမိုကရေစီကလည်း အမျိုးမျိုးရှိတယ်မို့လား။အမေရိကန်ဒီမိုကရေစီပုံစံမျိုးပေးမှာလား ၊ အိန္ဒိယဒီမိုရေစီပုံစံမျိုးပေးမှာလား ၊ အနောက်ဥရောပဒီမိုကရေစီပုံစံမျိုးပေးမှာလားဆိုတာကို  ပြည်သူတွေဖက်ကတောင်းဆိုရမည့်အရာ ဖြစ်ပါတယ်။  သူတို့ခေါင်းဆောင်တွေအချင်းချင်း ညှိုနှိုင်းတာအဆင်ပြေပြီး ဖက်ဒရယ်ပြည်ထောင်စုပဲ လုပ်လုပ် ၊ ဖက်ဒရယ်တပ်မတော်ပဲ ဖွဲ့ဖွဲ့  ... Super Federal Union ပဲဖွဲ့ဖွဲ့ဗျာ...ကျုပ်တို့ပြည်သူတွေအတွက်  ဒီမိုကရေစီဘောင် ကျယ်ကျယ်ရဖို့ လိုကိုလိုပါတယ်။ဒီမိုကရေစီအပြည့်အဝမရဘဲ  တန်းတူညီမျှရေးဆိုတာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ပြည်သူတွေရဲ့ဒီမိုကရေစီဝေစုကတော့ တစ်ပြားမှ လျော့ပေးလို့  မရပါဘူး။ မမေ့ဖို့ ပြောပြတာပါ ... ( တော်လှန်ရေးကြီးအောင်မြင်သွားတဲ့အခါကျရင်  ဝေစုအသီးသီးခွဲဖို့ ခေါင်းဆောင်တွေပြုံတိုးကြအုံးမှာ ... ကြိုမြင်ယောင်နေလို့ 😁 ) myanmar society🇲🇲

ဗမာလူမျိုးကိုယ်စားပြုစစ်တပ် လိုအပ်သလား??

Image
ဗမာလူမျိုးကိုယ်စားပြုစစ်တပ်  ဖွဲ့စည်းမယ်ဆိုပြီး  စကားသံပစ်နေကြတာတွေ့တယ်။အဲ့သည်လို ရည်မှန်းချက်နဲ့သွားနေတဲ့အဖွဲ့တချို့လည်း တွေ့ရတယ်။ ဗမာလူမျိုးစုတွေကို  ကာကွယ်မည့်တပ်မရှိလို့  စစ်အာဏာရှင်တွေရဲ့ နှိပ်စက်မှုကို ခံနေရတာလို့ တချို့လည်း ပြောကြတယ်။ ယေဘုယသဘောအားဖြင့်  မှန်သလိုလိုရှိပေမဲ့  အဲ့ဒါဟာ မမှန်ပါဘူး။ အဓိကအားဖြင့်ကတော့  ပြည်သူတွေကို လိုင်စင်နဲ့လက်နက်ကိုင်ဆောင်ခွင့်မပေးတာရယ် ၊ ပြည်သူတွေကို စစ်ပညာသင်ခွင့်မပြုတာတွေကြောင့်  ခုလိုအနိုင်ကျင့်ခံနေရတာသာ ဖြစ်ပါတယ်။ စစ်တပ်မရှိတဲ့နိုင်ငံတွေ ကမ္ဘာမှာလည်း ရှိပါတယ်။အိမ်နီးချင်းဘေးရန်ကြောင့် လိုအပ်လို့  စစ်တပ်ဖွဲ့ရမည်ဆိုရင်  ၎င်းစစ်တပ်ဟာ နိုင်ငံတဝန်းလုံးက ပြည်သူတွေကို သစ္စာခံနေဖို့လိုပါတယ်။ပြည်နယ်တွေမှာ သူတို့ကိုယ်တိုင် တပ်တွေအသီးသီးရှိကြပေမဲ့  တပြည်လုံးကို သိမ်းပိုက်လို့ရလောက်သည်အထိ  အင်အားမရှိကြပါဘူး။ အဆုံးစွန်ဆုံးပြောရရင် သိမ်းပိုက်လို ရခဲ့သည်တိုင်  အစိုးရယန္တရားကြီးကို  မောင်းနှင်ဖို့ဆိုတာ( ၃၇ ) သန်းသော ဗမာလူထုဆန္ဒမပါဘဲ  ဘယ်လိုမှမဖြစ်နိုင်ပါဘူး။သို့ပေမဲ့ ဗမာလူမျိ...

ဖွံ့ဖြိုးတိုးတက်ခွင့်မရသော မြန်မာ

Image
တိမ်မြှုပ်သွားတဲ့ "တာတာအင်ပါယာ"အကြောင်းလေ့လာဖော်ထုတ်နေကြတဲ့ အနောက်ဥရောပကသုတေသီတွေဆွဲတဲ့"တာတာအင်ပါယာ"မြေပုံထဲမှာ မြန်မာနိုင်ငံပါနေတာတွေ့ရတာတော့ အတော်စိတ်ဝင်စားဖွယ်ကောင်းပါတယ်။ ဆက်စပ်ပြီးတွေးဖြစ်တာတွေတော့အများကြီးပါပဲ။အဲ့သည်လိုတွေးဖြစ်တာတွေထဲကမှ တချို့သောအချက်အလက်လေးတွေကို  စာဖတ်သူတွေကို နည်းနည်းလောက် ရေးပြပါရစေ ... Civilization တစ်ခုဖွံ့ဖြိုးတိုးတက်လာမှု ၊ အင်ပါယာတစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာမှုနောက်မှာ ကြီးမားတဲ့စိတ်ကူးစိတ်သန်းကောင်းတွေ မရှိဘဲ မဖြစ်နိုင်ပါဘူး။ကမ္ဘာ့နိုင်ငံတွေဟာ မြန်မာ့မြေကို လိုချင်နေရတဲ့အကြောင်းအရင်းကောင်းကောင်း ရှိကိုရှိပါတယ်။ နိုင်ငံတစ်ခုမှာ နိုင်ငံသားတွေ စည်းလုံးခြင်းမရှိ၊အချင်းများနေကြလို့  နိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှု မရှိဘဲ အသိပညာအရာမှာလည်း နုံချာရတယ်လို့  များသောအားဖြင့် အဲ့ဒီလိုပဲပေါ့ပေါ့ တွေးကောင်းတွေးနိုင်ပါတယ်။ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ပြည်တွင်းရေးပဋိပက္ခတွေ၊ဘာသာရေးအထိကရုန်းတွေ၊ပြည်တွင်းစစ်တွေ၊ဒေသတွင်းစစ်တွေ၊ကမ္ဘာစစ်တွေနဲ့လုံးခြာလည်ပြီး  ဆင်းရဲတွင်းနက်နေအောင်  ဖွံ့ဖြိုးတိုးတက်မှုရှိမလာအောင် အကြောင်းဖန်ဇာတ်သွင်းပြီး ထိန်းချ...

ရခိုင်အရေးအား တကျော့ပြန်မီးမွေးတော့မည်လား ??

Image
လက်တလော ထူးခြားတဲ့သတင်းတွေကတော့   ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပဋိပက္ခအသွင် ဖန်တီးသော လုပ်ရပ်များ ရှိလာနေကြောင်း ULA/AA က သတိပေးတယ်ဆိုပါတယ်။ဖြစ်စဥ်မှာ မူလတန်းကျောင်း မီးရှို့ခံရတာ ၊ ရိတ်သိမ်းပြီးသားစပါးတွေ မီးရှို့ခံရတာ ၊ ချွေလှေ့စက် မီးရှို့ခံရတာ ၊ ရခိုင်အမျိုးသမီးကို မူစလင်နှစ်ဦးက အဓမ္မပြုကျင့်ဖို့ ကြိုးစားတာတွေ စသည်ဖြင့် ပါဝင်နေတယ် ဆိုပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတကြီး ဒူဝါလရှီးလ ကနေ  AA ကို ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ထားခဲ့တာရှိလို့  AA ဟာ  အမျိုးသားညီညွတ်ရေးအစိုးရအပေါ် တိမ်းညွတ်သွားမှာစိုးလို့   လူမျိုးရေးပဋိပက္ခနဲ့ အလုပ်ရှုပ်အောင် အကြမ်းဖက်စစ်အုပ်စုဟာ တမင်ဖန်တီးနေသလား ယူဆစရာ ရှိပါတယ်။ နောက်တစ်ခုက အကြမ်းဖက်စစ်ကောင်စီ၏တပ်ဟာ ပါကစ္စတန်မှာ မိုင်းရှင်းလင်းရေးသင်တန်း( ၃ )လကြာ သွားပြီးတက်ရောက်မယ်ဆိုတဲ့သတင်း ဖြစ်ပါတယ် ။ရခိုင်ပြည်နယ်တွင်း AA က ထောင်ထားတဲ့မိုင်းတွေ ရှင်းလင်းဖို့လို့ ဆိုပါတယ်။  AA ထောင်ထားတဲ့မိုင်းတွေထက်  စစ်ကိုင်းနှင့်မကွေးမှာ  မိုင်းဒဏ်ကြောင့်  စစ်ကောင်စီတပ်တွေ အသေမျာ...

ရှုံးမဲ မဲလာနိုင်သော ကမ္ဘာ့/မြန်မာ့နိုင်ငံရေး

Image
အကြမ်းဖက်စစ်တပ်က အဆုံးစွန်ဆုံးထိ ရောက်အောင်သွားဖို့  ဆုံးဖြတ်ပြီးသားနေမှာပါ။ပြည်သူတွေ မွန်းကြပ်သည်ထက်ကြပ်အောင် လှုပ်မရသည်အထိ တဖြည်းဖြည်းချင်း ဆွဲချုပ်မှာပါပဲ။အဲ့ဒါကို ဘယ်လိုဖြည်ချမလဲ ၊ ဘယ်လိုဖောက်ထွက်မလဲ ကျနော်တို့ပြည်သူဖက်က စဥ်းစားဖို့လိုမယ် ထင်ပါတယ်။ စစ်ကောင်စီလက်ပါးစေတွေဟာ စစ်ကောင်စီခေါင်းဆောင်ကို ကာကွယ်နေတာထက် သူတို့ကိုသူတို့ ရှင်သန်အောင်ကာကွယ်နေရတဲ့အနေအထားကို ချဥ်းနင်းဝင်ရောက်လာနေပြီဖြစ်တာကို တွေ့ရတယ်။ မြို့ကြီးတွေပေါ်က စလိုက်တဲ့နွေဦးတော်လှန်ရေးဆန္ဒပြဆန့်ကျင်မှုဟာ   တောရွာဇနပုဒ်တွေအထိ ပြန့်နှံ့သွားပြီး ၎င်းဆန္ဒပြဆန့်ကျင်မှုဟာ လက်နက်ဆွဲကိုင်တော်လှန်ရေးအဖြစ်အသွင်ပြောင်းကာ တောရွာဇနပုဒ်တွေကတဆင့်  မြို့ကြီးတွေပေါ် တဖန်ပြန်တက်လာပြီး  အဆုံးသတ်သွားဖို့ ရှိတယ်လို့ မြင်မိပါတယ် ။ သူတို့ဖက်က ဘယ်လိုမှတောင့်မခံနိုင်တော့ဘဲ ရှုံးရိပ်ပြလာချိန်ရောက်လာတော့မှ  ဆွေးနွေးမယ် ဘာညာလုပ်ကောင်းလုပ်လာနိုင်ပါတယ်။အဲ့ဒီအချိန်ကျရင် ပြည်သူတွေဒီလောက်သေနေကြပြီ၊ဒုက္ခရောက်နေကြပြီ ခေါင်းဆောင်တွေဟာ အတ္တတွေလျော့ပြီး ဆွေးနွေးကြပါလို့  စစ်ကောင်စီထောက်ခံသူတွေရော၊တရုတ်နှင့်အာစီယ...

၂၀၂၄ မှာသမ္မတအဖြစ်ဆက်အရွေးခံမည်ဆိုသော MR. JOE

Image
ဂျိုးဘိုက်ဒန်ဟာ  ၂၀၂၄  မှာ သမ္မတအဖြစ် ထပ်မံအရွေးခံမယ်ဆိုပြီး  သူ့မဟာမိတ်တွေကို ပြောတဲ့အကြောင်း  အိမ်ဖြူတော်က အတည်ပြုပါတယ်။ အမေရိကန်နိုင်ငံရေးသမားတွေ အားပြိုင်မှုကြားမှာ အမေရိကန်ပြည်တွင်းရေးဟာ ဒီထက်ပိုဆိုးလာနိုင်စရာတွေ ဖြစ်လာမည့်သဘောရှိပါတယ်။ကမ္ဘာ့နိုင်ငံငယ်တွေလည်း  ဓါးစာခံအဖြစ် အသီးသီးထပ်ပေါ်လာဖို့  ရှိပါတယ်။ Greater China Plan - 2076 အရ  တရုတ်ပြည်ဟာ ဟောင်ကောင် ၊ တိုင်ဝမ်ကို  တရုတ်ပြည်မထဲ သွတ်သွင်းဖို့ကြိုးစားလာမှာဖြစ်တယ်လို့  ရေးဖူးတယ်။ဟောင်ကောင်ကတော့ သွပ်သွင်းပြီးသွားပြီ။တိုင်ဝမ်ပဲ ကျန်တယ်။တိုင်ဝမ်ကိုလည်း တရုတ်ပြည်မထဲ တချိန် သွပ်သွင်းမှာပါပဲ။ဘယ်အချိန်လဲဆိုတာတော့  မှန်းရခက်တယ်။ လက်တလောမှာ တရုတ်ပြည်ဟာ တိုင်ဝမ်ကို  စစ်ဆိုင်ဖို့ ပြင်နေတာလည်း တွေ့ရတယ်။ တိုင်ဝမ်ကို စစ်ဆိုင်ဖို့  ပြင်နေတာကို  တရုတ်ပြည်သူတွေကန့်ကွက်တာလည်း တွေ့နေရတယ်။သဘာဝကပ်ဘေး​ကြောင့် လှိမ့်ပိန့်နေအောင် ခံထားရတဲ့ပြည်သူတွေက စစ်ဖြစ်မယ်ဆိုတော့ ကန့်ကွက်ကြတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။တိုင်ဝမ်မှာ ဒီမိုကရက်တစ်အင်အားစုတွေက စီးထားတာဆိုတော့ တရုတ်ပြည်အနေနဲ့ အလွယ...

တို့ပြည်သူတွေ ဘာလုပ်ရမလဲ ??

Image
တောင့်ခံထားမယ် !! လက်ရှိကမ္ဘာရဲ့လက်တလောအခြေအနေအရ တရုတ်ပြည်နှင့် Deep State ရဲ့ လက်အောက်ကွန်ယက်တွေအကြမ်းဆုံးနည်းနဲ့ နိုင်ငံငယ်တွေကိုမွှေလိမ့်မည်ယူဆတယ်။လက်ရှိကမ္ဘာ့အရေးအခင်းကောက်ကြောင်းအား  ချင်ဆင်မိရသလောက်တော့ သူတို့တွေ  ဆုပ်စူးစားရူးအခြေနေရောက်နေပြီ ။အမျိုးသားညီညွတ်ရေးအစိုးရဖက်က ပါးပါးနပ်နပ်သတိဖြင့် သံခင်းတမန်ခင်းလုပ်တတ်ဖို့တော့ လိုမယ် မြင်မိတယ်။ သူတို့တွေဟာ အခြေနေမကောင်းလို့ မြန်မာပြည်သယံဇာတကိုရသမျှ ခွာချနေပြီ။ ခွာပလေ့စေအုံး ။ဒေါ်လာငွေကြေး ၊ အိမ်ခြံမြေတွေလုပ်လည်းပဲ ငွေကြေးစျေးကွက်မအောင်ရင် သယံဇာတလည်းဘောင်ဝင်ဖို့ မလွယ်ပါဘူး။ ဂျိုးဘိုင်ဒန်ဖက်က ရွှေစျေးတွေထိုးချပေးတယ်လို့ သတင်းဖတ်ရတယ်။ ဘာပဲကစားကစား လက်ရှိလူထုဖက်က ကိုဗစ်ကာကွယ်ဆေးကိစ္စ မငြိမ်သမျှ ကမ္ဘာ့ခရိုနီတွေဘာမှလုပ်မရဘူး မှန်းတယ်။ ကမ္ဘာ့လူထုတွေက တနေ့ထက်တနေ့၊တရက်ထက်တရက် တိုးတိုးပြီးလမ်းပေါ်ထွက်လာနေကြပြီ။ဒါကို ဖြေရှင်းဖို့ လက်ရှိကမ္ဘာတဝှမ်း ဒီမိုကရေစီအမည်ခံ အတုအယောင်အစိုးရတွေ ဘယ်လိုဖြေရှင်းမလဲ ?? အကြမ်းဖက်စစ်ကောင်စီကတော့ ဒီနိုင်ငံက သယံဇာတကို သူတို့အာဏာတည်မြဲရေးအတွက် တရုတ်ပြည် နှင့် Deep State ရဲ့ကွန်ယက်တွေကို အောက်စျ...

အပြီးသပ်လမ်းရှင်းခြင်း(တိုက်စစ်)

Image
ယခု Mission Q17 အရွေ့ခန့်မှန်းချက်အရ အာရှရဲ့ အဓိက Deep Stateရဲ့ မဟာမိတ်(တရုတ်ပြည်၊ထိုင်း)ကို ကမ္ဘာ့ပါဝါအရသော်လည်းကောင်း ၊ စီးပွားရေးအရသော်လည်းကောင်း ၊ ကမ္ဘာ့ငွေကြေးအရှုပ်ဇယား ဒေါ်လာအတုကိစ္စတွေပါ အပြင်းအထန်ဖိအားပေးလာလျှင် ငါ့တို့သည်လည်း ငါတို့နိုင်ငံအတွက် အင်အားကြီးနိုင်ငံများက အတင်းအကြပ်ဖိအားမပေးနိုင်ခင် ချက်ကောင်းကို အပီကိုင်ဖို့ကြိုးစားရမည်။ ဆိုလိုတာက အမျိုးသားညီညွတ်ရေးအစိုးရဟာ တရုတ်ပြည်က သံတမန်အရပဲခင်းခင်း ဘယ်လိုပဲလာလာ ဒီနိုင်ငံအတွက် အထောက်အပံ့မဖြစ်တဲ့တရုတ်ပြည်ကို ဒီနိုင်ငံအရေးအတွက်အပြတ်လုပ်သင့်တာလုပ်မှ အဆင်ပြေမည်လို့ယူဆထားပါတယ်။ တရုတ်ပြည်ဖက်ကလည်း သူ့နိုင်ငံအတွင်းQ17 Mission ယခုစတင်ချိန်တွင် မြန်မာဖက်ကလည်း တရုတ်ပြည်၏ ဖိအားကို လေသံပစ်ခွင့်တောင်မပေးဖို့လုပ်ထားရပါမည်။လက်ရှိ အာရှရုပ်လုံးအရ UNSC  နှင့် ASEAN တွင် တရုတ်ပြည်က အဓိကကြိုးဆွဲနေတာ တိတိကျကျမြင်ရပြီ။ နေရာတကာ အာရှရေးရာ တရုတ်ပြည်က ပါဝင်နေသည်။ထို့ကြောင့်လည်း တရုတ်ပြည်ကို အပြီးသပ်ကန့်သတ်ဖို့လိုပြီး တရုတ်ပြည်သည်မြန်မာကို ဝင်ရောက်ပတ်သက်မှု အငြင်းဆိုခံရလျှင် ထိုင်းနှင့်ကုလသမဂ္ဂကို ဆင့်ကဲအသုံးချဖို့သာရှိသည်။ ဒါကိုနားလည်ထာ...

မြန်မာ့နိုင်ငံရေးအကြပ်အတည်းနှင့်ဧည့်သည်တော်ကြီးများ

Image
  ၂၀၂၁ ခုနှစ် အောက်တိုဘာလကုန်မှာ ရုရှားနိုင်ငံမှ ဒုရေတပ်ဦးစီးချုပ်ဟာ မြန်မာကို လာရောက်ခဲ့ပါတယ်။ ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ကော်မတီဖွဲ့စည်းရန်နှင့် နှစ်နိုင်ငံဗဟိုဘဏ်များအကြား ကူးပေါင်းဆောင်ရွက်ဖို့ဆွေးနွေးတာတွေ ရှိတယ်လို့  သတင်းထုတ်ပြန်ချက်တွေအရ သိရပါတယ်။  အဓိကအားဖြင့်တော့ အင်ဒို - ပစ္စိဖိတ် မဟာမိတ်တွေကို တန်ပြန်ရေးအတွက် မြန်မာနဲ့ပူးပေါင်းဆောင်ရွက်ရေးကို အဓိကထားပြောဆိုခဲ့ကြတယ်။ ဒေါ်အောင်ဆန်းစုကြည်အစိုးရလက်ထက်ကတည်းက  အကြမ်းဖက်ခေါင်းဆောင်ဟာ ရုရှားစစ်ဖက်ဆိုင်ရာအစည်းအဝေးသွားတိုင်း အဲ့ဒီအင်ဒို - ပစ္စိဖိတ်စာတန်းကြီးကို စင်ပေါ်တက်ပြီး ဖတ်ပြလေ့ရှိတာ မိမိသတိထားမိပါတယ်။အာရှတိုက်ရဲ့ဟိုဖက်ခြမ်းမှာရှိတဲ့နိုင်ငံနှင့်ဒီဖက်ခြမ်းမှာရှိတဲ့နိုင်ငံ နှစ်ခုရဲ့ ရေကြောင်းလုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုဆိုတဲ့စိတ်ကူးကို  မိမိတော့ဖြင့် ပုံဖော်မရဘူး။ မိမိယူဆချက်အရတော့ တရုတ်ပြည်ကနောက်ရှိုနေပြီး  အမေရိကန်ကိုဟန့်ဖို့   ရုရှားပြည်နဲ့ဗန်းပြထားပုံရပါတယ်။တရုတ်ပြည်ရဲ့အကြံပေးချက်တွေကို အကြမ်းဖက်စစ်ကောင်စီက အကောင်အထည်ဖော်တာလို့ပဲ မြင်မိတယ်။ ၎င်းရက်ပိုင်းအတွင်းမ...

တက်စ်လာလျှပ်စစ်ကားနဲ့ အင်ဂျင်ကား ကွာခြားမှုများ

Image
တက်စ်လာလျှပ်စစ်ကားနဲ့ ပါတ်သက်ပြီး မြန်မာလို ရေးထားတာ မတွေ့သေးတဲ့အတွက် ပုံမှန်အင်ဂျင်ကားတွေနဲ့ ဘာကွာလဲသိချင်သူတွေ ရှိကြမယ်လို့ ထင်ပါတယ်။ ဆီဈေးတွေကြီးလို့ လျှပ်စစ်ကား ဝယ်ချင်သူများအတွက် စဥ်းစားလို့ ရအောင်ပါ။   ကွာတဲ့ အချက်တွေကတော့ တော်တော်များပါတယ်။ ကားထဲ ဝင်တာကစလို့ သော့/ရီမုတ်မလိုပဲ ဖုံးပါရုံနဲ့ ဝင်နိုင်မောင်းနိုင်ပါတယ်။ ဗဲလေးပါကင်(သို့) ကားဆေး/ ဘော်ဒီ/ဘီးဖာ စတာတွေအတွက်တော့ ခရက်ဒစ်ကဒ်အရွယ် ကီးကဒ်လေး ပေးထားလိုက်ပြီး ဘယ်လောက်အရှိန်ထက် ပိုမမောင်းရဆိုတာ ကိုယ့်ဖုံးထဲကနေ သတ်မှတ်ထားလို့ ရပါတယ်။ ကားသော့ချတာ၊ ဖွင့်တာ၊ အလိုအလျာက်ဝိုက်ပါ ချိန်တာ၊ အစရှိတဲ့ ကိစ္စအားလုံးကို ကားထဲက screen ပေါ်ကနေ လုပ်လို့ ရပါတယ်။ ဖုံးနဲ့ ဝင်လို့ရတော့ အပြင်ကို မိသားစု သွားကြရင် ကားဆီအရင် သွားချင်တဲ့လူက သော့ကိုင်ဆီက သော့တောင်းနေစရာ မလိုတော့ပဲ ကိုယ့်ဖုံးနဲ့ကိုယ် ဝင်သွားလို့ ရနေပါပြီ။  ကားစထွက်ရင်လည်း စက်နှိုးစရာ မလိုပါဘူး။ ဂီယာထိုးပြီး စထွက်ရုံပါပဲ။ လိုရာရောက်ပြီဆိုရင်လည်း စက်သတ်စရာ မလိုပါဘူး။ ပါခ့်နှိပ်လိုက်ပြီးရင် ရပါပြီ။ စက်သတ်စရာမလိုတဲ့အတွက် မှန်တင်/ချ/အေစီ/သီချင်း ဘာမှရပ်စရာ ပြန်စက်နှိုးစရာမလို...

ရွှေတြိဂံနှင့်ရွှေလခြမ်း[Golden Triangle & Golden Crescent]

Image
၂၀၂၁ ခုနှစ်ကာလအတွက် အာရှတိုက်ဖက်ခြမ်းမှာ နိုင်ငံရေးအကြီးအကျယ်လှုပ်ခတ်၊ ရိုက်ခတ်နေတဲ့နေရာ  နှစ်နေရာရှိပါတယ်။အဲ့ဒီနေရာတွေကတော့ မြန်မာနှင့်အာဖကန်နစ္စတန်တို့ပဲ ဖြစ်ပါတယ်။ ၎င်းနေရာများတွင် နိုင်ငံရေးလှုပ်ခတ်နေဖို့ လိုအပ်နေ၍လား ?? ဘယ်လိုအကျိုးအမြတ်အစွန်းတွေကြောင့် နိုင်ငံရေးလှုပ်ခတ်နေဖို့ လိုအပ်နေရတာလဲ ?? ပထဝီနိုင်ငံရေး အရေးပါမှုတစ်ခုအတွက်ပဲလား ?? ၂၀၂၁ ခုနှစ် ဖော်ဝါရီလ( ၁ )ရက်နေ့က စတင်ခဲ့တဲ့ မြန်မာ့အာဏာသိမ်းခံရမှုအား  အာစီယံ ၊ ကုလသမဂ္ဂ ၊ အမေရိကန်အစရှိသောနိုင်ငံကြီးများနှင့်ဥရောပသမဂ္ဂပါမကျန် တည့်ဆိုင်ဆွေးနွေး အဖြေရှာလုပ်ဆောင်နေပေမဲ့  ယနေ့အထိဖြေရှင်းနိုင်စွမ်း မရှိသေးပါ ။  ဘာကြောင့်လဲ ?? ကိုယ်ကျိုးစီးပွားရေးတွေ ဘယ်လောက်များဆက်စပ်နေသောကြောင့်  ပြဿနာဖြေရှင်းရေးမှာ ရှေ့မတက်နိုင်ဖြစ်နေကြရသလဲ ?? ကမ္ဘာ့နိုင်ငံခေါင်းဆောင်တွေကြား၊ကမ္ဘာ့အဖွဲ့အစည်းကြီးတွေကြားမှာ အဘယ်၍အဘယ်မျှထိ အဂတိတရားတွေ ထွန်းကားနေလည်းဆိုတာလည်း စဥ်းစားစရာ အချက်ဖြစ်လို့နေပါတယ်။ထိုနည်းတူစွာ ဘာကြောင့် အကြမ်းစစ်ကောင်စီဟာ ကမ္ဘာ့နိုင်ငံတွေရဲ့မျက်နှာသာပေးမှုကို ယခုလောက် ရရှိထားရသလဲဆိုတာ အရမ်းစိတ်ဝင်စားဖွယ်ရ...

ထန်တလန်မြို့အား မီးရှို့မှု၏နောက်ကွယ်

Image
အကြမ်းဖက်စစ်ကောင်စီဟာ အာစီယံထိပ်သီးဆွေးနွေးပွဲ တက်ခွင့်မရမှုနှင့်စစ်ကောင်စီထောက်တိုင်တွေ ဖြိုခွင်းခံရမှုတွေအပေါ်  သူ့၏ဖက်တော်သား အကြမ်းဖက်စစ်ကောင်စီထောက်ခံအားပေးသူတွေနှင့်ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေဟာ စိတ်ဓာတ်ကျဆင်းလာတာကို  အာရုံလွှဲဖို့  ချင်းပြည်နယ်၊ထန်တလန်ကို  မီးရှို့ဖျက်ဆီးအာရုံလွှဲတာ ဖြစ်တယ်လို့  ယေဘုယ သုံးသပ်လို့ရပါတယ် ။ သူ့ဖက်တော်သားတွေ သဘောခွေ့သွားအောင် ကြမ်းပြ၊ရမ်းပြတဲ့သဘောမျိုးပါ ။ ဆက်လက်လေ့လာကြည့်မယ်ဆိုရင်လည်း  အာစီယံထိပ်သီးဆွေးနွေးပွဲတက်ခွင့်မရသည့်နောက်ပိုင်း   ပျူစောထီးတွေကို စေခိုင်းပြီး  ချိတ်ပိတ်ခံထားရတဲ့ NLD ပါတီရုံးတွေအား ဗုံးဖောက်ခွဲခဲ့တာတွေအပြင်   တပ်မတော်ထောက်ခံရေးတွေပါ  လုပ်လာနေတာကို  တွေ့ရပါတယ်။၎င်းလုပ်ရပ်များဟာ အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံသူတွေရဲ့ကျဆင်းနေသောစိတ်ဓာတ်ကို  ပြန်ဆွဲတင်နေရတဲ့သဘောသက်ရောက်ပါတယ်။အာစီယံထိပ်သီးဆွေးနွေးပွဲတက်ရောက်ခွင့်မရခဲ့သည့်နောက်ပိုင်းမှ  ၎င်းကိစ္စများကို  ဖန်တီးခဲ့တာဖြစ်သည့်အတွက် သူ့၏ဖက်တော်သားတွေရဲ့ ကျဆင်းနေတဲ့စိတ်ဓာတ်ကို ...

ထူး၍ မခြားနားသော ပတ်ပျိုး

Image
အကြမ်းဖက်စစ်ကောင်စီဟာ အာစီယံရဲ့စေ့စပ်ဆွေးနွေးရေးလမ်းကြောင်းကို ငြင်းဆန်တဲ့လက္ခဏာတွေကြောင့် အာစီယံကနေ  NUG ကို ဆက်သွယ်ဖို့အသင့်ရှိတယ်ဆိုပြီး အသံလွှင့်လိုက်တာမှာ အကြမ်းဖက်စစ်ကောင်စီက NUG ကို မဆက်သွယ်ဖို့  အာစီယံကို သတိပေးပါသတဲ့ ။ အဲ့လိုသတိပေးတဲ့အကြောင်း ပေါက်ကြားမှု ဖြစ်ရတယ်ဆိုတော့ အကြမ်းဖက်စစ်ကောင်စီအဖို့ မချောင်ပါဘူး။ အာစီယံကလည်း သိက္ခာဆယ်အရွေ့တွေနဲ့ တုန့်ပြန်လိမ့်မယ် ယူဆမိတယ်။ တရုတ် ၊ ရုရှား ၊ အမေရိကန် ၊ ဥရောပ ၊ အာစီယံ ၊ ကုလသမဂ္ဂများဟာ မြန်မာ့နိုင်ငံရေးအကြောင်း  မသိလို့  ဝေဝေဝါးဝါးဖြစ်နေတယ်လို့  မထင်ကြပါနဲ့ ။ မြန်မာပြည်ထဲမှာ အပ်ကျတာကအစ သူတို့ သိပါတယ် ။ သူတို့ရဲ့ဂုဏ်သိက္ခာ ၊ ငွေကြေး ၊ နိုင်ငံရေး အကျိုးအမြတ်အတွက်  မြန်မာ့နိုင်ငံရေးကို လက်ရှောင်နေကြတာပါ ။ မြန်မာ့နိုင်ငံရေးမှာ ဘက်နှစ်ဘက် ရှိသလို ကမ္ဘာ့နိုင်ငံရေးမှာလည်း  ဘက်နှစ်ဘက် ရှိတာပါပဲ ။အားသာရာကို ခုန်ကူးမည့် ကြားနေတွေလည်း ရှိကြမှာပါပဲ။ NUG ၊ CRPH ၊ NUCC ခေါင်းဆောင်တွေဟာ အဲ့ဒါကိုသိပြီး  စောကြောနိုင်ဖို့လိုပါတယ် ။ အဲ့ဒီ ဘက်နှစ်ဖက်ကြားမှာ သိမ်သိမ်မွေ့မွေ့ကစားနိုင်ဖို့လိုပါတယ် ။ အဲ့ဒါဆိ...

အစိုးရတစ်ရပ်ဆိုတာ ......

Image
စက်တင်ဘာ ၇ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ၏  ပြည်သူ့ခံစစ်ကို တရားဝင်ကြေငြာလိုက်တာမှာ မလေးရှားက အာစီယံ၏ကျရှုံးမှုတစ်ခုအဖြစ်ပြောသွားခဲ့ပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရ၏ ပြည်သူ့ခုခံတွန်းလှန်စစ် ဘယ်လောက်အလုပ်ဖြစ်လဲ သူတို့စောင့်ကြည့် လေ့လာနေကြတယ် ။၎င်းကြေငြာချက်နှင့်ပြည်သူ့ခုခံတွန်းလှန်စစ်အပေါ်မူတည်ပြီး ကမ္ဘာ့နိုင်ငံတွေကလည်း  ကမ္ဘာ့နိုင်ငံရေးကို အလိုက်သင့်မျောပါနိုင်အောင် ပြောင်းလဲလာတာကို  တွေ့ရတယ်။ ဥရောပသမဂ္ဂက တချက်တွန်းလိုက်တာ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့အကြမ်းဖက်စစ်ကောင်စီကို ဖယ်ချန်ထားရမှာပေါ့ဆိုတဲ့အဆင့် ဖြစ်သွားတယ် ။သို့သော် အာစီယံရဲ့ ၂၀၂၁ အောက်တိုဘာ ၁၆ရက်နေ့ထုတ်ပြန်ချက်ဟာ ​ကျေနပ်စရာမကောင်းလှပါ။နိုင်ငံရေးပိုင်းက မဟုတ်သူတစ်ယောက် တက်ခွင့်ပေးမယ်ဆိုပြီး ကုလားဖန်တွေထိုးထားတာဖြစ်ပါတယ် ။ အာစီယံဟာ ဒီအချိုးပဲလာမယ်ဆိုတာ ကြိုမှန်းမိပါတယ်။ နိုင်ငံရေးပိုင်းက မဟုတ်သူတစ်ယောက်ကို မြန်မာနိုင်ငံကိုယ်စားတက်ခွင့်ပြုမယ်ဆိုရာဝယ်  ထိုသူဟာ တရုတ်ဖက်ယိမ်းမည့်သူလား ၊ အကြမ်းဖက်စစ်ကောင်စီဖက်ယိမ်းမည့်သူလားဆိုတာကလည်း မေးစရာ ရှိပါတယ် ။ ပြည်သူဖက်က မရပ်တည်နိုင်မည့်  နိုင်...

စစ်တပ် ရင်ဆိုင်နေရသည့် မကြုံစဖူး ခြိမ်းခြောက်မှုနှင့် မဟာဗျူဟာမြောက် လွှမ်းမိုးမှု ကျဆုံးခန်း

Image
အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာသိမ်းမှုကို ထိထိရောက်ရောက်လုပ်နိုင်ဖို့ သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြားအရပ်ဘက် ခေါင်းဆောင်တွေကို  ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ရက်နေ့မှာ ဖမ်းဆီးဖို့ အမိန့်ပေးခဲ့ပါတယ်။  သို့ပေမယ့် သူနဲ့သူ့နောက်လိုက်တွေအတွက် နောက်ဆက်တွဲ ဘာတွေဖြစ်လာမလဲဆိုတာကိုတော့ အာဏာသိမ်း စစ်ခေါင်းဆောင်တစ်ယောက် မတွေးမိခဲ့ပါဘူး။  အာဏာသိမ်းတာကို ဆန့်ကျင့်ခုခံမယ့်သူအချို့ ရှိမယ်ဆိုတာကိုတော့ သူကြိုတွေးပြီးသားလို့ သေသေချာချာပြောနိုင်ပါတယ်။ ဒါပေမဲ့ သူ့ရဲ့အရင်အာဏာရှင်ဟောင်း သန်းရွှေတောင် လုပ်နိုင်ရင် သူလည်းလုပ်နိုင်လိမ့်မယ် လို့ယုံကြည်ခဲ့ပုံပါပဲ။  သေချာပြောနိုင်တာက မင်းအောင်လှိုင်ဟာ လူတွေကို ရာဂဏန်းထက်ပိုပြီး ဖမ်း စရာမလိုသလို၊ အချို့ကို ချုပ်နှောင်ညှဉ်းပန်းနှိပ်စက်တာမျိုး၊ လက်နက်နဲ့ထိန်းသိမ်းရတာ၊ ဆန္ဒပြသူတွေကို အနည်းအကျဥ်း ပစ်ခတ်တာလောက်၊ အာဏာ သိမ်းတာကို ဆန့်ကျင်တွန်းလှန်လူထုကို ထိန်းချုပ်ဖို့မြို့ကြီးတွေမှာ ဒါဇင်နဲ့ချီတဲ့တင့်ကားတွေ ချီတက်ပြရုံလောက်နဲ့သာ ပြီးသွားလိမ့်မယ်လို့ တွက် ချက်ခဲ့ပုံ ရပါတယ်။  အဲ့ဒ...

ဂျိုးဘိုက်ဒန်နှင့် ( ၈ )လတာ ခရီး...

Image
ဂျိုးဘိုက်ဒန်လက်ထက်ကျမှ တရုတ်ကိုမနိုင် ၊ အာစီယံလည်း ကြောက်ရ ၊ ကုလသမဂ္ဂလည်း ထိန်းမနိုင် ၊ ဥရောပနဲ့ မိတ်ပျက် ၊ ကိုဗစ်နဲ့လည်း အသေအပျောက်များနေပါပေါ့လား ။ ဒေါ်နယ်ထရန့်လက်ထက်မှာ ကိုဗစ်ကို ကိုင်တွယ်မှုညံ့ဖျင်းလို့  အမေရိကန်ပြည်သူတစ်သိန်းသေကြေခဲ့ရတယ်လို့  အပြစ်ဖို့ကြတဲ့ အမေရိကန် Main Stream Media တွေလည်း  ဂျိုးဘိုက်ဒန်လက်ထက်  လူ ( ၆ )သိန်းသေသွားတာကြတော့  ဖာသိဖာသာနေနေကြလေရဲ့ ။ သြော် .. နိုင်ငံရေးဆိုတာ လိုရင်တမျိုး ၊ မလိုရင်တမျိုးတွေ ထင်ပါရဲ့ ။ ဒေါ်နယ်ထရန့်ကို တောပြောတောင်ပြောရှောက်ပြောတဲ့အရူးကြီးလို့  သတ်မှတ်ထားကြရင်  ဂျိုးဘိုက်ဒန်ဟာလည်း သတိခဏခဏမေ့တတ်တဲ့ယောင်နနအဘိုးကြီးဖြစ်နေတာကိုလည်း လက်ခံပေးရမှာ ဖြစ်ပါတယ်။ အာဖကန်နစ္စတန်က တပ်ပြန်ဆုတ်တာတောင်  ချောချောမွေ့မွေ့မဆုတ်နိုင်ရှာဘူး။ ကုန်ကျစရိတ်များနေလို့ ၊ အချိန်လုံလောက်စွာပြန်လည်ထူထောင်ရေး လုပ်ပြီးခဲ့ပြီမို့  တပ်ပြန်ဆုတ်တာ လက်ခံပါတယ်။ သို့သော် တပ်ပြန်ဆုတ်တဲ့ဗျူဟာအမှားကြောင့် ဗုံးခွဲခံရလို့  အမေရိကန်စစ်သား ၁၃ ယောက်သေခဲ့ရတာတော့ အပြစ်ပြောစရာဖြစ်ပါတယ်။ အဲ့လိုဗုံးခွဲခံရတဲ့ကိစ္စအပေါ်...