Posts

တဘောင်များနှင့်နိုင်ငံရေးသပ်လျှိုမှု

Image
ဝေသာလီပြည်ကို ဖျက်ဖို့  ကြံစည်ရာမှာ  တဘောင်'လက်နက်ဟာ  အဓိကနေရာမှ ပါဝင်ပါတယ်။လူတွေကို ဝေဝါးအောင်၊ယုံမှားသံသယဖြစ်အောင်၊တွေဝေအောင်၊အဲ့သည်တဘောင်ဟာ အမှန်ဆိုတာ ယုံကြည်လာအောင်  ဆိုက်ဝါးထည့်တာမျိုးပါ။နောက်ကွယ်ကနေ  နိုင်ငံရေးအရ  ၎င်းတဘောင်​ဟောကိန်းဟာ တကယ်ဖြစ်လာတော့မဲ့ပုံစံမျိုး လူတွေယုံလာအောင်   ထောက်ပံ့ပေးရတာမျိုးတော့  ရှိတာပေါ့။ နဂါးကိစ္စကို  အစပြန်ကောက်ရရင်_____  "တပေါင်းစစ်ချီ  ဒေါင်းစစ်သည်" တဘောင်က စပါတယ်။ အဲ့သည်ထဲမှာ  "နဂါးတက်မင်း  ပြည်တော်ဆင်း တိုင်းပြည်သာယာ ဝပြောမယ်" ဆိုတာပါပါတယ်။နဂါးတက်မင်းဆိုတာ နဂါးအမည်ရပုဂ္ဂိုလ်အား ဆိုလိုတာလား၊ နဂါးတက်တူးတိုးထားသူလား...  နဂါးကိုနှိမ်နင်းပြီး  တက်လာမည့်မင်းလား ... ဘာမှရေရေရာရာ ပြောထားတာမျိုးလည်း  မရှိပါဘူး။ရှေးပဝေသဏီက  တဘောင်ကို  ချိန်ကိုက်  လော်ဘီလုပ်ပြီး  ထုတ်လာတာကလည်း  အတော်သံသယ ရှိစရာကောင်းပါတယ်။လူထုကို  စုစည်းအင်အားပြစေချင်လို့  လော်ဘီလုပ်ပြီး  ထုတ်လိုက်တာလားတော့လည်း  မပြောတတ်ဘူး။အဲ့သည်လို  ထုတ်လာတဲ့တဘေ...

ကမ္ဘာစစ်ကြီးများနှင့်သူတို့

Image
  ကမ္ဘာစစ်တွေကလည်း  ဥရောပနိုင်ငံတွေက  ဖြစ်လာတာဆိုတော့   ဥရောပဆိုတာ ဘာလဲဆိုတာက  စတင်ရမယ်ထင်ပါတယ်။ ဥရောပကို ယဥ်ကျေးမှုမတူတာကြောင့် တိုက်ကြီးအနေနဲ့ခွဲခြားတယ်လို့   အနောက်ဥရောပက ရွှေဉာဏ်ရှင်များက  ဆိုပါတယ်။အာရှတိုက်နဲ့  မြစ်ခြားခြားတယ်၊ပင်လယ်ခြားတယ် စသည်ဖြင့် အကြောင်းပြချက်တွေ  ပေးပါတယ်။ဥရောပအပါအဝင် အာရှတိုက်တစ်တိုက်လုံးကို ခြုံငုံတဲ့အခေါ်ကိုတော့  Euasia လို့  သတ်မှတ်ပါတယ်။ဒါကတော့  သူတို့ရဲ့ဖွံဖြိုးမှုက ကမ္ဘာပတ်နေတော့   သူတို့ပြောသမျှပေါ့။ ဥရောပဆိုတာ  အာရှတိုက်၏အနောက်စွန်းနိုင်ငံများဟု  အဓိပ္ပာယ်ဖွင့်ဆိုမှ  အရှိတရားနဲ့ပိုနီးစပ်မယ် ထင်ပါတယ်။ [ အာရှအနောက်စွန်းနိုင်ငံများဟာ  ဥရောပသမဂ္ဂဆိုပြီး  အစုဖွဲ့ထားသလို  အာရှအရှေ့စွန်းနိုင်ငံများက အာစီယံဆိုပြီး  စုဖွဲ့ထားကြတာလည်း ဖြစ်ပါတယ်] _________________ ပထမကမ္ဘာစစ်တွင်  မဟာမိတ်နှစ်ဖွဲ့ကြားမှာ  စစ်ပွဲဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ Triple Entente  (ဗြိတိန်၊ ပြင်သစ်၊ရုရှား) ဗဟိုအင်အားစုများ (ဂျာမဏီ၊ အော်စထရို-ဟန်ဂေရီအင်ပ...

လူလှိုင်းစစ်ဆင်ရေး

Image
လွန်ခဲ့တဲ့ရက်အနည်းအတွင်း  အီတလီနိုင်ငံ  လန်ပီးဒူစာကျွန်းတွင် အာဖရိက ရွှေ့ပြောင်းနေထိုင်သူ အရေအတွက်ဟာ အီတလီနိုင်ငံသားများထက် တရားဝင်ကျော်လွန်သွားခဲ့ပြီဖြစ်ပါတယ်။နောက်ဆုံး သိရတဲ့အချက်အလက်အရ  ဒေသခံ ၆၀၀၀ သာရှိတဲ့ကျွန်းပေါ်ကို   ရောက်ရှိလာသည့်လှေစီးဒုက္ခသည်ဟာ  ၁၈၀၀၀  ကျော်သွားပြီဆိုပါတယ်။၎င်းကျွန်းဆီသို့   သင်္ဘောအစီးရေ   ရာချီစီးပြီး  ရောက်လာခဲ့တာ ဖြစ်ပါတယ်။ ကိုင်း ... လူအုပ်နဲ့ဝင်တိုးပြီး   ကျွန်းကို  တက်သိမ်းလိုက်တဲ့သဘောပဲ။ထိရဲရင်ထိကြည့်  လူ့အခွင့်အရေးနဲ့ ငြိသွားမယ် ၊ အကြမ်းနည်းသုံးပြီးဖိနှိပ်ရင်  နိုင်ငံတကာခုံရုံးတက်မယ် ၊ ကဲ ..မပိုင်လား😁  နိုင်ငံတစ်နိုင်ငံအား အစုလိုက်အပြုံလိုက်ကျူးကျော်ဝင်ရောက်မှုဟာ စစ်ပွဲတစ်ခုသာ ဖြစ်ပါတယ်။တိုင်းပြည်ကို ကာကွယ်ဖို့ ပျက်ကွက်တဲ့ အစိုးရဟာ နိုင်ငံတော် သစ္စာဖောက်မှု မြောက်ပါတယ်။ ဒီမိုကရေစီရဲ့သဘောသဘာဝက  အများသဘောမို့လား။အဲ့သည်တော့  သဘောထားများများရအောင်  များများမွေးပြီး  လူအုပ်နဲ့ဝင်တိုးတယ်လေ ၊ ဒီမိုကရေစီနိုင်ငံတွေ  ပက်လက်လန်ကုန်ရော။ဥ...

One World,One Government,One Policy

Image
ဘာပိုင်ဆိုင်မှုမှ  မရှိတဲ့ဘဝကြီးက  ပျော်စရာကောင်းမယ်လို့   သင်ယူဆပါသလား ?? ပိုင်ဆိုင်နိုင်ခွင့်ရှိရဲ့သားနဲ့   မပိုင်ဆိုင်ချင်လို့   မပိုင်ဆိုင်တာမျိုးကတော့  သင့်ကို  စိတ်ဆင်းရဲစေမှာ  မဟုတ်ပါဘူး။ ဥပမာ -   ကားတစ်စီးဝယ်နိုင်သည့်ဓနအင်အား သင့်မှာ  ရှိတယ် ၊  ဒါပေမဲ့  စက်ဘီးစီးရတာကို  သဘောကျလို့  ကား မဝယ်တာမျိုးက  သင့်ကို  စိတ်ဆင်းရဲစေလိမ့်မယ် မဟုတ်ပါဘူး။ Branded တွေ ဝယ်ဝတ်နိုင်တယ်  ရိုးရိုးရှင်းရှင်းပဲနေရတာ သဘောကျလို့  Branded တွေ  မဝယ်ဝတ်တာက  သင့်ကို  စိတ်ဆင်းရဲစေမှာ  မဟုတ်ပါဘူး။ ပိုင်ဆိုင်ချင်စိတ်ရှိရဲ့သားနဲ့   မပိုင်ဆိုင်ရရင်  လုံးဝမပျော်နိုင်တာ  သေချာပါတယ်။ ဥပမာ - ကားလိုချင်တယ်  မဝယ်နိုင်ဘူး၊အိမ်လိုချင်တယ်  မဝယ်နိုင်ဘူး ၊  လူတန်းစေ့နေချင်တယ် မနေနိုင်ဘူး ၊  အပန်းဖြေခရီးထွက်ချင်တယ် မထွက်နိုင်ဘူး။အဲ့ဒါမျိုးအခြေအနေဆိုရင်တော့  သင့်၏စိတ်က ပျော်ရွှင်နိုင်မှာ  မဟုတ်ပါဘူး။ Klaus Schwab ( Chairperson of the Wo...

စင်္ကြာဝတေးမင်းနေရာ လုပွဲ

Image
ကမ္ဘာကြီးကိုချုပ်ကိုင်ဖို့ ကြိုးစားရာမှာ_____ Deep State နည်းက တမျိုး အမေရိကန်နည်းက တမျိုး ဥရောပနည်းက တမျိုး စီလုပ်နည်းက တမျိုး အဘိုင်နည်းက  တမျိုး အဲ့သည်လို ခွဲခြားပြီးပြောရမယ်ထင်ပါတယ်။ အဘိုင်တို့ကိုလည်း အထင်မသေးလေနဲ့ ၊ အဘိုင်တို့က ပိရိတယ်နော် ၊ အတွင်းကြိတ်ကြံနေတာကြာပြီ ၊ လုပ်တာကတော့ ကြိတ်လုပ်နေကြတာပဲ 😁😁 ထိုင်ခုံပေါ်က ဘွားတော်က  ရှိတ်ဟာစီယာနာ၊ဒူးထောက်ထားတဲ့တစ်ယောက်က ဗြိတိန်ဝန်ကြီးချုပ် ၊ မိသားစုဓာတ်ပုံထဲကတစ်ယောက်က  အမေရိကန်သမ္မတ လုပ်မယ်ဟစ်ကြွေးနေသူ ၊  နောက်တစ်ယောက်က စင်္ကာပူသမ္မတ။ နောက် ( ၅ ) နှစ်မှာ အရှေ့အလယ်ပိုင်းဟာ  ဥရောပသစ်ဖြစ်လာမယ် မှန်းချက်ထုတ်နေတဲ့ဆော်ဒီမင်းသားပြောတာကလည်း  အရမ်းကြီး ယုတ္တိမတန်တာမျိုးတော့လည်း  မဟုတ်ပေဘူး။ လာမည့်အနှစ် ( ၃၀ )တွင်း  ကမ္ဘာ့ပြန်လည်ဆန်းသစ်ရေးဟာ အရှေ့အလယ်ပိုင်းမှာ  ဖြစ်ပေါ်မယ်လို့  သူက ပြောနေတာ။ " ဥရောပသစ်ဟာ အရှေ့အလယ်ပိုင်းဖြစ်လာမယ်လို့ ငါတော့ထင်တာပဲ။ လာမည့်ငါးနှစ်အတွင်း ဆော်ဒီအာရေဗျဘုရင်နိုင်ငံဟာ အရင်နဲ့မတူ လုံးဝကွဲပြားခြားနားမှာဖြစ်တယ်။ဘာရိန်းဟာလည်း  အရင်နဲ့မတူကွဲပြားခြားနားနေမယ...

ဗမာတွေ ပြုံးပြီး ကြည့်နေတယ်😊😊

Image
MRDA မစွံတော့လို့  BNRA အဖြစ်ပြောင်းလဲဖွဲ့စည်း အစွံထုတ်တာမျိုးလား 😁😁။အစွံထုတ်ရင်း တဖြည်းဖြည်းနဲ့အစွန်လည်း ရောက်သွားအုံးမယ်။ ၎င်းကိစ္စနဲ့စပ်လျင်းတဲ့  ဗီဒီယိုဖိုင်ကို "ဂါးကြီး"က  နောက်မှ  ထုတ်ပြန်မယ်ဆိုပဲ 🙄။အဲ့သည်တော့ BNRA ဆိုတာလည်း "ဂါးကြီး"ပဲပေါ့။ "အညာကံကြမ္မာ  အညာပြည်သူတွေဖန်တီးမယ်"ဆိုပြီး အသံကောင်း ဟစ်နေတာကတော့ အရမ်းပဲ။ကချင်နှင့်ကရင်လက်နက်ကိုင်အဖွဲ့တွေတောင်  အဲ့သည်လို  ပြောလာတာ  နှစ်( ၇၀ )ရှိပြီ။  ဘာလို့  သူများ IDEOLOGY ကို  ကူးချနေမှာလဲ။အဲ့သည်လို  ကိုယ်ပိုင် IDEOLOGY မထုတ်နိုင်သူတွေက  ဦးဆောင်ပြီး အညာရဲ့ကံကြမ္မာကို ပြောင်းလဲမလို့တဲ့။ကျန်တဲ့သူတွေတော့ မသိပေမဲ့  အညာသားဖြစ်တဲ့ငါကတော့  ရင်လေးမိတယ် ...😩 တော်လှန်ရေးလုပ်မည့် အညာသားတွေရေ ..   ငါတို့ပေးဆပ်လိုက်ရတဲ့အသက်တွေက လူမသိ သူမသိပေးဆပ်လိုက်ရတာမျိုး အဖြစ်မခံပါနဲ့ ၊ အမျိုးသားညီညွတ်ရေးအစိုးရ၏ကာကွယ်ရေးဝန်ကြီးဌာနအောက်သွားပြီး အမှုထမ်းကြ ၊ တော်လှန်ရေးလုပ်ရင်း ကျသွားရင်  သူရဲကောင်းစာရင်းသွင်းပေးခိုင်း ၊ သူရဲကောင်းဗိမာန်မှာ ကမ္ဗည်းထိုးခိုင်း...

ရှင်သန်ထမြောက်ခြင်း [ Great Awakening ]

Image
လက်ရှိကမ္ဘာ့နိုင်ငံရေးအကြပ်အတည်းက ဘာလဲ ?? လက်ရှိကမ္ဘာ့နိုင်ငံရေးအကြပ်အတည်းအား အနှစ်သာရအားဖြင့် နှလုံးသားနဲ့ကျယ်ကျယ်ပြန့်ပြန့်ခံစားကြည့်မယ်ဆိုခဲ့ရင်  ကမ္ဘာသူကမ္ဘာသားများ၏နိုးထရှင်သန်လာမှုကြောင့်ဖြစ်ပေါ်လာရသော အကြပ်အတည်းဟု အဓိပ္ပာယ်ဖွင့်ဆို၍ ရမည်ဖြစ်သည်။ထိုကဲ့သို့သော နိုးထရှင်သန်ခြင်းသက်၏သက်ရောက်မှုသည်  ကမ္ဘာ့နိုင်ငံတစ်ခုချင်းစီပေါ်   အနည်းနှင့်အများ သက်ရောက်မှု ကိုယ်စီ  ရှိနေတာလည်း  ဖြစ်ပါတယ်။ ရှင်သန်နိုးထခြင်းဆိုတာ  ဘာလဲ ?? ရှင်သန်နိုးထခြင်းဆိုသည်မှာကား   အသိမှား၊အတွေးအခေါ်မှား၊ဖန်တစ်ရာတေနေသောခေါက်ရိုးကျိုးရှင်သန်ခြင်းနှင့်အချုပ်အနှောင်များအား  ချိုးဖျက်၍  လွတ်မြောက်မှုအမှန်တရားအား ရှာဖွေခြင်းဖြစ်သည်။ မည်သည့်အရာတွေ ရှင်သန်နိုးထလာတာလဲ  ?? နိုင်ငံရေးအသိရှင်သန်နိုးထခြင်း ဖြစ်ပါတယ်။ နိုင်ငံရေးဟာ  တခြားသော အချုပ်အခြာအာဏာစိုးမိုးရေး ၊ ပညာရေး ၊  ကျန်းမာရေး ၊ ဘဏ္ဍာရေး ၊ ဥပဒေစိုးမိုးရေး ၊  လုံခြုံရေး  စသည့်ကဏ္ဍများစွာ၏ ခေါင်ချုပ်ဖြစ်သည့်အားလျော်စွာ နိုင်ငံရေးအသိရှင်သန်နိုးထခြင်းဟာ ကဏ္ဍများစွာအား ရှင်သန်နိ...

ဇာတ်အိမ်ပြောင်းမလား၊ဇာတ်ရုပ်ပြောင်းမလား??

Image
၂၀၂၃  ခုနှစ်  ဧပြီလ  ၂၀  ရက်နေ့ဝန်းကျင်မှာ  တရုတ်ပြည်မကြီးဟာ အရင်စစ်အာဏာရှင်ဟောင်းတွေနဲ့သွားတွေ့ခဲ့တယ်လို့  သတင်းထွက်ခဲ့သလို   မြောက်ပိုင်းအဖွဲ့တွေကိုလည်း  အပစ်အခတ်ရပ်စဲပြီး ငြိမ်းချမ်းရေးလုပ်ဖို့  ဖိအားပေးတာတွေ ရှိလာတယ်ဆိုတဲ့သတင်းတွေ  ထွက်လာခဲ့ပါတယ်။  ၎င်းသတင်းတွေအရဆိုရင်  စစ်ကောင်စီ၏နောက်ထွက်ဇာတ်ကောင်နဲ့  သွားချိတ်ဖို့  တရုတ်ပြည်မကြီးဟာ လမ်းကြိုခင်းချင်နေတာလားဆိုတာလည်း  စဥ်းစားစရာတော့  ရှိပါတယ်။ အရင့်အရင်  မြန်မာ့အာဏာသိမ်းခံရတာတွေ  ပြန်ရှု့မယ်ဆိုရင်  ရှေ့ထွက်ဇာတ်ကောင် ၊ နောက်ထွက်ဇာတ်ကောင်တွေနဲ့  စစ်ကောင်စီက အလုပ်ဖြစ်ခဲ့ကြတယ်ပေါ့။ အဲ့သည်တုန်းက  ကမ္ဘာ့အခြေအနေ ၊ လက်ရှိကမ္ဘာ့အခြေအနေက သိပ်တော့ မတူလှဘူး။နောက်တစ်ခု  ပြည်သူတွေရဲ့နိုင်ငံရေးအသိနှင့် နိုးကြားမှုက  အရင်ကထက် ပိုအင်အားကောင်းနေခဲ့တာပါ။ စစ်ကောင်စီခေါင်းဆောင်အပြောင်းအလဲ  ဖြစ်တော့မှာလားဆိုပြီးတော့  စဥ်းစားစရာရှိပေမဲ့လို့  ရှေ့ထွက်ဇာတ်ကောင်ရဲ့ဇာတ်ရုပ်က  နောက်ထွက်မည့်ဇာတ်ကောင်...

ကမ္ဘာ့အားပြိုင်မှုက ဘယ်ကိုရွေ့နေလဲ ??

Image
ဘိုင်ကြီးနှင့်အဖွဲ့ကို  ဘုရားလိုကိုးကွယ်နေတဲ့ခေါင်းကြီးတွေ  သိနိုင်ဖို့ရာ အာပေါက်မတတ်ပြောပြပေးနေတာဟာ  ကိုယ့်ပြည်သူတွေကို  ချစ်လွန်းလို့။သင်းတို့အပေါ် မေတ္တာတွေ ယိုဖိတ်နေတာတော့  မဟုတ်ဘူး ... DS နှင့်  ဘိုင်ကြီးတို့ဆိုတာ မကင်းရာ မကင်းကြောင်းတွေရယ်ပါ။လက်ရှိကမ္ဘာ့နိုင်ငံရေးဦးတည်ချက်လားရာက  ဘယ်ကိုသွားနေလည်းဆိုတော့  နောက်ကွယ်ကနေ  ကမ္ဘာ့နိုင်ငံရေးကို ဝင်ရောက်ချယ်လှယ်နေတဲ့ DS ကို ဖြိုချနေတာ။လက်ရှိကမ္ဘာ့နိုင်ငံရေးဟာ ဘာကြောင့်ရုန်းရင်းဆန်ခတ်ဖြစ်နေရသလဲဆိုရင်  အဲ့ဒါကြောင့်ပဲ။ ၎င်းကမ္ဘာ့အရေးအားပြိုင်မှုတွေကြားထဲမှာ  မြန်မာပြည်က မအလ'များဟာ  ကံကောင်းပြီး  ကင်းလွတ်ခွင့်ရနေသလို ဖြစ်နေတာပါပဲ။ကမ္ဘာလုံးဆိုင်ရာ အားပြိုင်မှုဖြစ်လို့  အသေးအဖွဲတွေ လှည့်မကြည့်နိုင်အားဘူး  ဖြစ်နေကြပါတယ်။တချို့တွေလည်း ဟိုဖက်ကူးရမလို  သည်ဖက်ကူးရမလိုနဲ့  ကြားလယ်မှာ  ကားကားကြီးတွေ ဖြစ်နေတာ  မြင်နေရပါတယ်။ ဒါဆိုရင် ... ရေတို၊ရေရှည်  ဘယ်လိုသွားမလဲ ?? ဘယ်ဖက်ကို  ပင်းမလဲ ?? ဘယ်သူနဲ့မိတ်ဖက်  ယူမလဲ ?? ဘယ်သူတွေကတော့ အပြ...

ဆင်ဆာများ၏လက်သည်

Image
အမေရိကန်အစိုးရဟာ  ၂၀၂၀ ခုနှစ်ကတည်းကစတင်ပြီး "သတင်းမှား" (သို့မဟုတ်) "မဟုတ်မမှန်သောသတင်းများ" ( သို့မဟုတ် ) "မဟုတ်မမှန်သောရေးသားချက်များ" ဟုခေါ်သောအကြောင်းပြချက်ဖြင့်ဆင်ဆာဖြတ်တောက်ခြင်းပြုလုပ်ရန်  ဆင်ဆာဖြတ်ခြင်းဆိုင်ရာ စာချုပ်များ (သို့မဟုတ်) ထောက်ပံ့ကြေးပေါင်း ( ၅၀၀ ) ကျော် ပြုလုပ်ခဲ့ခြင်းအား ဖော်ထုတ်တွေ့ရှိရတယ်လို့ အလွတ်တန်းသတင်းထောက် မိုက်ကယ်ရှလန်းဘာဂါမှ ရေးသားပါတယ်။ မိုက်ကယ်ရှလန်းဘာဂါဆိုတာ  အီလွန်မက်၏ခွင့်ပြုချက်ဖြင့် တွစ်တာလျှို့ဝှက်ဖိုင်တွေကို  ကြည့်ရှု့ခွင့်ရသော third  party ထဲက တစ်ယောက် ဖြစ်ပါတယ်။  [ အမေရိကန်အစိုးရဆိုရာဝယ် .. ဒီနေရာမှာ ဒီမိုကရက်တွေနှင့်အပေါင်းအပါများအား ဆိုလိုတယ် ] စာဖတ်သူအနေနဲ့  တရုတ်ပြည်နဲ့ပက်သက်တဲ့အကြောင်းအရာ မန့်လို့/ရေးလို့/ဝေဖန်လို့ ၊ ဒီမိုကရက်နဲ့ပက်သက်တဲ့အကြောင်းအရာ မန့်လို့ /ရေးလို့/ဝေဖန်လို့ စသည်ဖြင့် ... စာဖတ်သူ၏အင်တာနက်အသုံးပြုခြင်းပေါ်မှာ  တခြားသောအထွေထွေဖိနှိပ်ခံနေရတာရဲ့ အဓိက လက်သည်ကြီးဟာ  ဘယ်သူလည်းဆိုတာ  ခုလောက်ဆို  သိရောပေါ့။ ဒါနဲ့စကားစပ်မိလို့  ပြောရအုံးမယ်.... တလောက လူမှုကွန်...

ထိုင်နေအကောင်း ထသွားမှကျိုးမှန်းသိ

Image
တရုတ်သမ္မတရှီကျင့်ပင်ဟာ ၂၀၂၃ ခုနှစ်၊မတ်လ ( ၂၀ ) ရက်၊တနင်္လာနေ့မှာပဲ ရုရှားနိုင်ငံ မော်စကိုမြို့ကိုရောက်ရှိသွားပြီး ရုရှားသမ္မတဗလာဒီမီယာပူတင်နဲ့ တွေ့ဆုံခဲ့ပါတယ်။(  ၃  )ရက်ကြာမည့် ခရီးစဥ်လို့  သိရပါတယ်။ စီစီပီဟာ  ရုရှား - ယူကရိန်းစစ်ပွဲအား ကြားကနေ ဖြန်ဖြေတာ   ရုရှားအကျိုးအတွက်လား ?? ( ပူတင်ဟာ   ရှီကျင်းပင်လိုအာဏာကို  ဆုပ်ကိုင်ထားသူတစ်ယောက်ပဲဟာ  အာဏာဆုပ်ကိုင်ထားသူချင်းအတူတူ  ရုရှားက နိုင်နေတာ ဘာသွားဖြန်ဖြေဖို့လိုမလဲ ၊ ထိုင်ကြည့်နေယုံပဲဟာ ၊  ရုရှား - ယူကရိန်း စစ်ဖြစ်တော့  တရုတ်အမယ်တွေ ပေါ်တင်မဟုတ်တောင်  လက်သိပ်ထိုး ရောင်းအားကောင်းခဲ့တာပဲ )    ယူကရိန်း၏အကျိုးအား လိုလားလို့လား ?? ( စီစီပီဟာ ဘယ်တုန်းကမှ  တခြားနိုင်ငံတစ်ခုရဲ့အကျိုးစီးပွားအား  လိုလားခဲ့တာ မဟုတ်ပါဘူး ၊ သူ့အကျိုးလို၍ ညောင်ရသွန်းတာမျိုးပဲ  လုပ်လေ့ ရှိပါတယ် ၊ ယူကရိန်းပြည်သူတွေ  ဘယ်လောက်သေကြေနေပါစေ  စီစီပီဟာ  အပြုံးပျက်လိမ့်မယ် မဟုတ်ပါဘူး )  ရုရှား - ယူကရိန်းစစ်ပွဲကြား  ဘာကြောင့် စီစီပီဟာ ကြားဝင် စေ့စပ်ဖ...

Trump အတွက် အချိန်နီးကပ်လာပြီ

Image
2024 🇺🇸 သမ္မတရွေးကောက်ပွဲမှာ  Trump ပြန်လည်အရွေးခံရဖို့များတယ် ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ပေါ်လာချိန်မှာ Trump ကို ထောင်ထဲထည့်မယ့် ခြေလှမ်းတစ်ခုကို New York ပြည်နယ် Manhattan မြို့ အစိုးရရှေ့နေရုံးက လှမ်းလိုက်ပါပြီ။  ရှေ့လာမည့် တစ်ပါတ်အတွင်းမှာ Trump ကို စွဲချက်တင်ဖို့ တရားရုံးကိုဆင့်ခေါ်ဖို့  FBI, အပါအဝင် လုံခြုံရေးအေဂျင်စီတွေနဲ့ စည်းဝေးတိုင်ပင်နေတယ်လို့သတင်းထွက်ပေါ်လာပါတယ်။ အမှုစတင်ဖြစ်တာက ၂၀၁၆ ရွေးကောက်ပွဲမတိုင်ခင်မှာ အပြာရုပ်ရှင် မင်းသမီး  Porn Star "Stormy Daniels" ဆိုသူက 2006 ခုနှစ်အတွင်းမှာ Trump နဲ့သူ အိပ်ဘူးကြောင်းသတင်းဌာနတစ်ခုကို ပြောကြားရာကနေ စတင်ခြင်းဖြစ်ပါတယ်။  Trump ကဒီသတင်းကို ငြင်းဆန်ခဲ့ပါတယ်။ ထုံးစံအတိုင်း သတင်းဌာနတွေက  ဒီသတင်းကို အလုအယက်ဖော်ပြကြပါတယ်။  ဒါကို Trump ရဲ့ရှေ့နေတစ်ဦးဖြစ်တဲ့ Michael Cohen ဆိုသူက အဲဒီ ပွန်းစတားကို   $130,000 နှုတ်ပိတ်ခအဖြစ်ပေးပြီး သတင်းဌာနတွေနဲ့ဆက်လက်အင်တာဗျူးတွေမလုပ်ဖို့ သဘောတူညီမှုရယူခဲ့ပါတယ်။ ဒါပေမယ့် Trump သမ္မတဖြစ်ပြီး နောက် ၂ နှစ်အကြာ ၂၀၁၈ မှာ ပွန်းစတားက သူနဲ့သဘောတူခဲ့တဲ့ စါချု...

အမျိုးသားညီညွတ်ရေးအစိုးရ၏နိုင်ငံခြားရေးကဏ္ဍနှင့်ပြည်ပဆက်ဆံရေး တိုးတက်မှုအား စီစီပီမှ ထိန်းချုပ်၊ကြိုးဆွဲဖို့ ပြင်ဆင်နေ

Image
ပထမအချက် ။       ။ အမေရိကန်နှင့်ပူးပေါင်းဆောင်ရွက်မှုအကျိုးကို  တရုတ်ဝန်ကြီးချုပ်လီ က ပြောဆိုပါတယ်။ဝန်ကြီးချုပ်လီ၏ပြောဆိုချက်ကို ခွဲခြမ်းစိပ်ဖြာကြည့်မယ်ဆိုရင်  စီစီပီက ဒီမိုကရက်တွေကို ပူးပေါင်းလုပ်ဆောင်ဖို့ ဆော်သြတာမျိုးပါ။ခွဲခြမ်းစိပ်ဖြာကြည့်ရင်  အဲ့သည်လိုပဲ အဓိပ္ပာယ် ထွက်ပါတယ်။သူသုံးထားတဲ့ အမေရိကန်ဆိုတဲ့ဝေါဟာရဟာ " ဒီမိုကရက်တွေ" လို့  အဓိပ္ပာယ်ရမယ်ထင်ပါတယ်။ဘယ်လိုမှ ဟန်မဆောင်နိုင်တော့လို့  စီစီပီဖက်က ထုတ်ပြောလာရတာ ဖြစ်တယ်လို့  မှတ်ချက်ပေးလို့ရပါတယ်။ ဒုတိယအချက် ။        ။ အရှေ့တောင်အာရှများအသင်း ( အာစီယံ )ဟာ နိုင်ငံကြီးများ၏ မည်သည့်အားပြိုင်မှုကိုမဆို ကင်းကင်းရှင်းရှင်းနေထိုင်သင့်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ကျင်ဂန်းက သတိပေးတယ်ဆိုပါတယ်။  ၎င်း အချက် (  ၂  )ချက်ပေါင်းလိုက်ရင် မြန်မာ့အရေးနဲ့ပက်သက်လို့ ဖြစ်ပေါ်လာနိုင်စရာရှိတာကို ခုလိုတွေးဆလို့ရပါတယ် ... စီစီပီဟာ ဒီမိုကရက်တွေနဲ့ပေါင်းပြီး  အာစီယံအား  ဘေးဖယ်နေစေ၍ အမျိုးသားညီညွတ်ရေးအစိုးရ၏နိုင်ငံခြားရေးကဏ္ဍနှင့်ပြည်ပဆက်ဆံ...

နွားကုတ် လက်ကိုင် လုပ်နေဖို့မလို

Image
မြန်မာ့အရေးနဲ့ပက်သက်လို့   ဒီမိုကရက်တွေနဲ့ အလုပ်မဖြစ်ခဲ့ရင်  ရီပက်ဗလစ်ကန်တွေနဲ့  ဆွေးနွေးကြည့်စေချင်ပါတယ်။အောက်လွှတ်တော်ဥက္ကဌအသစ် " ကီဗင်မကာသီ"နဲ့ရော မိတ်ဆက်ဆွေးနွေးကြည့်ပြီးပြီလား။ မြန်မာ့အရေးအတွက်   ရေတို၊ရေရှည် ဆက်ဆံရေးအတွက်  အမေရိကန်  အောက်လွှတ်တော်၊အထက်လွှတ်တော် (  ၂  ) ရပ်လုံးနဲ့  ထိတွေ့မှု  ရှိထားခဲ့ရင် ပိုကောင်းမယ် မြင်ပါတယ်။ဒီမိုကရက်တွေနဲ့ရော  ရီပက်ဗလစ်ကန်တွနဲ့ပါ  ဆက်ဆံကြည့်ဖို့လိုပါတယ်။ဒီမိုကရက်တွေရဲ့နိုင်ငံရေး၊ရီပက်ဗလစ်ကန်တွေရဲ့နိုင်ငံရေး  ဘယ်လိုအထာရှိတယ်ဆိုတာ  အမျိုးသားညွတ်ရေးအစိုးရ၏ခေါင်းဆောင်များအနေနဲ့ သိပြီး ဖြစ်လောက်မှာပါ။(  ၂  ) ဖက်လုံးနဲ့ဆက်ဆံတဲ့အခါ ပါးပါးနပ်နပ် ဖြစ်ဖို့တော့လိုပါတယ်။ ယေဘုယအားဖြင့်  အမေရိကနှင့်ဥရောပလောက်သာ  လစ်ဘရယ်ဒီမိုကရေစီဝါဒက  ဖြစ်ထွန်းတာပါ။ ကျန်တဲ့ကမ္ဘာ့အစိပ်အပိုင်းတွေက  အမျိုးသားရေးဝါဒအခြေခံသော နိုင်ငံရေးစနစ်များသာ  ဖြစ်ကြပါတယ်။အဲ့သည် အမေရိကနှင့်ဥရောပမှာတောင်  အမျိုးသားရေးဝါဒီတွေ  ရှိပါသေးတယ်။ ကွန်ဆာဘေးတစ် (ရှေးရိ...

ရုရှား - ယူကရိန်းစစ်ပွဲ တစ်နှစ်ပြည့် အခြေအနေ

Image
ယူကရိန်း - ရုရှားစစ်ပွားကို  အမျိုးမျိုးဝေဖန်နေကြတာတွေ့ရပါတယ်။စစ်ကောင်စီအားကိုးနေတဲ့ ရုရှားပြိုရင်   စစ်ကောင်စီလည်း ပြိုပြီဆိုပြီး တွက်ဆကြသူတွေလည်း  ရှိပါတယ်။ တချို့တွေကျ  ရုရှားဟာ  အရှုံးကြီး  ရှုံးနေပြီတို့  ... အမျိုးမျိုးပေါ့လေ ဝေဖန်ရေးသားကြတာ တွေ့ရပါတယ်။စိတ်ခံစားချက်ကို  ပြောရ၊ရေးရရင်တော့  ကမ္ဘာပေါ်မှာ ရှိသမျှ အာဏာရှင်နိုင်ငံတွေ ပြုတ်သွားလေ  ကြိုက်လေပေါ့... သတိထားဖို့လိုတာက ... ဆိုကြပါစို့  ...  ရုရှား - ယူကရိန်း အပစ်အခတ်ရပ်စဲပြီး  ပြေလည်သွားခဲ့ကြတယ်ဆိုပါစို့ .. ၎င်းပုံစံကြီးကို  မြန်မာ့နွေဦးတော်လှန်ရေးပေါ်လာစွပ်ပြီး  သူတို့ပြေလည်သွားပြီး  မင်းတို့လည်း ပြေလည်အောင်ဆွေးနွေးကြတော့ဆိုတဲ့ ၂၀၀၈  ခြေဥအောက်  ပြန်လည်သွပ်သွင်းရေး အစီအမံကြီးလုပ်လာမှာကို  စိုးရတာပါ။ မြန်မာ့အရေးကို အာစီယံကလည်း ဘာဆက်လုပ်လို့ လုပ်ရမှန်းမသိ ၊ အမေရိကန်ကလည်း ဘာဆက်လုပ်ပေးရမှန်းမသိဖြစ်နေချိန်မှာ  တရုတ်က  ဟိုဖက်က ပုံစံကြီး ဒီဖက်လာထိုးထည့်မှာ စိုးရပါတယ်။ထိုကဲ့သို့သော ဖိအားမျိုးနှင့်အလားတူဖိအားမျိုးအ...

နွေဦးတော်လှန်ရေးသည် မှတ်ကျောက်လည်း ဖြစ်သည်

Image
တရုတ်နိုင်ငံခြားရေးဝန်ကြီးအသစ်က အာစီယံဘုံသဘောတူညီမှု မူ ( ၅ )ချက်ကို ထောက်ခံတဲ့ပေါ် အာစီယံက ကြိုဆိုစကားဆိုလိုက်ပြီး  တရုတ်အထူးသံက  မြောက်ပိုင်းလက်နက်ကိုင်အဖွဲ့တွေနဲ့တွေ့ပြီး   NUG ရဲ့အမေရိကန်မှာ ရုံးခန်းဖွင့်တဲ့ကိစ္စနဲ့ပက်သက်ပြီး ဆွေးနွေးခဲ့တယ်လို  သိရပါတယ်( KIO ကတော့  NUG ရုံးဖွင့်လှစ်တာကို  ဆွေးနွေးတာမျိုး မရှိခဲ့ဘူး၊လာရောက်မိတ်ဆက်တာလို့ ဆိုပါတယ်)။ NUG ရဲ့ပြောဆိုချက်ဟာ သံတမန်ရေးမဆန်ဘူးလို့လည်း  စီစီပီဖက်က ဆိုပါတယ်။တရုတ်ပြည်ဖက်ကရော ပြည်သူ့ကရွေးကောက်တင်မြှောက်ထားတဲ့  NUG အစိုးရကို  ဘာတွေများ သံတမန်ရေးဆန်ဆန်ပြောခဲ့ ၊ ကူညီခဲ့ဖူးလဲလို့  မေးခွန်းထုတ်စရာ  ရှိပါတယ်။ စီစီပီပြောပြောနေတဲ့ " မြန်မာ့အရေးဟာ ပြည်တွင်းရေးသာဖြစ်တယ်" ဆိုတာ ပြည်သူတွေ အားမသာခင်ထိသာ ဖြစ်ဖွယ်ရှိပါတယ်။ပြည်သူတွေ အားသာလာတာနဲ့ စီစီပီဟာ ဝင်စွက်ဖက်လာမည့်အရိပ်အရောင်တွေ တွေ့နေရပါတယ်။ အာစီယံဘုံသဘောတူညီမှု  မူ ( ၅  )ချက်ဆိုတာ  စီစီပီချပေးထားတဲ့ Guide Line သက်သက်သာ ဖြစ်ပါတယ်။လိုရင်းတိုရှင်းပြောရရင် တော်လှန်ရေးကြီး  ခုလိုမအူမလည်ဖြစ်နေအောင်...

အိမ်ဖြူတော်ထိပ်တန်းအရာရှိ အများအပြားဟာ ယခင်က Penn Biden Center တွင် လုပ်ကိုင်ခဲ့ဖူးသူများဖြစ်နေ

Image
အိမ်ဖြူတော်ထိပ်တန်းအရာရှိ အများအပြားဟာ  ယခင်က Penn Biden Center တွင်  လုပ်ကိုင်ခဲ့ဖူးပြီး  လက်ရှိအုပ်ချုပ်ရေးအရာရှိများကြားတွင် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ဟာလည်း အကြံပေးအဖွဲ့တွင်  ဘိုက်ဒန်အတွက် လုပ်ဆောင်ပေးခဲ့တာ ဖြစ်ပါတယ်။ ၎င်း Penn Biden Center ဆိုတာကတော့  အမျိုးအစားခွဲထားသော ထိပ်တန်းလျှို့ဝှက်စာရွက်စာတမ်းများကို  ရှာဖွေတွေ့ရှိခဲ့သည့် နေရာလည်း  ဖြစ်ပါတယ်။  West   Exec တွဲဖက်တည်ထောင်သူ  အန်တိုနီဗလစ်ကန်က   နိုင်ငံခြားရေးဝန်ကြီးဖြစ်လာဖို့  ၎င်း West Exec Firm ကို  ကျောခိုင်းခဲ့ရပါတယ်။ Teneo က  West  Exec နဲ့ဆက်စပ်တယ်။ Penn Biden Center က  စီစီပီအစိုးရထံကနေ  ဒေါ်လာ ၅၅ သန်း ကို ရံပုံငွေအဖြစ်လက်ခံခဲ့တာရှိသလို  ၊ West  Exec  ကတော့  အမေရိကန်တက္ကသိုလ်တွေနှင့် တရုတ်ပြည်ကြား စေ့စပ်လုပ်ကိုင်ခဲ့တာမျိုး ရှိခဲ့တယ်။အဲ့သည်လိုလုပ်နိုင်ဖို့  Teneo က ထောက်ပံ့ပေးခဲ့ပါတယ်။ အမေရိကန်ရဲ့ဥပဒေကြောင်းအရ  အသင်းအဖွဲ့တွေ၊ဖောင်ဒေးရှင်းအတွက် ငွေကြေးအစီရင်ခံရန်  လိုအပ်ပုံမရပါဘူး။အဲ...

တော်လှန်ရေး( ၂ )နှစ်ပြည့် စစ်ရေးအခြေအနေ

Image
မိမိတို့အနေနဲ့ စစ်ရေးနဲ့ပက်သက်လို့  သိပ်မသိသလို မကျွမ်းကျင်တာကြောင့် မရေးဖြစ်ခဲ့ပါဘူး။တော်လှန်ရေး (  ၂ )နှစ်ပြည့်မှာ ကိုယ်မြင်သလောက်၊နားလည်မိသလောက်လေး  ရေးပြရခြင်းဖြစ်ပါတယ်။လိုအပ်ချက်များရှိလျှင်   ဖြည့်ပြီးတွေးပေးစေလိုပါတယ်။ တော်လှန်ရေး အစောပိုင်းမှာ  ကချင်နှင့်ချင်းတို့  ဖက်ကို  စုပြုံကျရောက်နေတဲ့  စစ်ကောင်စီအင်အားဟာ   စစ်ကိုင်း ၊ မကွေးတို့မှာ  စစ်ရေးမြင့်တက်လာပြီး ကာလိုက်တာကြောင့်  စစ်ကိုင်းနှင့်မကွေးမှာ အရမ်းအထိနာသွားခဲ့ပေမဲ့လို့  ကချင်နှင့်ချင်းတို့ဖက်မှာ   စစ်ရေးဟာ သိသိသာသာလျော့ကျသွားတာကို  တွေ့ခဲ့ရပါတယ်။ ချင်းပြည်နယ်မှာဆိုရင်  ကျေးရွာပေါင်း (၈၈) ရွာ ရှိတာမှာ (၅၁)  ရွာထိ  စစ်အုပ်ချုပ်ရေးအောက်က  လွတ်မြောက်အောင်  လုပ်နေနိုင်ပြီလို့  တချို့သော သတင်းရင်းမြစ်က  ဆိုပါတယ်။ အရင်လို   စစ်ကောင်စီအင်အား  ထောင်ဂဏာန်းနဲ့  ကချင်နှင့်ချင်းဖက်ကို  စစ်ချီတာမျိုး  သိပ်မတွေ့ရတော့ဘူး။ စစ်ကိုင်းနှင့်မကွေးဖက်မှာ စစ်ရေး အရမ်းမြင့်တက်နေတာကို...

တော်လှန်ရေးများ၏ဥသျှောင်

Image
နွေဦးတော်လှန်ရေး  ကျရှုံးသွားခဲ့ရင်    ကရင့်တော်လှန်ရေး၊ကချင့်တော်လှန်ရေး၊ကရင်နီတော်လှန်ရေး၊ရှမ်းတော်လှန်ရေး၊ရခိုင့်တော်လှန်ရေး  ၊ချင်းတော်လှန်ရေး၊ဗမာ့တော်လှန်ရေး  စသည်ဖြင့်...    အမျိုးမျိုးသော ရှိသမျှတော်လှန်ရေးတွေ  အကုန်ပျက်သှဥ်းသွားဖို့သာ  ရှိပါတယ်...  နွေဦးတော်လှန်ရေးကျရှုံးသွားပြီးနောက်မှာ ပြည်သူလူထုက တော်လှန်ရေးဝေါဟာရပေါ်မှာ အယုံအကြည်မရှိနိုင်တော့လို့ပါပဲ ... တော်လှန်ရေးကို အနှစ်နှစ်ကာလက  လုပ်ခဲ့ပါတယ်ဆိုတဲ့ခေါင်းဆောင်တွေရော ၊ လက်ရှိတော်လှန်ရေးကြီးကို  ခေါင်းဆောင်နေကြပါတယ်ဆိုတဲ့သူတွေရော  စဥ်းစားကြဖို့  အင်မတန်ကောင်းလှပါတယ်။သမိုင်းကောင်းတွေရေးကြဖို့လည်း မေတ္တာရပ်ခံပါတယ်။သတ္တိရှိရှိ  ယုံယုံကြည်ကြည်  ရှေ့တိုးလုပ်ကြစေချင်ပါတယ်။ ဖက်ဒရယ်ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ဖက်ဒရယ်အာမီ   ဖြစ်လာဖို့ရာအတွက် ဥပဒေသတွေ  မရှိသေး/မပြည့်စုံသေးလို့၊အပေးအယူမမျှလို့၊ဘယ်ကစကိုင်လို့ကိုင်ရမှန်းမသိဖြစ်နေလို့   ဖြစ်နိုင်ဖို့ရာခက်ခဲနေရပါတယ်ဆိုတာမျိုးက ဆင်ခြေတစ်ခုထက် မပိုပါဘူး။ပထမဆုံးလိုအပ်ချက်က...